ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွဆေးကို အစောဆုံးအဖြစ် လာမယ့် နိုဝင်ဘာလအတွင်း အများပြည်သူ အသုံးပြုရန် အဆင့်သင့်ဖြစ်နိုင်ကြောင်း တရုတ်အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centre for Disease Control and Prevention - CDC) က ပြောပါတယ်။

(Photo: Getty Images)

တရုတ်နိုင်ငံမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ကာကွယ်ဆေး လေးမျိုးရှိကြောင်းလည်း သိရပါတယ်။ ၎င်းတို့အနက်မှ အနည်းဆုံး သုံးမျိုးကို မရှိမဖြစ် လိုအပ်တဲ ဝန်ထမ်းတွေမှာ အရေးပေါ်သုံးအဖြစ် ဇူလိုင်လမှစပြီး ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။



COVID-19 ကာကွယ်ဆေးကို တတိယအဆင့် (Phase 3) လူတွေမှာ စမ်းသပ်မှုတွေ အဆင်ပြေပြေဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်းနဲ့ နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှ အများပြည်သူသုံးအဖြစ် ထိုးနှံနိုင်ရန် အသင့်ဖြစ်နိုင်မယ်လို့ တရုတ် CDC အကြီးအကဲ ဇီဝဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူ Guizhn Wu က စက်တင်ဘာ ၁၄ ရက်နေ့မှာ အစိုးရ ရုပ်မြင်သံကြားသတင်းဌာနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောခဲ့ပါတယ်။

(Photo: AFP)

ကာကွယ်ဆေးစမ်းသပ်မှုမှာ သူမကိုယ်တိုင် ပြီးခဲတဲ့ ဧပြီလအတွင်း ပါဝင်စမ်းသပ်ခံခဲ့ခြင်းဖြစ်ပြီး လတ်တလော လပိုင်းအတွင်း ပုံမှန်မဟုတ်တဲ့ လက္ခဏာများ မတွေ့ကြုံခဲ့ရဘူးလို့ Guizhn Wu က ဆိုပါတယ်။ တရုတ်နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) နဲ့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ Sinovac Biotech ကုမ္ပဏီတို့က အစိုးရရဲ့ အရေးပေါ်သုံးအစီအစဥ်အောက်မှာ COVID-19 ကာကွယ်ဆေးသုံးမျိုးကို ထုတ်လုပ်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

တရုတ်ရဲ့ စတုတ္တမြောက် ကာကွယ်ဆေးကိုတော့ CanSino Biologics ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး အသုံးပြုရန် တရုတ်စစ်တပ်က ဇွန်လအတွင်း ခွင့်ပြုပေးခဲ့ပါတယ်။ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို Phase 3 စမ်းသပ်မှုများ ပြီးဆုံးအောင်မြင်ပြီးနောက် ယခုနှစ်ကုန်မှာ အများပြည်သူအတွက် အသုံးပြုနိုင်ရန် အဆင့်သင့်ဖြစ်မယ်လို့ တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီက ဇူလိုင်လအတွင်း ပြောထားခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ ယနေ့အထိ ကမ္ဘာ့လူဦးရေ ၂၉ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၉၃၀,၀၀၀ ကျော်ပြီဖြစ်ကာ ပြန်လည်သက်သာသူ အရေအတွက် ၂၁ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က