တရုတ်ပြည်မကြီးမှာ ဩဂုတ်လလယ်ပိုင်းမှစပြီး COVID-19 ပြည်တွင်းကူးစက်မှု မတွေ့ရှိရတော့ပါဘူး။

တရုတ်ပြည်မကြီးမှာ စက်တင်ဘာ ၁၇ ရက်နေ့က COVID-19 ကူးစက်ခံရသူ ၃၂ ဦး တိုးလာခဲ့ပြီး တစ်လကျော်အတွင်း နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး ဖြစ်လာကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၁၈ ရက်) ပြောပါတယ်။

(Photo: Reuters)

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကူးစက်မှုအသစ် ၉ ဦး တွေ့ရှိခဲ့ရာမှာ သိသာစွာ မြင့်တက်လာမှုလည်း ဖြစ်ပါတယ်။ လက်ရှိ ကူးစက်မှုအသစ် မြင့်တက်လာမှုဟာ တရုတ်ပြည်မကြီးမှာ ယခုနှစ်အစောပိုင်းက ကူးစက်မှုများ အထွတ်အထိပ်ဖြစ်ခဲ့စဥ်ထက် များစွာလျော့နည်းခဲ့တာ ဖြစ်ပေမဲ့ ဩဂုတ် ၁၀ ရက်နောက်ပိုင်း တစ်ရက်အတွင်း အများဆုံးဖြစ်လာပါတယ်။



တရုတ်ပြည်မကြီးပြင်ပ ကမ္ဘာ့နေရာဒေသတွေမှာ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေရာ တရုတ်ကိုလာရောက်ကြတဲ့ နိုင်ငံရပ်ခြား ခရီးသွားများထံမှ COVID-19 ကူးစက်မှုအန္တရာယ် ရှိနေဆဲလို့ ဆိုပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ တွေ့ရှိရတဲ့ ကူးစက်မှုအားလုံးဟာ ပြည်ပမှဖြစ်ပြီး နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်မှာ ၁၃ ဦးနဲ့ ရှန်ဟိုင်းမှာ နောက်ထပ် ၁၂ ဦးဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ကျန်းမာရေးအာဏာပိုင်အဖွဲ့ National Health Commission (NHC) က သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

(Photo: China Daily/ChinaNews)

တရုတ်ပြည်မကြီးမှာ ဩဂုတ်လလယ်ပိုင်းမှစပြီး COVID-19 ပြည်တွင်းကူးစက်မှု မတွေ့ရှိရတော့ပါဘူး။ ရှန်ဟိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်မှုအရ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၂ ဦးအနက်မှ ၉ ဦးဟာ တရုတ်နိုင်ငံသားများဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ စက်တင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ရှန်ဟိုင်းအာဏာပိုင်တွေက တရုတ်နိုင်ငံသား ၉ ဦး စီးနင်းလိုက်ပါလာတဲ့ လေကြောင်းလိုင်းကို ထုတ်ဖော်ပြောခြင်း မရှိပေမဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ ရှန်ဟိုင်းနဲ့ မနီလာမြို့ကြား ပျံသန်းနေတဲ့ China Eastern လေကြောင်းလိုင်းခရီးစဥ်နှစ်ခုကို COVID-19 အန္တရာယ်ကြောင့် ရပ်ဆိုင်းထားတယ်လို့ ဖော်ပြပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံမှာ လေကြောင်းခရီးစဥ်တွေအနက် ခရီးစဥ်တစ်ခုမှာ လိုက်ပါလာတဲ့ ခရီးသည်များ COVID-19 ကူးစက်ခံရကြောင်း အတည်ပြုသိရှိခဲ့ပါက နိုင်ငံတကာခရီးစဥ် ပျံသန်းမှုများ ရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ NHC ရဲ့ ထုတ်ပြန်မှုအရ ရောဂါလက္ခဏာမပြသူ နောက်ထပ် ၂၀ ဦးကိုလည်း တွေ့ရှိခဲ့ရပေမဲ့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ထိုသို့ ရောဂါလက္ခဏာမပြသူတွေကို COVID-19 လူနာအဖြစ် တည်ပြု သတ်မှတ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှု စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်ပြည်မကြီးမှာ လက်ရှိအချိန်အထိ အတည်ပြုလူနာ ၈၅,၂၅၅ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က