ဓာတ်ခွဲခန်းမလိုအပ်ဘဲ COVID-19 စစ်ဆေးနိုင်တဲ့ စစ်ဆေးမှုစနစ် ဖြစ်ပါတယ်။

COVID-19 ကူးစက်ခံထားရခြင်းရှိ မရှိ တစ်နာရီကျော်အတွင်း သိနိုင်တဲ့ ဗြိတိန်နိုင်ငံမှ DnaNudge လို့ခေါ်တဲ့ စစ်ဆေးမှုဖြင့် စစ်ဆေးခဲ့ရာ အားလုံးနီးပါးရဲ့ အဖြေများ တိကျမှန်ကန်ခဲ့ကြောင်း Lancet ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆန်းစစ်သုံးသပ်ချက်က ဆိုပါတယ်။

(Photo: Imperial College London/PA)

ဓာတ်ခွဲခန်းမလိုအပ်ဘဲ COVID-19 စစ်ဆေးနိုင်တဲ့ ထိုစစ်ဆေးမှုဟာ မိနစ် ၉၀ အတွင်း အဖြေသိနိုင်ပြီး စက်တင်ဘာလအတွင်း ဗြိတိန် ကျန်းမာရေးဌာန (National Health Service - NHS) ဆေးရုံတွေမှာ အသုံးပြုနိုင်မယ်လို့ လွန်ခဲ့တဲ့ ၂ လခန့်မှာ သတင်းတွေက ဖော်ပြထားခဲ့ပါတယ်။



Imperial College London မှ ပါမောက္ခတစ်ဦး တီထွင်ဖန်တီးထားတဲ့ DNA (Deoxyribonucleic Acid) စစ်ဆေးမှုကို အခြေခံပြီး ပြုလုပ်ထားတဲ့ ဓာတ်ခွဲခန်းမလို COVID-19 အမြန်စစ်ဆေးကိရိယာ COVID Nudge ကို စမ်းသပ်မှုတွေ အောင်မြင်ခဲ့ပြီးနောက် လက်တွေ့အသုံးပြုနိုင်ရန် Medicines and Healthcare Products Regulatory Agency (MHRA) က ဧပြီလကုန်မှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

(Infographic: The Lancet)

COVID Nudge ကိရိယာဖြင့် စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုကို The Lancet Microbe မှာ ဖော်ပြထားခဲ့ရာ COVID-19 ရှိသူတွေကို ၉၄.၄ ရာခိုင်နှုန်းအထိ မှန်ကန်စွာ အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။ COVID-19 မရှိသူတွေကိုတော့ ၁၀၀ ရာခိုင်နှုန်း အဖြေမှန်ကန်စွာ ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

COVID Nudge ဖြင့် စစ်ဆေးမှုအဖြေ မှန်ကန်တိကျမှုဟာ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးမှုနဲ့ နှိုင်းယှဥ်နိုင်ကြောင်း လေ့လာဆန်းစစ်မှုကို ဦးဆောင်ခဲ့တဲ့ Imperial College London ရဲ့ Department of Infectious Disease မှ ပါမောက္ခ Graham Cooke က ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က