ကုန်လှောင်ရုံဆောက်လုပ်နေစဥ် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ယနေ့ (ဧပြီ ၂၉ ရက်) ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မီးလောင်မှုအတွင်း အခြား လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။ ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၅၀ အကွာရှိ အင်ချွန်းမြို့မှာ ကုန်လှောင်ရုံ ဆောက်လုပ်နေစဥ် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်နေဆဲ ကုန်လှောင်ရုံအဆောက်အအုံအတွင်း အလုပ်သမားများရှိနေခဲ့စဥ် မီးလောင်မှုဟာ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ခြင်း မရှိကြောင်း မီးသတ်ဌာနက ဆိုပါတယ်။



(Photo: AP)

ကုန်လှောင်ရုံ မြေအောက်ထပ်မှာ မီးလောင်လွယ်တဲ့ပစ္စည်းဖြင့် အလုပ်လုပ်ကိုင်နေကြစဥ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာမှ မီးစတင်လောင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကို မီးသတ်သမား ၃၃၅ ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၄၁၀ ဖြင့် ငြှိမ်းသတ်ခဲ့ကြပါတယ်။ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ငါးနာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က