မဲလ်ဘုန်းမြို့မှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။

ဩစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေစဥ် လူအများအပြားက ကြောက်လန့်တကြား ဝယ်ယူမှုတွေ ရှိလာခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ စူပါမတ်ကက်တွေက ဇွန် ၂၆ ရက်နေ့မှစပြီး အိမ်သာသုံးစက္ကူတွေကို အကန့်အသတ်ဖြင့်သာ သတ်မှတ်ရောင်းချနေပါတယ်။

(Photo: AFP)

စတိုးဆိုင်များသို့ လူတွေ အပြေးအလွှား သွားရောက်ဝယ်ယူမှုတွေ ရှိလာပြီးနောက် ထိုသို့ မဝယ်ကြရန်နဲ့ ရယ်စရာဖြစ်နေကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။ မဲလ်ဘုန်းမြို့မှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေခြင်းက နိုင်ငံရဲ့ ကပ်ရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့မှုကို ခြိမ်းခြောက်မှုမရှိကြောင်းလည်း ဝန်ကြီးချုပ်က ဆိုပါတယ်။



ဇွန် ၂၆ ရက် ထုတ်ပြန်မှုအရ မဲလ်ဘုန်းမြို့မှာ နောက်ထပ် ကူးစက်ခံရသူ ၃၀ ဦး တိုးလာခဲ့ပြီး ၁၀ ရက်ဆက်တိုက် ကူးစက်မှုအသစ် အရေအတွက် ဂဏန်းနှစ်လုံး ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ မဲလ်ဘုန်းမြို့နဲ့ ဗစ်တိုးရီးယားပြည်နယ် နေရာဒေသတွေမှာ လတ်တလော ရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဝန်ထမ်းတွေက ကူးစက်မှုအသစ်တွေ အဓိက တွေ့ရှိရတဲ့ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးနေရာ ၁၀ မှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မဲလ်ဘုန်းမှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို ကူညီရန်အတွက် ဩစတြေးလျစစ်သား ၂၀၀ ခန့်ကိုလည်း စေလွှတ်ထားတယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေး ပါဝင်ကူညီရန် ဩစတြေးလျစစ်ဘက်အမှုထမ်း စုစုပေါင်း ၁,၀၀၀ ကို စေလွှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဩစတြေးလျမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇,၅၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၄ ဦးရှိခဲ့ပြီး နယ်မြေအချို့ဟာ ဗိုင်းရပ်စ်ကင်းစင်ခဲ့ပြီလို့ သိရပါတယ်။ ဩစတြေးလျမှာ ကူးစက်မှုနဲ့ သေဆုံးမှုဟာ နှိုင်းယှဥ်မှုအရ အခြား နိုင်ငံတွေထက် များစွာနည်းပါးခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က