ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး လူကိုးဦး ပျောက်ဆုံးနေပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် ၄၂ ဦးအထိ မြင့်တက်လာကြောင်း အစိုးရသတင်းဌာနက CCTV က ဇူလိုင် ၂၉ ရက်မှာာ ပြောပါတယ်။

(Photo: Xinhua)

အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်) က Guizhou ပြည်နယ် Shuicheng ဒေသရှိ ကျေးရွာမှာ မြေပြိုကျမှုဖြစ်ပြီး နေအိမ် ၂၂ လုံးကို ဖုံးအုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ယနေ့အထိ မြေပြိုကျရာနေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်းနဲ့ လူကိုးဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် People's Daily သတင်းဌာနက ပြောပါတယ်။



CCTV သတင်းက ထုတ်လွှင့်မှုအရ ကယ်ဆယ်ရေးလုပ်သားတွေဟာ ထူထပ်ကြီးမားတဲ့ မြေကြီးပုံကိုဖြတ်ပြီး အသက်ရှင်ကျန်နေသူတွေကို ရှာဖွေရန်ကြိုးပမ်းနေမှုနဲ့ ပြိုကျထားတဲ့ တောင်ကုန်းကို မြေတူးစက်များသုံးပြီး ရှင်းလင်းနေတာ တွေ့ရပါတယ်။ မြေပြိုမှုအတွင်း သေဆုံးသူတွေအနက် ကလေးနှစ်ဦး၊ မိခင်နဲ့ နို့တိုက်အရွယ် ကလေးတစ်ဦးတို့လည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။

(Photo: AFP)

တရုတ်အစိုးရ သတင်းဌာနက Xinhua က ယမန်နေ့ (ဇူလိုင် ၂၇ ရက်) ညပိုင်းမှာ ပြောကြားခဲ့မှုအရ မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ လူ ၄၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရက မြေပြိုကျမှုဖြစ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄.၃၅ သန်း အသုံးပြုသွားရန် လျာထားကြောင်းနဲ့ မြေပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူတွေကို ပြန်လည်နေရာချထားရေးလည်း လုပ်ဆောင်သွားမယ်လို့ Xinhua က ပြောပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံရဲ့ ကျေးလက်နဲ့ တောင်တန်းထူထပ်ရာ နေရာဒေသတွေမှာ မြေပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားတတ်တဲ့ အန္တရာယ်ရှိနေပါတယ်။ အထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းပြီနောက်မှာ ဖြစ်ပွားလေ့ရှိကြောင်းနဲ့ ယခုနှစ်မှာ တရုတ်နိုင်ငံဟာ ရေကြီးမှုတွေလည်း တွေ့ကြုံနေခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းကလည်း ယခု မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့ Giuzhou ပြည်နယ်ရဲ့ နေရာနှစ်ခုမှာ မြေပြိုမှုတွေကြောင့် လူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က