• Local News
    M-ပိုက်ဆံအက်ပလီကေးရှင်းသုံးရင်း ကျပ်သိန်း ၅၀၀ ကျော်တန် ငွေသားဆုမဲပေးမယ့် အစီအစဉ် Ooredoo စတင်
Nyein Min Wai
[Unicode Version]

Ooredoo ရဲ့ ဒစ်ဂျစ်တယ်ငွေချေအက်ပလီကေးရှင်း M-Pitesan သုံးသူများအတွက် နေ့စဉ် နဲ့အပတ်စဉ် ငွေသားဆုပေးသွားမယ့် အစီအစဉ်သစ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

MWL_M-Pitesan-image.jpg 

M-Pitesan အက်ပလီကေးရှင်း သုံးသူများအနေနဲ့ဒီဝန်ဆောင်မှုကနေ တစ်ဆင့် ငွေသွင်း ၊ ငွေထုတ်ခြင်း ၊ M-Pitesan ဝန်ဆောင်မှုသုံးသူချင်း ဖြစ်စေ M-Pitesan အကောင့်မရှိသူများကို ဖြစ်စေ ငွေလွဲှငွေပို့ခြင်း ၊ CB ဘဏ်ကနေ M-Pitesan အကောင့်ထဲ ငွေလွဲှထည့်ခြင်း ၊ Ooredoo brand shop တွေမှာ Ooredoo ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ငွေပေးချေနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေ သုံးနိုင်မှာပါ။

M-ပိုက်ဆံဝန်ဆောင်မှုကို သုံးမယ့်သူဟာ Ooredoo ဖုန်းနံပါတ်တစ်ခုနဲ့စားရင်းသွင်းပြီး နီးစပ်ရာ Ooredoo ရဲ့ M-ပိုက်ဆံကိုယ်စားလှယ်များဆီမှာ ကိုယ်ထည့်ချင်သလောက် ငွေဖြည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ဒီဝန်ဆောင်မှုကို သုံးဖို့M-ပိုက်ဆံ အက်ပလီကေးရှင်းကို ကိုယ့်ဖုန်းမှာ Install သွင်းဖို့*977# ကို ဖုန်းခေါ်ပြီး ဖြစ်စေ Google Play Store နဲ့App Store များကဖြစ်စေ ဒေါင်းလုပ်ဆွဲပြီး သွင်းထားရမှာပါ။

Ooredoo-M-Pitesan-3.jpg 

ယခုငွေသားဆုမဲအစီအစဉ်မှာတော့ M-Pitesan သုံးသူများထဲမှ နေ့စဉ်ကံထူးသူ အယောက် ၂၀၀ ရွေးချယ်သွားမှာ ဖြစ်ပြီး နေ့စဉ်ဆုငွေအနေနဲ့ ၂,ဝဝဝ ကျပ်၊၅,ဝဝဝ ကျပ်၊ ၁ဝ,ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၅၀၀၀၀ ကျပ်အထိ ပေးအပ်သွားမယ်လို့ဆိုပါတယ်။ အပတ်စဉ် ငွေသားဆုကြီးကတော့ တစ်ပတ်ကို ကံထူးရှင် ၁ ဦးရွေးချယ်မှာ ဖြစ်ပြီး ကံထူးသူဟာ ငွေကျပ် ၅၀၀၀၀၀ ရမှာဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၅၄၀ အထိ ရှိမယ့် ယခုအစီအစဉ်ကာလကတော့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂ဝ၁၈ ဇန်နဝါရီလ ၁၃ ရက်အထိ တစ်လကြာမြင့်မယ်လို့လည်း သိရပါတယ်။

[Zawgyi Version]


M-Pitesan အက်ပလီကေးရှင်း သုံးသူများအနေနဲ့ ဒီဝန်ဆောင်မှုကနေ တစ်ဆင့် ငွေသွင်း ၊ ငွေထုတ်ခြင်း ၊ M-Pitesan ဝန်ဆောင်မှုသုံးသူချင်း ဖြစ်စေ M-Pitesan အကောင့်မရှိသူများကို ဖြစ်စေ ငွေလွှဲငွေပို့ ခြင်း ၊ CB ဘဏ်ကနေ M-Pitesan အကောင့်ထဲ ငွေလွှဲထည့်ခြင်း ၊ Ooredoo brand shop တွေမှာ Ooredoo ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ငွေပေးချေနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေ သုံးနိုင်မှာပါ။




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs