ဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဝူဟန်မြို့မှာ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: National Business Daily)

ဝူဟန်မြို့ (Wuhan) မှာ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၄ ဦး စစ်ဆေးတွေ့ရှိရပြီး ၁၁ ဦးဟာ ရောဂါပြင်းထန်တယ်လို့ ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားမှုကြောင့် စင်ကာပူနဲ့ ဟောင်ကောင်မှာ ထိုမြို့မှလာရောက်တဲ့ ခရီးသွားတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။



အဆိုပါ ဗိုင်းရပ်စ်ဟာ ၂၀၀၂-၀၃ ခုနှစ်က တရုတ်မှာ စတင်တွေ့ရှိရပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ ဖြစ်ပွားခဲ့ကာ လူ ၇၀၀ ကျော် သေဆုံးခဲ့တဲ့ တုပ်ကွေးကဲ့သို့ SARS ဗိုင်းရပ်စ်နဲ့ ဆက်နွယ်နိုင်ကြောင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အပြင်းအထန် ဖြစ်ပွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

(Photo: SCMP)

တရုတ်မှာ လတ်တလော တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုနှုန်းမြင့်မားနိုင်ကြောင်း ဆိုရှယ်မီဒီယာမှာ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဝူဟန်မြို့ ရဲတပ်ဖွဲ့က ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အတည်ပြုချက်မရှိဘဲ အင်တာနက်မှာ သတင်းမှားဖြန့်ဝေသူ ရှစ်ဦးကို အရေးယူခဲ့ကြောင်း သိရပါတယ်။

ဝူဟန်ကျန်းမာရေးကော်မရှင်က ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ယမန်နေ့မှာ ပြောပါတယ်။ ၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Map: BBC)

တရုတ်မှာ ၂၀၀၄ ခုနှစ် မေလမှစပြီး SARS ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကြေညာခဲ့ပါတယ်။ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့ဟာ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်မှာရှိပြီး ယန်ဇီမြစ်နဲ့ ဟန်မြစ်တို့က ပိုင်းခြားထားတဲ့ ကူးသန်းရောင်းဝယ်ရေးနေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အထိ စာရင်းတွေအရ ဝူဟန်မြို့မှာ လူဦးရေ ၁၁.၈ သန်း နေထိုင်ကြတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က