ထိုင်းအရှေ့မြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်မှာ တောင်ဆင်ရိုင်း ခြောက်ကောင် ရေတံခွန်ထဲသို့ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AFP /Thai News Pix/Panupong Changchai)

ဆင်အုပ်စုဟာ တစ်ကောင်နဲ့တစ်ကောင် ကယ်တင်ရန်ကြိုးပမ်းရင်း ရေတံခွန်ထဲကို ပြုတ်ကျခဲ့ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ခဲ့ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း Nakhon Ratchasia ခရိုင်ရှိ Haew Narok ရေတံခွန်မှာ ယနေ့ (အောက်တိုဘာ ၅ ရက်) ဖြစ်ပွားခဲ့တဲ့ မတော်တဆဖြစ်ရပ်မှ အခြား ဆင်နှစ်ကောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေတံခွန်ထဲသို့ ပြုတ်ကျသေဆုံးခဲ့တဲ့ ဆင်တွေအနက် သုံးနှစ်အရွယ် ဆင်ငယ်လေးတစ်ကောင်လည်း ပါဝင်ခဲ့ကြောင်း အမျိုးသားဥယျာဉ် အကြီးအကဲ Kanchit Srinoppawan က ဆိုပါတယ်။



(Photo: @EdwinWiek/Twitter)

အဆိုပါ မတော်တဆမှုဖြစ်ပြီးနောက် ရေတံခွန်ကို ယာယီပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ " ဒါက မတော်တဆမှုတစ်ခုပါ၊ ဒီလိုဖြစ်တာ မကြာခဏ မြင်တွေ့ဖူးပါတယ်" လို့ နိုင်ငံ့အရင်းအမြစ်များနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Varawut Silpa-archa က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ Wildlife Friends Foundation Thailand တည်ထောင်သူ Edwin Wiek ကလည်း အလားတူဖြစ်ရပ်မျိုး ၁၉၉၂ ခုနှစ်ကလည်း ယခု ရေတံခွန်မှာပင် ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

(Photo: Khao Yai National Park)

သစ်တောနဲ့ မြက်ခင်းပြင် အကျယ်အဝန်း ၇၇၂ စတုရန်းမိုင်ရှိတဲ့ Khao Yai အမျိုးသားဥယျာဉ်အတွင်း တောဆင်ရိုင်း အကောင်ရေ ၃၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားဥယျာဉ်မှာ ဆင်များအပြင် ဝက်ဝံ၊ မျောက်လွှဲကျော် အပါအဝင် တောရိုင်းတိရိစ္ဆာန်မျိုးစုံ ကျက်စားနေထိုင်ကြပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က