ဖုန်းကုမ္ပဏီရဲ့ အခမဲ့ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ်ကို ရှစ်ရက်အတွင်း အကြိမ်ရေ ထောင်နဲ့ချီ ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖုန်းကုမ္ပဏီထံသို့ အကြိမ်‌ပေါင်း ၂၄,၀၀၀ ဖုန်းခေါ်ဆိုပြီး စွပ်စွဲတိုင်ကြားမှုပြုလုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ဖုန်းကုမ္ပဏီကို အကြိမ်ပေါင်း ၂၄၀၀၀ ဖုန်းခေါ်ဆိုခဲ့သည့် အကီတိုရှီ) (Photo: CEN)

အကီတိုရှီ အိုကာမိုတို အမည်ရှိ ထိုအဘိုးအိုဟာ KDDI ဖုန်းကုမ္ပဏီရဲ့ အခမဲ့ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ်ကို ရှစ်ရက်အတွင်း အကြိမ်ရေ ထောင်နဲ့ချီ ဆက်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ အကီတိုရှီကလည်း ဖုန်းကုမ္ပဏီဟာ ၎င်းရဲ့ သဘောတူစာချုပ်ကို ဖောက်ဖျက်ကြောင်း စွပ်စွဲထားတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီက ဒေသခံမီဒီယာကို ပြောကြားမှုအရ အကီတိုရှီဟာ ဖုန်းခေါ်ဆိုတိုင်ကြားမှုပေါင်း ၂၄,၀၀၀ ကို နှစ်နှစ်ခွဲအတွင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



(Photo: AFP/Jiji)

အကီတိုရှီကတော့ ဖုန်းကုမ္ပဏီကို အကြိမ်းပေါင်းများစွာ ဖုန်းခေါ်ဆိုပြီး နှောင့်ယှက်ခြင်းမဟုတ်ဘဲ ၎င်းဟာ ထိခိုက်နစ်နာရသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။ ၎င်းရဲ့ဖုန်းဟာ ရေဒီယိုအသံလွှင့်မှုတွေကို နားထောင်နိုင်ခြင်းမရှိတာကြောင့် KDDI က သဘောတူစာချုပ်ကို ဖောက်ဖျက်ကြောင်း အကီတိုရှီက စွပ်စွဲခဲ့တယ်လို့ ဂျပန်မီဒီယာက ဖော်ပြပါတယ်။

တိုကျိုရဲတပ်ဖွဲ့ရဲ့ အဆိုအရ အကီတိုရှီက ဖုန်းကုမ္ပဏီကို ဖုန်းခေါ်ဆိုစဥ်မှာ ဖုန်းလက်ခံဖြေကြားတဲ့ဌာနမှ ဝန်းထမ်းကို ဆဲဆိုခြင်း သို့မဟုတ် ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးကို ၎င်းထံသို့ လာရောက်တောင်းပန်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ တစ်ခါတစ်ရံမှာလည်း ဖုန်းလက်ခံဖြေကြားတဲ့ဌာနက ဖုန်းချလိုက်ပြီးနောက် အကီတိုရှီက ချက်ချင်း ဖုန်းထပ်ခေါ်ခဲ့တယ်လို့လည်း ကုမ္ပဏီပြောခွင့်ရအမျိုးသားက ပြောပါတယ်။

(Photo: Getty Images)

KDDI အနေနဲ့ ကနဦးမှာ အကီတိုရှီကို ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားရန် ဆန္ဒမရှိခဲ့ပေမဲ့ ၎င်းရဲ့ ဖုန်းခေါ်ဆိုမှုများဟာ မကြာခဏဖြစ်လာပြီး အခြား အသုံးပြုသူတွေနဲ့ ပြောဆိုနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အကီတိုရှီကို စီးပွားရေးလုပ်ငန်းအား လိမ်လည်လှည့်ဖျားကာ အနှောင့်အယှက်ပေးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောပါတယ်။ အဆိုပါ ပြစ်မှုဟာ ဂျပန်မှာ စီးပွားရေးလုပ်ငန်းတစ်ခု ပုံမှန်ဆောင်ရွက်နိုင်ခြင်းမရှိစေရန် လုပ်ဆောင်သူတွေကို တရားစွဲဆိုနိုင်တဲ့ ပြစ်မှုတစ်ခုဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က