Ko John

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Addison မြို့မှာ အင်ဂျင်နှစ်လုံးတပ် ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုအတွင်း လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: YSSYguy/Wikimedia Commons)

အဆိုပါ လေယာဉ်ဟာ တနင်္ဂနွေနေ့ (ဇွန် ၃၀ ရက်) နေ့က ဒါးလက်စ်မြို့မြောက်ဘက် Addison လေဆိပ်ကနေ ပျံတက်သွားပြီးနောက် မကြာမီ ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ လေယာဉ်သိုလှောင်ရုံတစ်ခုပေါ်ကို ပျက်ခဲ့ကြောင်း Federal Aviation Administration (FAA) က ထုတ်ပြန်ပါတယ်။ လေယာဉ်ပျက်ခဲ့စဉ်မှာ လေယာဉ်သိုလှောင်ရုံအတွင်း လူရှိမနေခဲ့ဘူးလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: KXAN)

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ Beechcraft BE-350 King အမျိုးအစားဖြစ်ပြီး ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း National Transportation Safety Board (NTSB) အဖွဲ့က ပြောပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ NTSB က ထုတ်ဖော်ပြောခြင်းမရှိပါဘူး။

(Photo: AP)

"FAA က စုံစမ်းစစ်ဆေးပြီးရင် လေယာဉ်မှတ်ပုံတင်နံပါတ်ကို ထုတ်ပြန်ပါလိမ့်မယ်၊ FAA နဲ့ NTSB က လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေရဲ့ အမည်တွေကိုတော့ ထုတ်ပြန်မှာမဟုတ်ပါဘူး၊ အဲဒါကိုတော့ သင့်တော်တဲ့အချိန်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ပါလိမ့်မယ်" လို့ NTSB က ပြောထားပါတယ်။

ယခုဖြစ်ရပ်ဟာ ၁၉၉၁ ခုနှစ်က တက္ကဆက်ပြည်နယ် Eagle Lake မြို့အနီး လူ ၁၄ ဦး သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုနောက်ပိုင်း အဆိုပါပြည်နယ်မှာ လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်မှုလည်းဖြစ်ကြောင်း NTSB အချက်အလက်တွေအရ သိရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က