ကားထဲမှာ ကိုယ့်ကိုယ်ကိုယ် မီးစရှို့ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: AFP)

တောင်ကိုရီးယားနဲ့ဂျပန်တို့ကြား ကုန်သွယ်ရေးနဲ့သံတမန်ရေး အငြင်းပွားမှုတွေ ပေါ်ပေါက်နေစဉ် ယနေ့ (ဇူလိုင် ၁၉ ရက်) ဂျပန်သံရုံးရှေ့မှာ ကိုယ့်ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၇၀ ကျော်အရွယ် တောင်ကိုရီးယားအမျိုးသားက ဆိုးလ်မြို့ရှိ ဂျပန်သံရုံး အဆောက်အအုံရှေ့မှာ ရပ်နားထားတဲ့ ၎င်းရဲ့ကားအတွင်း ကိုယ့်ကိုယ်ကိုယ် မီးစရှို့ပြီး ဆန္ဒပြခဲ့ပါတယ်။



ထို့နောက် မီးလောင်ဒဏ်ရာများရသွားတဲ့ အဆိုပါ အမျိုးသားကို ဆေးရုံမှာ ကုသပေးခဲ့ပေမဲ့ သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်ကိုရီးယားအမျိုးသားရဲ့ ကားအတွင်း ဂက်စ်ဘူးအသေးစား အလုံး ၂၀ ခန့်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ဒေသခံ မီဒီယာတစ်ခုရဲ့ ဖော်ပြမှုအရ အဆိုပါ အမျိုးသားရဲ့ ယောက္ခထီးဖြစ်သူဟာ ဂျပန်စစ်ကာလအတွင်း အတင်းအကျပ် အလုပ်စေခိုင်းခံရသူ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယခုရက်ပိုင်းအတွင်း တောင်ကိုရီးယားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်စီးပွားရေးလုပ်ငန်းတွေကို စစ်အတွင်း အတင်းအကျပ် အလုပ်စေခိုင်းခံရသူတွေအတွက် လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရ အနေနဲ့ မှန်ကန်တဲ့ ဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်ရန်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောခဲ့ပါတယ်။

(Photo: NY Times)

ဂျပန်အစိုးရက ယခုလအစောပိုင်းမှာ ချစ်ပ်နဲ့စမတ်ဖုန်း ထုတ်လုပ်ရေးမှာ အရေးပါတဲ့ ထုတ်ကုန်များ တောင်ကိုရီးယားသို့ တင်ပို့နေမှုကို ကန့်သတ်ကြောင်း ကြေညာထားပါတယ်။ ဂျပန်အစိုးရရဲ့ အဆိုပါ လုပ်ဆောင်ချက်က တောင်ကိုရီးယားအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း နည်းပညာထုတ်ကုန်လုပ်ငန်းတွေကို သက်ရောက်မှုဖြစ်နိုင်ကြောင်း နိုင်ငံတကာမှ စိုးရိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဂျပန်က ထိုသို့ကန့်သတ်လိုက်မှုကြောင့် နည်းပညာထုတ်ကုန် သုံးစွဲသူတွေအတွက် ဈေးနှုန်းမြင့်တက်ခြင်းတွေ ဖြစ်လာနိုင်မှုကိုလည်း စိုးရိမ်နေကြပါတယ်။ ဂျပန်နိုင်ငံက ၁၉၁၀ မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ရက်စက်ကြမ်းကြုတ်စွာ ကိုလိုနီပြု အုပ်ချုပ်ခဲ့တဲ့ ကိစ္စများနဲ့ဆက်နွယ်ပြီး တောင်ကိုရီးယားနဲ့ဂျပန်တို့ကြား ဆက်ဆံရေးကောင်းမွန်စေရန် ကာလရှည်ကြား အားထုတ်နေခဲ့ရကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က