• Local News
    နန်ယန်းအင်စတီကျူ့ရဲ့ ပညာသင်ဆုလျှောက်ထားနိုင်
Thurein Tun
[Unicode Version]

Hoc-vien-quan-ly-Nanyang-institu-management (1).JPG 

စင်ကာပူ နိုင်ငံ Nanyang Institute of Management (NIM) ကနေ ပေးအပ်မယ့် မေလကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေးပေးအပ်မယ့် ဘာသာရပ်တွေက Diploma in Tourism & Hospitality Management, Diploma in Management ဘာသာရပ်အတွက် စင်ကာပူ ဒေါ်လာ ၇၀ဝ နဲ့ Postgraduate Diploma in Hospitality Management ဘာသာရပ်အတွက် စင်ကာပူ ဒေါ်လာ ၁၂၀ဝ ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။လျှောက်ထားလိုသူတွေဟာ အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS 5.5 ရရှိထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံက ၁၀ တန်း အောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ အမှတ် ၇၀ ရာခိုင်နှုန်းနဲ့ အထက်ရှိသူတွေ၊ IGCSE A Level ဖြေဆိုအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ Grade B ရရှိ ထား တဲ့ကျောင်းသူကျောင်းသားတွေ အတွက် Diploma in Construction Engineering ဘာသာရပ် tution grant စင်ကာပူဒေါ်လာ ၂၀ဝ၀ ရယူနိုင်တယ်လို့ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -ရန်ကုန် နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန်ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းတွေ လျှောက်ထားနိုင် )

nanyang (1).png 

မြန်မာနိုင်ငံက အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ Postgraduate Diploma in Engineering Management ဘွဲ့ကို NIM ကျောင်းမှာ ခြောက်လသာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

အဆိုပါခြောက်လအတွက်က မေလကျောင်းဖွင့်ချိန်အမီ လျှောက်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ tution grant စင်ကာပူ ဒေါ်လာ ၂၀ဝ၀ ရရှိမှာ ဖြစ်ပါတယ်။ Master of Business Administration တက်ရောက်လိုတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ tution grant စင်ကာပူ ဒေါ်လာ ၃၀ဝ၀ ကို မေလ ကျောင်းဖွင့်ချိန်အမီ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက STUDY ABROAD ပညာရေးဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်း ဖုန်းနံပါတ် ဝ၉ ၅၁၅၁၀ဝ၈၂ နဲ့ ဝ၉ ၇၃၂၄၂၄၀၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source: Kumudra,   မေသော်တာမောင်, STUDY ABROAD Information Centre

[Zawgyi Version]

 

စင္ကာပူ ႏိုင္ငံ Nanyang Institute of Management (NIM) ကေန ေပးအပ္မယ့္ ေမလေက်ာင္းဖြင့္ခ်ိန္အတြက္ ပညာသင္ဆုကို ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ပညာသင္ေထာက္ပံ့ေၾကးေပးအပ္မယ့္ ဘာသာရပ္ေတြက Diploma in Tourism & Hospitality Management, Diploma in Management ဘာသာရပ္အတြက္ စင္ကာပူ ေဒၚလာ ၇၀ဝ နဲ႔ Postgraduate Diploma in Hospitality Management ဘာသာရပ္အတြက္ စင္ကာပူ ေဒၚလာ ၁၂၀ဝ ေပးအပ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ေလွ်ာက္ထားလိုသူေတြဟာ အဂၤလိပ္စာ လိုအပ္ခ်က္အေနနဲ႔ IELTS 5.5 ရရွိထားဖို႔ လိုအပ္ပါတယ္။

ျမန္မာႏိုင္ငံက ၁၀ တန္း ေအာင္ျမင္ထားၿပီး အဂၤလိပ္စာနဲ႔ သခ်ၤာ အမွတ္ ၇၀ ရာခိုင္ႏႈန္းနဲ႔ အထက္ရွိသူေတြ၊ IGCSE A Level ေျဖဆိုေအာင္ျမင္ထားၿပီး အဂၤလိပ္စာနဲ႔ သခ်ၤာ Grade B ရရွိ ထား တဲ့ေက်ာင္းသူေက်ာင္းသားေတြ အတြက္ Diploma in Construction Engineering ဘာသာရပ္ tution grant စင္ကာပူေဒၚလာ ၂၀ဝ၀ ရယူႏိုင္တယ္လို႔ သိရပါတယ္။

(သင္စိတ္ဝင္စားႏုိင္တဲ့ သတင္း -ရန္ကုန္ နည္းပညာတကၠသိုလ္ရဲ႕ ဘြဲ႕လြန္ဒီပလိုမာနဲ႔ မဟာဘြဲ႕သင္တန္းေတြ ေလွ်ာက္ထားႏုိင္ )

 

ျမန္မာႏိုင္ငံက အင္ဂ်င္နီယာဘာသာရပ္နဲ႔ ဘြဲ႕ရထားတဲ့ ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ Postgraduate Diploma in Engineering Management ဘြဲ႕ကို NIM ေက်ာင္းမွာ ေျခာက္လသာ တက္ေရာက္ရမွာ ျဖစ္ပါတယ္။

အဆိုပါေျခာက္လအတြက္က ေမလေက်ာင္းဖြင့္ခ်ိန္အမီ ေလွ်ာက္ထားတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြအေနနဲ႔ tution grant စင္ကာပူ ေဒၚလာ ၂၀ဝ၀ ရရွိမွာ ျဖစ္ပါတယ္။ Master of Business Administration တက္ေရာက္လိုတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြအေနနဲ႔ tution grant စင္ကာပူ ေဒၚလာ ၃၀ဝ၀ ကို ေမလ ေက်ာင္းဖြင့္ခ်ိန္အမီ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

အေသးစိတ္သိရွိလိုပါက STUDY ABROAD ပညာေရးဆိုင္ရာ ဝန္ ေဆာင္မႈလုပ္ငန္း ဖုန္းနံပါတ္ ဝ၉ ၅၁၅၁၀ဝ၈၂ နဲ႔ ဝ၉ ၇၃၂၄၂၄၀၄ ကို ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

Source: Kumudra,   ေမေသာ္တာေမာင္, STUDY ABROAD Information Centre


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs