• Local News
    Duwun ကကျင်းပမယ့် Juniors’ Festival 2017
Wai Lin Kyaw
[Unicode Version]

21688389_209506082919702_6015314387662594397_o.jpg

အသက် ၂ နှစ်ဝန်းကျင် အရွယ်ကလေးငယ်တွေကနေ ဆယ်ကျော်သက်အရွယ် ညီငယ်ညီမငယ်လေးတွေအထိ ဖေဖေမေမေ တို့နဲ့အတူ မိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်မယ့် မိသားစုပွဲတော်တစ်ခုကို Duwun Media ကနေ လာမယ့် နိုဝင်လာမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ဂျူနီယာလေးတွေရဲ့ပွဲတော် Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ရှေ့ရေး အနာဂတ်ပညာရေးအတွက် မိဘတွေကိုယ်တိုင် လေ့လာပြီး ယုံကြည်စွာအပ်နှံနိုင်မယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက အခြေခံပညာကျောင်းတွေရဲ့ပြခန်းတွေ၊ Fashion လှလှလေးတွေအတွက် အပြည့်အဝတာဝန်ယူပေးမယ့် Junior Fashion Brand တွေကို ရောင်းချမယ့် ဆိုင်ခန်းတွေလည်း ပါရှိပါတယ်။

See Also : 

လာရောက်သူတိုင်း ပျော်ရွှင်စရာနဲ့ ဗဟုသုတရဖွယ်ရာ အစီအစဉ်တွေအနေနဲ့ အနုပညာရှင်မေမေတွေ ပါဝင်ဆွေးနွေးမယ့် Mommy Talk , The Whole Myanmar Top 10 တွေနဲ့ အရမ်းထူးချွန်တဲ့ ဂျူနီယာလေးတွေကအောင်မြင်မှုတွေရဖို့ သူတို့ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ပြောပြပေးမယ့် Champion’s Talk , Junior Chef Contest , Junior Fashion Walk အစရှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

Juniors’ Festival 2017 ကို မျိုးဆက်သစ်တို့ရဲ့ မီဒီယာ Duwun ကနေ စီစဉ်ပြီး Media Partner အနေနဲ့ KALAY က ကူညီပံ့ပိုးပေးထားပါတယ်။ Juniors’ Festival 2017 မှာ ဆိုင်ခန်းအနေနဲ့ ပါဝင်ရောင်းချလိုရင်ပဲဖြစ်ဖြစ် ၊ Sponsor အနေနဲ့ ပါဝင် ကူညီပံ့ပိုးပါချင်ရင်ပဲဖြစ်ဖြစ် Hotline 09444825400 , 09444825300 တို့ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

 

[Zawgyi Version]



See Also : 



 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs