ဈေးတစ်ခုမှာ ရပ်နားထားတဲ့ ဘတ်စ်ကားကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပါတယ်။
Ko John

ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေး ၂၉ ဦးထက်မနည်း သေဆုံးပြီး အခြား ၃၀ ဒဏ်ရာရခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) က ပြောပါတယ်။

TELEMMGLPICT000171312484_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQfyf2A9a6I9YchsjMeADBa08.jpeg

သူပုန်များ ထိန်းချုပ်ထားတဲ့ Sanaa မြို့မှာ လေကြောင်းတိုက်ခိုက်မှု (Photo: Mohamed Al-Sayaghi/Reuters)



ကလေးတွေဟာ ဘတ်စ်ကားတစ်စီးဖြင့် ခရီးသွားနေစဉ် ယီမင်မြောက်ပိုင်း Saada ပြည်နယ် Dahyan မြို့ရှိ ဈေးတစ်ခုမှာ ၎င်းတို့ရဲ့ကားကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တာဖြစ်ပါတယ်။

ယီမင်အစိုးရနဲ့ စစ်ဖြစ်နေတဲ့ ဟူသီသူပုန်အုပ်စုရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက် ၄၃ ဦးရှိခဲ့ပြီး ၆၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

ယီမင်ပြည်တွင်းစစ်မှာ အစိုးရကို ထောက်ပံ့ကူညီပေးနေတဲ့ မဟာမိတ်တပ်ဖွဲ့က ၎င်းတို့ရဲ့ ဆောင်ရွက်မှုတွေဟာ တရားဝင်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဆော်ဒီအာရေဗီးယားနိုင်ငံက ဦးဆောင်နေတဲ့ မဟာမိတ်တွေက ယီမင်စစ်ပွဲအတွင်း အရပ်သားတွေကို မည်သည့်အခါကမျှ ပစ်မှတ်ထားခဲ့ခြင်းမရှိကြောင်း အခိုင်အမာ ပြောပါတယ်။

DkJEb1rW0AElIrn.jpg

ဒဏ်ရာရသူတစ်ဦးကို ခွဲစိတ်ကုသနေစဉ် (Photo: ICRC)



သို့သော် လူ့အခွင့်အရေးအုပ်စုတွေကတော့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေက ဈေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ လူနေဧရိယာတွေကို ဗုံးကြဲနေကြောင်း စွပ်စွဲထားကြပါတယ်။

လေကြောင်းတိုက်ခိုက်မှု ထိမှန်ခံခဲ့ရတဲ့ ဘတ်စ်ကားဟာ ကျောင်းသူကျောင်းသား ကလေးငယ်အများအပြား အပါအဝင် အရပ်သားတွေကို တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ယီမင်မျိုးနွယ်စု အကြီးအကဲတွေက AP သတင်းဌာနကို ပြောပါတယ်။

_102896486_2b60c00b-6b0c-4273-b27b-34ec70f2e56a.jpg

ဒဏ်ရာရခဲ့သည့် ကလေးငယ်နှစ်ဦးကို တွေ့ရစဉ် (Photo: Reuters)



ဘတ်စ်ကားပေါ်မှာ လိုက်ပါလာခဲ့တဲ့ ကလးငယ်တွေဟာ အပျော်ခရီးစဉ်မှ ပြန်လာခဲ့ကြတာဖြစ်ပြီး ယာဉ်မောင်းက ဘတ်စ်ကားကို Dahyan မြို့ရှိ ဈေးတစ်ခုမှာ ခေတ္တရပ်နားထားစဉ် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခံခဲ့ရတယ်လို့ Save the Children အဖွဲ့အစည်းက ပြောပါတယ်။

ICRC က ထောက်ပံ့ကူညီပေးနေတဲ့ Saada ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ သေဆုံးသူကလေးငယ် ရုပ်အလောင်း ၂၉ လောင်းကို လက်ခံရရှိခဲ့ပြီး ကလေးတွေဟာ အသက် ၁၅ နှစ်အောက် အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရခဲ့သူ ၄၈ ဦးရှိပြီး ၎င်းတို့အနက် ကလေးငယ် ၃၀ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

_102893566_yemen_control_640_v1-nc.png

ယီမင်အစိုးရနဲ့ ဟူသီသူပုန်များ နယ်မြေထိန်းချုပ်ထားမှု (Map: IHS Conflict Monitor/BBC)



ယီမင်အစိုးရနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဟူသီသူပုန်အုပ်စုရဲ့ Al-Masirah ရုပ်မြင်သံကြားသတင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၇ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်လွှင့်ခဲ့ပါတယ်။ အဆိုပါ ရုပ်မြင်သံကြားသတင်းမှာ ကလေးငယ်အများအပြားရဲ့ အလောင်းတွေကို ဖော်ပြခဲ့ပြီး အချို့ဟာ ကျောင်းဝတ်စုံများ ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်မှာ နိုင်ငံလူဦးရေ ၂၈ သန်းအနက် ၁၈.၈ သန်းဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိပြီး လူဦးရေ ၇ သန်းနီးပါးဟာ အငတ်ဘေးကြုံရမယ့် အခြေအနေ ဖြစ်တယ်လို့ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းစာရင်းများအရ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က