loading...

loading...

loading...

အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Ko John

လတ်တလော ရက်ပိုင်းအတွင်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာတဲ့ ဩစတြေးလျနိုင်ငံမှာ မရှိမဖြစ်မဟုတ်တဲ့ ဝန်ဆောင်မှုတွေနဲ့ နေရာတွေကို ပိတ်ထားတော့မယ်လို့ သိရပါတယ်။

ဘားဆိုင်များ၊ နိုက်ကလပ်များ၊ GYM များနဲ့ ဝတ်ပြုနေရာများကို ယနေ့ (မတ်လ ၂၃ ရက်) ဒေသစံတော်ချိန် နေ့လယ်မှစပြီး ပိတ်ထားမှာဖြစ်ပါတယ်။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကိုတော့ ပါဆယ်ရောင်းချတဲ့စနစ်ဖြင့် ပြောင်းလဲဖွင့်လှစ်ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပိတ်ပင်ကန့်သတ်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ဩစတြေးလျမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သိသာစွာ မြင့်တက်ခဲ့ပြီး ၁,၃၁၅ ဦးအထိ ရှိလာပါတယ်။


(Photo: Getty Images)

ဗိုင်းရပ်စ်ကြောင့် ဩစတြေးလျမှာ ၇ ဦး သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့အထိ ဆစ်ဒနီမြို့တည်ရှိရာ New South Wales (NSW) ပြည်နယ်ဟာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၅၃၃ ဦးရှိခဲ့ပါတယ်။ ထို့နေ့အထိ မဲလ်ဘုန်းမြို့တည်ရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ၂၉၆ ဦးနဲ့ ကွင်းစ်လန်းပြည်နယ်မှာ ၂၅၉ ဦး ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုထားပါတယ်။

ဩစတြေးလျအစိုးရက ထုတ်ပြန်လိုက်တဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်မှုတွေအရ စီးပွားရေးလုပ်ငန်း အများအပြား ပိတ်ထားမှာဖြစ်ပြီး စူပါမတ်ကက်များ၊ လောင်စာဆီဆိုင်များ၊ ဆေးဆိုင်များနဲ့ အိမ်အရောက်ပို့ဆောင်မှုလုပ်ငန်းတွေကိုတော့ ဆက်လက် ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။



(Photo: IG)


ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်က စာသင်ကျောင်းတွေကိုတော့ ဆက်လက် ဖွင့်ထားစေလိုပေမဲ့ မိဘများအနေနဲ့ ၎င်းတို့ရဲ့ကလေးတွေကို ကျောင်းမပို့ဘဲထားလိုပါက ထားနိုင်မယ်လို့ဆိုပါတယ်။ ဗစ်တိုးရီးယား အပါအဝင် ပြည်နယ်အချို့ကလည်း ကျောင်းများပိတ်ထားရန် လိုလားနေကြပါတယ်။ 

က

္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၆,၅၃၉ ဦးနဲ့ သေဆုံးသူ ၁၄,၃၆၅ ဦးအထိ ရှိလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က