ညစာစားသူတွေက ပေါင် ၂၆၀ တန် ဝိုင်နီကိုသာ မှာယူခဲ့ကြတာပါ။

မန်ချက်စတာမြို့မှ စားသောက်ဆိုင်တစ်ဆိုင်က ပုလင်းမှားပေးမိတာကြောင့် ကံကောင်းသွားတဲ့ ညစာစားသုံးသူတွေအတွက် တန်ဖိုးကြီး ပြင်သစ်ဝိုင်နီကို သောက်ခွင့်ကြုံခဲ့ကြတယ်လို့ ဆိုပါတယ်။

(ပေါင် ၄,၅၀၀ တန် ပြင်သစ်ဝိုင်နီ အမှတ်တံဆိပ်ကို တွေ့ရစဉ်) (Photo: Ian Shaw/Alamy Stock Photo)

စားသုံးသူတွေအနေနဲ့ ဈေးကြီးတဲ့ ၂၀၀၁ ခုနှစ်ထုတ် Chateau le Pin Pomerol ပြင်သစ်ဝိုင်နီကို သောက်ခဲ့ရလို့ ကျေနပ်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း Hawksmoor Manchester စားသောက်ဆိုင်က Twitter မှာ ရေးသားထားပါတယ်။



Hawksmoor Manchester မှာ ညစာစားသူအုပ်စုက ပေါင် ၂၆၀ တန် ပြင်သစ်ဝိုင်နီတစ်ပုလင်း မှာယူခဲ့ကြပေမဲ့ စားသောက်ဆိုင်က ပုလင်းမှားပြီး ၁၇ ဆ ဈေးပိုကြီးတဲ့ ပေါင် ၄,၅၀၀ (မြန်မာကျပ်ငွေ ၈၇ သိန်းကျော်) တန် ပြင်သစ်ဝိုင်နီကို ပေးခဲ့မိတာဖြစ်ပါတယ်။ ညစာစားသူတွေ တစ်ကယ်တမ်းမှာယူခဲ့တဲ့ ဝိုင်နီမှာ Chateau Pichon Longueville Contesse de Lalande ဖြစ်ပြီး ၂၀၀၁ ခုနှစ်ထုတ်ပင် ဖြစ်တယ်လို့သိရပါတယ်။

(Photo: Telegraph)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝိုင်ပုလင်းမှားပေးခဲ့မိတဲ့ စားသောက်ဆိုင်ဝန်ထမ်းကို တစ်ကြိမ်တစ်ခါ အမှားသာဖြစ်တဲ့အတွက် စိတ်မကောင်းမဖြစ်ရန် ပိုင်ရှင်တွေက စိတ်မကောင်းမဖြစ်ရန် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဝိုင်ပုလင်း မှားပေးမိကြောင်းကို စားသောက်ဆိုင်မန်နေဂျာက နောက်ပိုင်းမှသာ သိရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Hawksmoor Manchester စားသောက်ဆိုင်ပိုင်ရှင် ဝီလ်ဘက်ကတ်ရဲ့ အဆိုအရ အဆိုပါ ဆိုင်မန်နေဂျာဟာ နောက်ထပ် ဆိုင်ခွဲတစ်ခုမှဖြစ်ပြီး စားပွဲထိုးအမျိုးသမီးတစ်ဦးအတွက် ဝိုင်ပုလင်းကို ကူညီရှာဖွေပေးခဲ့ရာမှ ပုလင်းမှားယူမိခဲ့တယ်လို့ သိရပါတယ်။

(Twitter မှာတင်ထားသည့် ဝိုင်ပုလင်းနှစ်လုံးပုံ) (Photo: @HawksmoorMCR/Twitter)

Hawksmoor Manchester စားသောက်ဆိုင်က မှားယွင်းခဲ့တဲ့ ဝိုင်ပုလင်းနှစ်လုံးကို ဓာတ်ပုံရိုက်ပြီး THEY LOOK PRETTY SIMILAR OK?! လို့ စာညွန်းရေးသားကာ Twittter မှာ မေ ၁၆ ရက်နေ့က တင်ထားခဲ့တာ တွေ့ရပါတယ်။ ဝိုင်ပုလင်းမှားပြီးရခဲ့ကြတဲ့ ညစာစားသူ သုံးဦးအုပ်စုက ပေါင် ၄,၅၀၀ တန် ဝိုင်နီကို အကုန်သောက်ခဲ့ပေမဲ့ ထိုမျှတန်ဖိုးကြီးတဲ့ ဝိုင်နီဖြစ်ကြောင်း မသိခဲ့ကြဘူးလို့ BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က