မလေးရှားသမိုင်းတစ်လျှောက် ဘုရင်တစ်ပါးက ပထမဆုံးအကြိမ် ထီးနန်းစွန့်မှုဖြစ်ပါတယ်

မလေးရှားဘုရင် ဆူလ်တန်မူဟမ်မက်ဗွီက ဇန်နဝါရီ ၆ ရက်မှာ ဘုရင်အဖြစ်ကို စွန့်လွှတ်လိုက်ပြီလို့ သိရပါတယ်။ ဆူလ်တန်မူဟမ်မက်ဗွီဟာ ထီးနန်း အရိုက်အရာကို ၂ နှစ်ကြာမျှသာ စိုးစံခဲ့ပြီးနောက် နန်းစွန့်ခဲ့တာဖြစ်ပါတယ်။

(Photo: Ezzat Tahir/Twitter)

မလေးရှားမှာ ပုံမှန်အားဖြင့် ဘုရင်တစ်ပါးဟာ ငါးနှစ်သက်တမ်း ထီးနန်းစိုးစံရပါတယ်။ ၎င်းရဲ့ ထီးနန်းစွန့်မှုဟာ ၁၉၅၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော် မလေးရှားနိုင်ငံ သမိုင်းတစ်လျှောက် ဘုရင်တစ်ပါးက ပထမဆုံးအကြိမ် ထီးနန်းစွန့်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။



အသက် ၄၉ နှစ်အရွယ် ဆူလ်တန်မူဟမ်မက်ဗွီကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ မလေးရှားရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဘုရင်အဖြစ်ကို စွန့်လွှတ်လိုက်တဲ့ ဆူလ်တန်မူဟမ်မက်ဗွီက မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နဲ့ အစိုးရအဖွဲ့ကို နိုင်ငံကိုအုပ်ချုပ်ရာမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။

(Photo: RT)

မလေးရှားဘုရင် ဆူလ်တန်မူဟမ်မက်ဗွီ ထီးနန်းစွန့်မှုဟာ ရုရှားအလှမယ်ဟောင်းကို လက်ထပ်ခဲ့တာကြောင့်ဖြစ်ကြောင်း အပါအဝင် ကောလာဟလတွေလည်း အွန်လိုင်းမှာပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။ မလေးရှားဘုရင် ဆူလ်တန်မူဟမ်မက်ဗွီက အသက် ၂၅ နှစ်အရွယ် မော်စကိုအလှမယ်ဟောင်း Oksana Voevodina နဲ့ ယမန်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့က မော်စကိုမြို့မှာ လက်ထပ်ခဲ့ပါတယ်။

(Photo: Ezzat Tahir/Twitter, east2west news)

Oksana က ၂၀၁၅ ခုနှစ် မော်စကိုအလှမယ်ပြိုင်ပွဲမှာ အလှမယ်အဖြစ် သရဖူဆောင်းခဲ့သူ ဖြစ်ပါတယ်။ ဆူလ်တန်မူဟမ်မက်ဗွီဟာ ယခင်က မလေးရှား တော်ဝင်မျိုးနွယ် အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြောင်း သိရပါတယ်။ မလေးရှားနန်းတော်ကတော့ ဘုရင်ဆူလ်တန်မူဟမ်မက်ဗွီ ထီးနန်းစွန့်မှုနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ကို ထုတ်ဖော်ပြောခြင်းမရှိဘူးလို့ BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က