ဧပြီလကုန်အထိ စာရင်းတွေအရ တိုကျိုမှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရှိခဲ့ပါတယ်။

တိုကျိုမြို့မှာ အသင့်ပြင်ဆင်ထားတဲ့ ဆေးရုံကုတင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ COVID-19 လူနာများနဲ့ ပြည့်နေပြီဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၀ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုက ဂျပန်မှာ COVID-19 နောက်ထပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ထင်ရှားစေခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီ ၂၈ ရက်နေ့အထိ တိုကျိုမြို့မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။



တိုကျိုမှာ COVID-19 လူနာတွေကို ဆေးရုံမှာ ကုသပေးနိုင်ရန် ကုတင် ၂,၀၀၀ ပြင်ဆင်ထားခဲ့ရာ လက်ရှိအချိန်ထိ ကုတင်အရေအတွက် ၉၁.၆ ရာခိုင်နှုန်းက ပြည့်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ တိုကျိုမြို့တော် အာဏာပိုင်အဖွဲ့ကတော့ COVID-19 လူနာ ၄,၀၀၀ အတွက် ကုတင်များ တိုးမြှင့်ပြင်ဆင်သွားရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"ဗိုင်းရပ်စ်က နောက်ထပ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိပါတယ်၊ လက်ရှိ ကုတင် ၂,၀၀၀ ကနေ ရည်ရွယ်ထားတဲ့ ကုတင်အရေအတွက်ကို အမြန်ဆုံး တိုးမြှင့်ပြင်ဆင်ဖို့ မဖြစ်နေ လိုအပ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာ တာဝန်ရှိသူက Reuters သတင်းဌာနကို ပြောပါတယ်။ လက်ရှိအချိန်အထိ တိုကျိုမြို့မှာ COVID-19 ကူးစက်ခံရသူ ၅,၀၀၀ စစ်ဆေးအတည်ပြုထားပြီး ထိုအရေအတွက်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာ ကူးစက်မှု ၁၆,၀၀၀ ဝန်းကျင်ရဲ့ သုံးပုံတစ်ပုံနီးပါးလည်း ဖြစ်နေခဲ့ကြောင်း NHK သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)

ဂျပန်တစ်နိုင်ငံလုံးမှာ ဧပြီ ၂၈ ရက်နေ့အထိ ဆေးရုံတက်နေရတဲ့ COVID-19 လူနာ ၅,၅၅၈ ဦးရှိကြောင်းနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆေးရုံကုတင် ၁၄,၄၈၆ လုံး ပြင်ဆင်ထားခဲ့ကြောင်းရာ လက်ရှိအချိန်အထိ ကုတင်အရေအတွက် ၃၈ ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်က ဖော်ပြထားပါတယ်။ ယနေ့ (မေ ၁၁ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ ဂျပန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆၀၇ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၉၀၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က