• Local News
    တက္ကသိုလ်ဝင်တန်းအောင်တဲ့ အကျဉ်းသားအများစု လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေ
Wai Lin Kyaw
[Unicode Version]

IMG_9898aaaaaaaaaaaaaaaa.jpg 

အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ အကျဉ်းသားအများစုက နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျော်လင့် နေတယ်လို့ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုပွဲမှာ ဆယ်တန်းအောင် အကျဉ်းသား ကျောင်သားတွေက ပြောပါတယ်။

‘‘အခုလို ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တဲ့အတွက် အရမ်းလည်း ပျော်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးမြင့်တဲ့ ပညာတွေကိုလည်း အကျဉ်းထောင်အပြင်ကနေ ဆက်လက်လေ့လာချင်ပါတယ်’’လို့ သုံးဘာသာဂုဏ် ထူးရှင် ကိုဉာဏ်လင်းမောင်က 7Day သတင်းစာကို ပြောပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦး ဖြေဆိုတဲ့ အနက် ၁၉ ဦး အောင်မြင်ပြီး ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲဘာသာရပ်တွေနဲ့ အောင်မြင်ခဲ့ကာ သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်လေးဦး ရှိခဲ့တာ ဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင်က ဆယ်တန်းကျောင်းသား အပါအဝင် အခြေခံပညာကျောင်းသားတွေကို စာသင်ကြားပေးနေတာ (၄)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် စာစစ်ဌာနရှစ်ခုမှ အကျဉ်းကျကျောင်းသား၊ ကျောင်းသူ ၁၀၄ ဦး ဝင်ရောက်ဖြေဆိုရာ ၄၇ ဦး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

 

အက်ဥ္းေထာင္ထဲကေန တကၠသိုလ္​ဝင္တန္း ေ​အာင္ျမင္တဲ့ အ​က်ဥ္​းသားအမ်ားစုက ႏိုင္ငံေတာ္သမၼတရဲ႕ လြတ္​ၿငိမ္​းခ်မ္​းသာခြင့္ကို ေမ်ာ္​လင္​့​ ေနတယ္​လို​႔ ဇြန္​လ ၁၉ ရက္​​ေန႔က ရန္​ကုန္​အင္​းစိန္​အက်ဥ္​း​ေထာင္​မွာ က်င္​းပခဲ့တဲ့ ဂုဏ္ျပဳပြဲမွာ ဆယ္​တန္​း​ေအာင္​ အက်ဥ္​းသား​ ေက်ာင္​သား​ေတြက ေျပာပါတယ္။

‘‘အခုလို ဂုဏ္ထူးေတြနဲ႔ ေအာင္ခဲ့တဲ့အတြက္ အရမ္းလည္း ေပ်ာ္ပါတယ္။ သင္ၾကားေပးတဲ့ ဆရာေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီထက္ပိုၿပီးျမင့္တဲ့ ပညာေတြကိုလည္း အက်ဥ္းေထာင္အျပင္ကေန ဆက္လက္ေလ့လာခ်င္ပါတယ္’’လို႔ သံုးဘာသာဂုဏ္ ထူးရွင္ ကိုဉာဏ္လင္းေမာင္က 7Day သတင္းစာကုိ ေျပာပါတယ္။

ဒီႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ အက်ဥ္းက် ေက်ာင္းသား၊ ေက်ာင္းသူ ၃၄ ဦး ေျဖဆိုတဲ့ အနက္ ၁၉ ဦး ေအာင္ျမင္ၿပီး ဝိပၸံတြဲ၊ ဝိဇၨာတြဲဘာသာရပ္ေတြနဲ႔ ေအာင္ျမင္ခဲ့ကာ သံုးဘာသာဂုဏ္ထူးရွင္ တစ္ဦး၊ ႏွစ္ဘာသာဂုဏ္ထူးရွင္ တစ္ဦးႏွင့္ တစ္ဘာသာဂုဏ္ထူးရွင္ေလးဦး ရွိခဲ့တာ ျဖစ္ပါတယ္။

အင္​းစိန္​အက်ဥ္​း​ေထာင္​က ဆယ္​တန္​း​ေက်ာင္​းသား အပါအဝင္​ အ​ေျခခံပညာ​ေက်ာင္​းသား​ေတြကို စာသင္​ၾကား​ေပး​ေနတာ​ (၄)ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။ ၂၀၁၈ တကၠသိုလ္ဝင္စာေမးပြဲကို တစ္ႏုိင္ငံလံုးရွိ အက်ဥ္းေထာင္ စာစစ္ဌာနရွစ္ခုမွ အက်ဥ္းက်ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၄ ဦး ဝင္ေရာက္ေျဖဆုိရာ ၄၇ ဦး ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs