ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားပါတယ်။

ထိုင်ဝမ်ကို ယခုနှစ်အတွင်း ပထမဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မှာဖြစ်တာကြောင့် လူဦးရေထောင်နဲ့ချီပြီး ဘေးကင်းရာသို့ ယနေ့ (ဇူလိုင် ၁၇ ရက်) ရွှေ့ပြောင်းခဲ့ရပါတယ်။

(Photo: Sam Yeh/AFP)

မုန်တိုင်းအန္တရာယ်ရှိတာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး အာဏာပိုင်တွေက ရေကြီးမှုနဲ့ ပင်လယ်ရေလှိုင်းများ မြင့်တက်နိုင်မှု သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။



လက်ရှိမှာ တိုင်ဖွန်းမုန်တိုင်း ဒန်နက်စ် (Typhoon Danas) က အားအနည်းဆုံး တိုင်ဖွန်းမုန်တိုင်းအဖြစ် တိုက်ခတ်နေပြီး ကြာသပတေးနေ့ (ဇူလိုင် ၁၈ ရက်) နှောင်းပိုင်းမှာ ထိုင်ဝမ်အရှေ့ပိုင်း ယီလန် (Yilan) ကောင်တီကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပင်လယ်ပြင်မှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းဒန်နက်စ်ဟာ တစ်နာရီလျှင် ၁၁ မိုင်နှုန်းဖြင့် အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း ထိုင်ဝမ်မိုးလေဝသဌာနက ပြောပါတယ်။

(Map: Central Weather Bureau)

မုန်တိုင်းအန္တရာယ်ကြောင့် ထိုင်ဝမ်ရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ရှိ ကျွန်းတွေပေါ်မှ ကမ္ဘာလှည့်ခရီးသည် အများစုအပါအဝင် လူ ၂,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းခရီးစဉ် နှစ်ဒါဇင်နီးပါးနဲ့ ကူးတို့သင်္ဘော ဝန်ဆောင်မှုတွေကို ဖျက်သိမ်းထားပြီး ထိုင်းဝမ်စစ်တပ်ကို ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့နေရာတွေမှာ အကူအညီပေးရန် အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

(Photo: Sam Yeh/AFP)

ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့နဲ့ ဂျပန်နိုင်ငံတို့ကို နှစ်စဉ် ဒုတိယနှစ်ဝက်အတွင်း တိုင်ဖွန်းမုန်တိုင်းများ ပုံမှန် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း မိုရာကော့တ် (Typhoon Morakot) တိုက်ခတ်ခဲ့ရာ မြေပြိုမှုများကြောင့် အများစုအပါအဝင် လူ ၇၀၀ နီးပါး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က