အနည်းဆုံး ကားနှစ်စီးဟာ ကြီမားတဲ့ တံတားအပျက်အစီးအောက်မှာ လုံးဝကြေမွပျက်စီးနေခဲ့ပ

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်ကို တံတားတစ်စင်းပြိုကျခဲ့ရာ အပျက်အစီးများအောက်သို့ ကားများရောက်ရှိသွားခဲ့ပြီး လူသုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝနရှိသူတွေက ယနေ့ (အောက်တိုဘာ ၁၁ ရက်) ပြောပါတယ်။

ယမန်နေ့ (အောက်တိုဘာ ၁၀ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက် ၆၂ မိုင်အကွာရှိ Wuxi မြို့မှာ တံတားပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းဌာန CCTV က ဖော်ပြပါတယ်။



တံတားပြိုကျမှုဖြစ်ခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း အစိုးရသတင်းစာ People's Daily က Twitter မှာ ရေးသားထားပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ တံတားပေါ့်နေ ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ထားတဲ့ ထရပ်ကားများ ဖြတ်သန်းမောင်းနှင်မှုတွေကြောင့် ပြိုကျခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

(Photo: AFP)

ဒေသခံ Yangzi Evening News သတင်းစာက ဖော်ပြမှုအရ အရေးပေါ် လူနာတင်ကား ၁၀ စီးထက်မနည်း တံတားပြိုကျရာနေရာသို့ အလျင်အမြန်သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ အနည်းဆုံး ကားနှစ်စီးဟာ ကြီမားတဲ့ တံတားအပျက်အစီးအောက်မှာ လုံးဝကြေမွပျက်စီးနေခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ အောက်ဖက်ရှိ လမ်းမပေါ်မှာ ကားများ မောင်းနှင်သွားနေစဉ် ကြီးမားတဲ့ တံတားအစိတ်အပိုင်းက ရုတ်တရက် ပြိုကျလာခဲ့တာ တွေ့ရပါတယ်။ အခြား ဓာတ်ပုံတွေမှာလည်း ပြိုကျခဲ့တဲ့ တံတားအစိတ်အပိုင်းအောက်မှာ ရောက်နေတဲ့ကားတွေရဲ့ ခေါင်းပိုင်းနေရာ သို့မဟုတ် အရှေ့မီးလုံးတွေကိုသာ မြင်တွေ့ရပါတယ်။

CCTV သတင်းဌာနက Twitter မှာ ရေးသားထားမှုအရ တံတားပြိုကျမှုအတွင်း လက်ရှိအချိန်အထိ လူသေဆုံးဒဏ်ရာရကြောင်း မကြားသိရသေးဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ လမ်းမပေါ် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိနေပါတယ်။

ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း Guangdong ပြည်နယ် Foshan မြို့လယ်ရှိ မြေအောက်ရထားဘူတာရုံ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရေယိုစိမ့်မှုကြောင့် အဓိက လမ်းမကြီးတစ်ခု ကျွံကျမှုဖြစ်ပြီး လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က