ပြင်းအား ရစ်ချ်တာစကေး ၅.၀ ရှိခဲ့ကြောင်း တရုတ်အစိုးရ မြေငလျင်ဌာနက ထုတ်ပြန်ပါတယ်။
Ko John

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ငလျင်လှုပ်မှုကြောင့် လူလေးဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ယနေ့ (မေ ၁၉ ရက်) ပြောပါတယ်။

(Photo: screenshot from Weibo/ST)

တနင်္လာနေ့ (မေ ၁၈ ရက်) ညနှောင်းပိုင်းက Qiaojia ဒေသမှာ လှုပ်ခတ်ခဲ့ကြောင်း ယူနန်အစိုးရက ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ တင်ထားခဲ့တဲ့ ဗီဒီယိုတွေအရ စတိုးဆိုင်တစ်ဆိုင်မှာ ပစ္စည်းများပြုတ်ကျပြီး ဈေးဝယ်သူတွေက အကာအကွယ်ယူနေခဲ့ကြတာ တွေ့ရပါတယ်။ ထို့အတူ စာသင်ကျောင်းတွေမှာလည်း ကျောင်းသူ/သားတွေက ၎င်းတို့ရဲ့ စားပွဲခုံများအောက်မှာ ခေါင်းပေါ်ကို စာအုပ်များဖုံးအုပ်ပြီး ဝင်ပုန်းနေခဲ့ကြပါတယ်။

(Photo: Chen Xinbo/Xinhua via AP)

ငလျင်ဟာ လူဦးရေခြောက်သန်းကျော်ရှိတဲ့ Zhaotong မြို့အနီးမှာ လှုပ်ခတ်ခဲ့ပြီး ပြင်းအား ရစ်ချ်တာစကေး ၅.၀ ရှိခဲ့ကြောင်း တရုတ်အစိုးရ မြေငလျင်ဌာနက ထုတ်ပြန်ထားပါတယ်။ အမေရိကန်အခြေစိုက် ငလျင်စောင့်ကြည့်ဝက်ဘ်ဆိုက် USGS ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၅.၂ အဖြစ် ဖော်ပြထားခဲ့ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဒေသခံနယ်မြေ တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှာ စစ်သားများ အပါအဝင် ကယ်ဆယ်ရေးဝန်ထမ်း ၆၀၀ ခန့်ကို စေလွှတ်ထားကြောင်း ယူနန်ပြည်နယ်အစိုးရက ပြောပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံ ငလျင်များ ပုံမှန်လှုပ်လေ့ရှိပြီး အထူးသဖြင့် တောင်တန်းထူထပ်တဲ့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း နယ်မြေတွေမှာ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ယမန်နှစ်က စီချွမ်ပြည်နယ်မှာ ရစ်ချ်တာစကေး ၆.၀ ရှိ ငလျင်လှုပ်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး အခြား လူ ၂၀၀ နီးပါး ဒဏ်ရာရခဲ့ကာ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း စီချွမ်မှာ ရစ်ချ်တာစကေး ၇.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၈၇,၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


က္က