ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ်မှာ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၂၅၀ ကျော်ကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။
(Photo: AFP)
(Photo: AFP)
သြဂုတ် ၁၉ ရက်နေ့က Sorong, Manokwari နဲ့ Jayapura အပါအဝင် မြို့တွေရဲ့ လမ်းမများပေါ်မှာ ပါပူအာဒေသခံ ထောင်ပေါင်းများစွာ ဆူပူအုံကြွ ဆန္ဒပြခဲ့ကြပါတယ်။ ထိုသို့ ဆူပူအုံကြွမှုများအတွင်း Sorong မြို့ရှိ အကျဉ်းထောင် မီးရှို့ခံရတယ်လို့ တရားစီရင်ရေးဌာန ပြောခွင့်ရအမျိုးသမီး Marlien Lande က ဆိုပါတယ်။
(Photo: AFP)
ယခင်က ဒတ်ချ်ကိုလိုနီဖြစ်ခဲ့တဲ့ ပါပူအာက ၁၉၆၁ ခုနှစ်မှာ ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ ၎င်းရဲ့ ပိုမိုကြီးမားတဲ့ အနောက်ပိုင်းနယ်မြေကို အင်ဒိုနီးရှားက ထိန်းချုပ်ခဲ့ပါတယ်။ ပါပူအာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ယနေ့အထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး အင်ဒိုနီးရှားအာဏာပိုင်တွေဟာ အဆိုပါပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။