CanSino က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ယခင်ကတည်းက လူတွေမှာ စမ်းသပ်မှုနေခဲ့ပါတယ်။

တရုတ်အခြေစိုက် CanSino Biologics Inc. နဲ့ ကနေဒါနိုင်ငံမှ သုတေသနကောင်စီ (National Research Council - NRC) တို့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးတစ်မျိုးကို ကနေဒါမှာ လူတွေနဲ့ စမ်းသပ်မှုများ လုပ်ဆောင်သွားနိုင်ကြောင်း သိရပါတယ်။

(Photo: Reuters)

CanSino က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ယခင်ကတည်းက လူတွေမှာ စမ်းသပ်မှုနေခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါ ကနေဒါနိုင်ငံမှာလည်း အလားတူ စမ်းသပ်မှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ NRC က ဆိုပါတယ်။ NRC က CanSino ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုကို မွန်ထရယ်မြို့ရှိ အစိုးရအဆောက်အအုံတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။



CanSino က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ကနေဒါမှာ လူတွေနဲ့ စမ်းသပ်ရန်အတွက် နိုင်ငံရဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း Health Canada ထံမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ ဆိုပါတယ်။ အစောပိုင်းကတည်းက လူတွေမှာ စမ်းသပ်နေခဲ့တဲ့ CanSino ရဲ့ COVID-19 ကာကွယ်ဆေး အလုပ်ဖြစ် မဖြစ်ကိုတော့ မသိနိုင်သေးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: EPA-EFE)

အကယ်၍ CanSino ရဲ့ ကာကွယ်ဆေးဟာ အလုပ်ဖြစ်ခဲ့ပါက CanSino နဲ့ NRC တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကနေဒါပြည်သူတွေ အဆိုပါ ကာကွယ်ဆေးရရှိရန် သေချာစေမယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ စမ်းသပ်ခြင်းဖြင့် Health Canada အနေနဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုကို ပိုမို သေချာစွာသိနိုင်ပြီး ပြည်တွင်းမှာ ထုတ်လုပ်ခြင်းဖြင့်လည်း ကာကွယ်ဆေးရရှိရန် သေချာစေနိုင်တယ်လို့ NRC က သုံးသပ်ထားပါတယ်။

လူတွေကို ကိုရိုနာဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတစ်ခုက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို အဆုံးသတ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။ သို့သော် ထိုသို့ ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေ့ရှိရေးနဲ့ လုံလောက်တဲ့ ဆေးအရေအတွက် ထုတ်လုပ်နိုင်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

(Photo: Reuters)

CanSino ရဲ့ COVID-19 ကာကွယ်ဆေးကို NRC မှာ ဖန်တီးထားတဲ့ ဆဲလ်တစ်မျိုးကို အသုံးပြုပြီး ထုတ်လုပ်ထားကြောင်း NRC က ပြောပါတယ်။ CanSino နဲ့ NRC တို့က ၂၀၁၃ ခုနှစ်ကတည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။ CanSino က အီဘိုလာ (Ebola) ရောဂါကာကွယ်ဆေး ထုတ်လုပ်ရာမှာလည်း အဆိုပါ ဆဲလ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က