• Local News
    ရန်ကုန်-ဒလ ဆိပ်ကမ်းတွေကို Water Bus တွေ ပြေးဆွဲမယ်
Wai Lin Kyaw
[Unicode Version]

34415870_445817419179184_7081997627646017536_n.jpg 

ရာသီဥတုအခြေနေတွေနဲ့ ဒေသခံပြည်သူတွေရဲ့တောင်းဆိုမှုတွေကြောင့် Yangon Water Bus တွေကို ရန်ကုန်-ဒလ ဆိပ်ကမ်းတွေဖြစ်တဲ့ သမ္မတကမ်းခြေ-ဗိုလ်တစ်ထောင်- အံ့ကြီး - ပန်းဆိုးတန်း ခရီးစဉ်တွေကို ဇွန်လ ၂၂ ရက်နေ့ကစပြီး ပြေးဆွဲပေးသွားမယ်လို့ ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။

" နောက်ဆုံးအခြေနေက ဂျက်တီတွေမှာ လက်မှတ်ရုံတွေဆောက်တာတွေ၊ အမိုးအကာနဲ့ လက်တန်းတွေ တပ်ဆင်နေတာကို ဇွန်လ ၁၇ ရက်နေ့က စပြီးလုပ်နေပြီ။ လက်ရှိအချိန်မှာ သမ္မတကမ်းခြေ ဂျက်တီရယ်၊ အံ့ကြီးကမ်းခြေက ဂျက်တီတွေကို ပြုပြင်နေတယ် လာမယ့် ဇွန်လ ၂၂ နေ့မှာ Water Bus တွေစပြေးမယ်"လို့ ဦးထွန်းရင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စမ်းသပ်တဲ့အနေနဲ့ တနေကုန် ပြေးဆွဲပေးဦးမှာမဟုတ်ဘဲ လူအသွားအလာများတဲ့ မနက် ၇ နာရီလောက်ကနေ နေ့လည် ၁၁ နာရီ၊ ညနေ ၃ နာရီကနေ ည ၈ နာရီလောက်အထိ Water Bus ရှစ်စီးနဲ့ နာရီဝက်တစ်ခေါက်နှုန်း ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

34962956_448376518923274_1656345818350747648_n.jpg 

လောလောဆယ်မှာတော့ အဆိုပါဆိပ်ခံတံတားတွေကိုပဲပြေးဆွဲပေးသွားမှာဖြစ်ကာ နောက်ပိုင်းမှာ ရေကန်ဆိပ်-မော်တင်-ဆာပါချောင်-လမ်းသစ် ဆိပ်ခံတွေကိုပါ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

"ဒီလိုပြေးဆွဲတာက ဒေသခံပြည်သူလူထုရဲ့တောင်းဆိုမှုအရ စီစဉ်ပေးဖြစ်တာပါ။ ညဘက်အလုပ်ပြန်နောက်ကျတဲ့ သူတွေအတွက် သမ္ဗန်မရှိတာတွေဖြစ်တတ်တော့ သူတို့က ည ၁၁ နာရီလောက်အထိ ပြေးဆွဲပေးဖို့ တောင်းဆိုတာတွေရှိနေတယ်"လို့ ဦးထွန်းရင်က ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီလောက်က ရန်ကုန် မော်တင် စဉ့်အိုးတန်း သမ္ဗန်ဆိပ်ကနေ ဒလဘက်ကမ်း ကမာကသွယ် သမ္ဗန်ဆိပ်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်သမ္ဗန် နစ်မြုပခဲ့လို့ မောင်းနှင်သူအပါအဝင် လိုက်ပါလာသူ ၁၂ ဦးက ရှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး လေးဦး ပျောက်ဆုံးခဲ့ကာ ဇွန်လ ၁၈ ရက်နေ့က နှစ်ဦးရဲ့အလောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်။

[Zawgyi Version]

 

ရာသီဥတုအေျခေနေတြနဲ႔ ေဒသခံျပည္သူေတြရဲ႕ေတာင္းဆိုမႈေတြေၾကာင့္ Yangon Water Bus ေတြကုိ ရန္ကုန္-ဒလ ဆိပ္ကမ္းေတြျဖစ္တဲ့ သမၼတကမ္းေျခ-ဗိုလ္တစ္ေထာင္- အံ့ႀကီး - ပန္းဆိုးတန္း ခရီးစဥ္ေတြကို ဇြန္လ ၂၂ ရက္ေန႔ကစၿပီး ေျပးဆြဲေပးသြားမယ္လို႔ ဒလၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းရင္က ေျပာပါတယ္။

" ေနာက္ဆံုးအေျခေနက ဂ်က္တီေတြမွာ လက္မွတ္ရံုေတြေဆာက္တာေတြ၊ အမိုးအကာနဲ႔ လက္တန္းေတြ တပ္ဆင္ေနတာကုိ ဇြန္လ ၁၇ ရက္ေန႔က စၿပီးလုပ္ေနၿပီ။ လက္ရွိအခ်ိန္မွာ သမၼတကမ္းေျခ ဂ်က္တီရယ္၊ အံ့ႀကီးကမ္းေျခက ဂ်က္တီေတြကို ျပဳျပင္ေနတယ္ လာမယ့္ ဇြန္လ ၂၂ ေန႔မွာ Water Bus ေတြစေျပးမယ္"လုိ႔ ဦးထြန္းရင္က ဓူ၀ံ မီဒီယာကုိ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စမ္းသပ္တဲ့အေနနဲ႔ တေနကုန္ ေျပးဆြဲေပးဦးမွာမဟုတ္ဘဲ လူအသြားအလာမ်ားတဲ့ မနက္ ၇ နာရီေလာက္ကေန ေန႔လည္ ၁၁ နာရီ၊ ညေန ၃ နာရီကေန ည ၈ နာရီေလာက္အထိ Water Bus ရွစ္စီးနဲ႔ နာရီ၀က္တစ္ေခါက္ႏႈန္း ေျပးဆြဲေပးဖုိ႔ စီစဥ္ထားတယ္လုိ႔ ဆိုပါတယ္။

 

ေလာေလာဆယ္မွာေတာ့ အဆိုပါဆိပ္ခံတံတားေတြကိုပဲေျပးဆြဲေပးသြားမွာျဖစ္ကာ ေနာက္ပိုင္းမွာ ေရကန္ဆိပ္-ေမာ္တင္-ဆာပါေခ်ာင္-လမ္းသစ္ ဆိပ္ခံေတြကုိပါ ေျပးဆြဲေပးသြားမယ္လုိ႔ သိရပါတယ္။

"ဒီလိုေျပးဆြဲတာက ေဒသခံျပည္သူလူထုရဲ႕ေတာင္းဆိုမႈအရ စီစဥ္ေပးျဖစ္တာပါ။ ညဘက္အလုပ္ျပန္ေနာက္က်တဲ့ သူေတြအတြက္ သမၺန္မရွိတာေတြျဖစ္တတ္ေတာ့ သူတို႔က ည ၁၁ နာရီေလာက္အထိ ေျပးဆြဲေပးဖုိ႔ ေတာင္းဆုိတာေတြရွိေနတယ္"လို႔ ဦးထြန္းရင္က ေျပာပါတယ္။

ဇြန္လ ၁၃ ရက္ေန႔ ည ၈ နာရီေလာက္က ရန္ကုန္ ေမာ္တင္ စဥ့္အိုးတန္း သမၺန္ဆိပ္ကေန ဒလဘက္ကမ္း ကမာကသြယ္ သမၺန္ဆိပ္ကို ထြက္ခြာလာတဲ့ ခရီးသည္တင္သမၺန္ နစ္ျမဳပခဲ့လို႔ ေမာင္းႏွင္သူအပါအဝင္ လုိက္ပါလာသူ ၁၂ ဦးက ရွစ္ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီး ေလးဦး ေပ်ာက္ဆံုးခဲ့ကာ ဇြန္လ ၁၈ ရက္ေန႔က ႏွစ္ဦးရဲ႕အေလာင္းကုိ ျပန္ရွာေတြ႕ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs