ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့ပါတယ်

ထိုင်းနိုင်ငံမှာ နှစ်သစ်ကြိုဆိုပွဲပြုလုပ်စဉ် ဇနီးသည်ဘက်မှ ဆွေမျိုးတွေက ၎င်းကို အရေးမလုပ်ဘူးလို့ ခံစားခဲ့ရတဲ့ အမျိုးသားတစ်ဦးက မိသားစုဝင်ခြောက်ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁ ရက်) ပြောပါတယ်။

(Photo: Getty Images)

Sucheep Sornsung အမည်ရှိ အမျိုးသားက ထိုင်းတောင်ပိုင်း Chumphon ဒေသမှာ ဇနီးရဲ့မိသားစုတွေ နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်နေကြတဲ့ နေရာကိုရောက်ရှိလာခဲ့ပြီး ၎င်းကို အရေးမလုပ်ခဲ့တာကြောင့် ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ Sucheep ဟာ နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်နေကြတဲ့ Phato ခရိုင်ရှိ အလှပြင်ဆိုင်ကို ရောက်ရှိလာစဉ်က အရက်အမူးလွန်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထို့နောက် ဇနီးရဲ့မိသားစုတွေက ၎င်းကို အရေးလုပ် ကြိုဆိုကြခြင်းမရှိတဲ့အပေါ် ဒေါသတကြီးဖြစ်ပြီး ပစ္စတိုဆွဲထုတ်ကာ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ Sucheep က ၎င်းရဲ့ကလေးနှစ်ဦး အပါအဝင် မိသားစုဝင်ခြောက်ဦးကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

(Photo: AFP)

"ပစ်သတ်ခံရသူအားလုံးက မိသားစုဝင်တွေပါပဲ၊ သူ့ရဲ့ အသက်ကိုးနှစ်အရွယ်သားနဲ့ အသက်ခြောက်နှစ်အရွယ်သမီးလည်း ပါပါတယ်" လို့ Phato ရဲတပ်ဖွဲ့မှ ရဲအရာရှိ Larp Kampapan က AFP သတင်းဌာနကို ပြောပါတယ်။

ဇနီးသည်ရဲ့ မိသားစုဝင်တွေက အရေးလုပ် ကြိုဆိုခြင်းမရှိမှုအပေါ် ဒေါသထွက်ပြီးနောက် Sucheep က မိသားစုဝင်တွေကို ဦးခေါင်း သို့မဟုတ် ရင်ဘတ်နေရာတွေကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ ထို့နောက် Sucheep က ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ နောက်ထပ်လေးဦးမှာ အသက် ၄၇ နှစ်နဲ့ ၇၁ နှစ်ကြားအရွယ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဖြစ်ပါတယ်။



က္က