ထိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့မှာ ပျောက်ဆုံးသွားခဲ့ကြပါတယ်
Ko John

ထိုင်ဝမ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရောက်ရှိလာခဲ့ပြီးနောက် ထိုစဉ်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ ဗီယက်နမ်လူမျိုး ၁၅၂ ဦးကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။ ဗီယက်နမ်ခရီးသွား ၁၅၃ ဦးဟာ ထိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့ကို ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်တို့မှာ ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။

(Kaohsiung မြို့ မြင်ကွင်းတစ်ခု) (Photo: Getty Images)

၎င်းတို့အနက် တစ်ဦးကိုသာ ခြေရာခံမိပြီး ကျန်ရှိသူအားလုံးကို ထိုစဉ်ကတည်းက မတွေ့ရတော့ကြောင်း ထိုင်ဝမ်အစိုးရ တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) ပြောပါတယ်။ ဒေသခံမီဒီယာတွေကတော့ အဆိုပါ ဗီယက်နမ်လူမျိုးတွေဟာ ထိုင်ဝမ်မှာ တရားမဝင် အလုပ်လုပ်ကိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပုန်းရှောင်နေခဲ့ဖွယ်ရှိတယ်လို့ ဖော်ပြကြပါတယ်။



ထိုင်ဝမ်က ခရီးသွားကဏ္ဍတိုးတက်စေရန် ရည်ရွယ်ပြီး ဗီယက်နမ်အပါအဝင် အာရှနိုင်ငံမှ လာရောက်လည်ပတ်သူတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထးတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဗီဇာကင်းလွတ်ခွင့် စတင်ခဲ့ပြီးနောက် ယခုဖြစ်ရပ်ဟာ နိုင်ငံခြားခရီးသည်တွေ အများဆုံး ပျောက်ဆုံးနေမှုလည်း ဖြစ်လာကြောင်း AFP သတင်းက ပြောပါတယ်။

(Photo: AFP)

ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေးဌာနက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတယလို့ ပြောပါတယ်။ အကယ်၍ ဗီယက်နမ်လူမျိုးတွေဟာ တမင်တိမ်းရှောင်နေခဲ့ပြီး ၎င်းတို့ကို ဖမ်းမိခဲ့ပါက ဗီယက်နမ်သို့ပြန်လွှတ်ကာ ထိုင်ဝမ်ကိုလာရောက်ခွင့် သုံးနှစ်နဲ့ငါးနှစ်ကြားအကြာ ပိတ်ပင်ထားမှာဖြစ်ပါတယ်။

ဗီယက်နမ်လူမျိုး ခရီးသွားတွေ အများအပြား ပျောက်ဆုံးနေခဲ့ပြီးနောက်မှာတော့ ထိုင်ဝမ်အစိုးရက ဗီဇာစိစစ်မှုတွေ ပိုမိုတင်းကျပ်ထားလိုက်ကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်လူမျိုး ၁၅၂ ဦး ပျောက်ဆုံးသွားခဲ့တဲ့ Kaohsiung မြို့ဟာ လူဦးရေ ၂.၇ သန်း နေထိုင်လျက်ရှိတဲ့မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က