အာဏာရညွန့်ပေါင်းအဖွဲ့မှ တတိယအကြီးဆုံးပါတီက ဥပဒေမူကြမ်း တင်သွင်းထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီတစ်ခုက နေအိမ်မှာ ကန့်သတ်အရေအတွက်ဖြင့် ဆေးခြောက်ပင်စိုက်ပျိုးခွင့်ပြုမယ့် ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

ထိုင်းမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ သုတေသနအတွက် ရည်ရွယ်သုံးစွဲမှုကို တရားဝင်ခွင့်ပြုခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ ယခု ဥပဒေကြမ်းကို တင်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိ မူးယစ်ဆေးဝါးဥပဒေအရ ဆေးခြောက်ကို အပန်းဖြေရန် သုံးစွဲသူများအား ဆေးခြောက် လက်ဝယ်ပိုင်ဆိုင်မှုအတွက် ၁၀ နှစ်အထိ ထောင်ဒဏ်နဲ့ များပြားတဲ့ ငွေဒဏ်များချမှတ်နိုင်ကြောင်း သိရပါတယ်။



အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း တတိယအကြီးဆုံးနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို တာဝန်ယူထားတဲ့ Bhumjaithai ပါတီမှ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးရဲ့ အဆိုအရ ယခုတင်သွင်းထားတဲ့ ဥပဒေကြမ်းအရ အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် ခြောက်ပင်အထိ စိုက်ပျိုးခွင့်ပြုမယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။

(Photo: Reuters)

"ဆေးဝါးအဖြစ်အသုံးပြုမှုအတွက် အခြေခံမူကတော့ ဆေးခြောက်ကို ဖျားနာမှုအတွက် အိမ်မှာဆောင်ထားနိုင်ပါတယ်၊ ဒါပေမဲ့ လမ်းပေါ်မှာတော့ မသောက်နဲ့ပေါ့ဗျာ" လို့ Bhumjaithai ပါတီမှ Supachai Jaisamut က Reuters ကို ပြောပါတယ်။ ထို့အတူ Bhumjaithai ပါတီက တင်သွင်းထားတဲ့ ဥပဒေကြမ်းအရ ဆေးဝါးအဖြစ် ရည်ရွယ်သုံးစွဲမှုအတွက် အဖွဲ့အစည်းတစ်ခုရဲ့ ကြီးကြပ်မှုဖြင့် လိုင်စင်ရသူတွေကိုလည်း ဆေးခြောက်ပင် ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ အဆိုပြုထားတဲ့ Plant-based Drug Institute ဟာ ဆေးခြောက်ဝယ်ယူမှု၊ ထုတ်ယူမှုနဲ့ တင်ပို့မှု လုပ်ဆောင်ရန် အခွင့်အာဏာရှိကြောင်း Supachai က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဆေးခြောက်ဥပဒေနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

အစိုးရအနေနဲ့ ယခုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းအတွက် လိုအပ်တဲ့ထောက်ခံမှုရရှိခဲ့ပါက လွှတ်တော်ပြန်လည်စတင်မယ့် နိုဝင်ဘာကုန်ပြီးနောက် ခြောက်လအတွင်း အတည်ပြုနိုင်ကြောင်းလည်း Supachai က ဆိုပါတယ်။ ဆေးခြောက်နဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းဟာ Bhumjaithai ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ပါတီက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ထိုင်းနိုင်ငံသားများ ဆေးခြောက်စိုက်ပျိုးခွင့်ပြုမယ်လို့ ပြောထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က