အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်စစ်တပ်က ၎င်းရဲ့ နျူကလီးယားထိပ်ဖူး အရေအတွက် ၂၀၀ ကျော်ကို ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ဆတိုးမြှင့်ပြီး ပဲ့ထိန်းဒုံးကျည်တွေမှာ တပ်ဆင်ကာ မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကနေ ပစ်လွှတ်နိုင်ရန် တွန်းအားပေးလုပ်ဆောင်နေကြောင်း စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာက ပြောထားပါတယ်။

(Photo: Kyodo)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) က အမေရိကန်နဲ့ နည်းပညာချင်းယှဥ်နိုင်ရန် ရည်ရွယ်နေမှုအပြင် ထိုင်ဝမ်ရဲ့ကိုယ်စား ကြားဝင်လာမယ့် အမေရိကန် အားထုတ်မှုမှန်သမျှကို ဟန့်တားရန် သို့မဟုတ် ပျက်ပြားစေရန် တုံ့ပြန်နိုင်မယ့် ပူးပေါင်းစစ်ဆင်ရေးတွေကိုလည်း အာရုံစိုက်ခဲ့တယ်လို့ ဆိုပါတယ်။



PLA ဟာ သင်္ဘောတည်ဆောက်ခြင်း၊ မြေပြင်အခြေစိုက် ပဲ့ထိန်းနဲ့ ခရုစ်ဒုံးကျည်များနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အပါအဝင် အမေရိကန်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍတွေမှာ တန်းတူဖြစ်နေခဲ့ပြီ သို့မဟုတ် သာလွန်နေခဲ့ပြီလို့ ပင်တဂွန်အစီရင်ခံစာက ပြောထားပါတယ်။

(Photo: Lan Hongguang/Xinhua)

ပင်တဂွန်က တရုတ်ရဲ့ နျူကလီယားလက်နက် ပိုင်ဆိုင်မှုအဖြစ် နျူကလီးယားထိပ်ဖူး ၂၀၀ ကျော်ရှိမယ်လို့ နှစ်ပတ်လည် အစီရင်ခံစာမှာ ပထမဆုံးအကြိမ် လူသိရှင်ကြား ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ပင်တဂွန်က ခန့်မှန်းမှုဟာ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေ ခန့်မှန်းထားတဲ့ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး အရေအတွက် ၃၀၀ သို့မဟုတ် ၃၀၀ ကျော်ထက် များစွာလျော့နည်းနေခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က ၎င်းရဲ့ အဆိုပါ နျူကလီးယားထိပ်ဖူး အရေအတွက်ဟာ ၁၀ နှစ်အတွင်း နှစ်ဆတိုးမြင့်လာမယ်လို့ ပင်တဂွန်က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံက နျူကလီးယားထိပ်ဖူးတွေကို ပဲ့ထိန်းဒုံးကျည်မှာတပ်ဆင်ပြီး မြေပြင်နဲ့ ရေပြင်မှ ပစ်လွှတ်နိုင်ကြောင်းနဲ့ ဝေဟင်ကနေ နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်ရန်လည်း လုပ်ဆောင်နေကြောင်း ပင်တဂွန်အစီရင်ခံစာက ပြောပါတယ်။

(Photo: AFP)

တရုတ်အစိုးရက ရာစုနှစ်လယ်ပိုင်းမှာ အမေရိကန်စစ်တပ် သို့မဟုတ် သို့မဟုတ် တရုတ်က ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားတဲ့ မည်သည့် အင်အားကြီးနိုင်ငံနဲ့မဆို စွမ်းရည်တူညီတဲ့ သို့မဟုတ် အချို့နေရာတွေမှာ စွမ်းရည်ပိုမိုသာလွန်တဲ့ စစ်တပ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်နေတယ်လို့ ပင်တဂွန်က ဆိုပါတယ်။

အကယ်၍ တရုတ်က ရည်မှန်းချက်အောင်မြင်ခဲ့ပြီး အမေရိကန်အနေနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက အမေရိကန် အမျိုးသားအကျိုးစီးပွားတွေနဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းအခြေခံ အမိန့်ကို အပြင်းအထန် ဂယက်ရိုက်လိမ့်မယ်လို့ ပင်တဂွန်အစီရင်ခံစာက သုံးသပ်ထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က