• Local News
    ဖေစ့်ဘုတ်ချစ်သူနဲ့ ချိန်းတွေ့တာအဆင်မပြေလို့ ဓာတ်ဆီလောင်းမီးရှို့သေကြောင်းကြံစည်
Wai Lin Kyaw
[Unicode Version]

update (1).jpg 

ဖေစ်ဘုတ်မှာသိကျွမ်းရင်း ချစ်သူဖြစ်သွားတဲ့သူနဲ့ အပြင်မှာချိန်းတွေ့တာ အဆင်မပြေလို့ မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး သေကြောင်းကြံစည်မှု ဇွန်လ ၁၉ ရက် ညပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ News Watch သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာမှာနေတဲ့ ညီညီအောင် (၃၄) နှစ်က သူနဲ့ ဖေစ်ဘုတ်ကနေတဆင့်တွေ့ဆုံခဲ့တဲ့ မှန်တန်းရပ်ကွက် တိုးချဲ့ (၃)မှာ အိမ်ငှားနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မ---- ကို လာရောက်တွေ့ဆုံရာ မပြေလည်လို့ မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး သေကြောင်းကြံစည်ခဲ့တာလို့ ဆိုပါတယ်။

မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ညီညီအောင်ကို အနီးဝန်းကျင်နေပြည်သူတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ပြီး မေတ္တာမြင့်မိုရ် လူမှုကူညီရေးအသင်းယာဉ်နဲ့ အမရပူရမြို့မဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ မြို့နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေပြားဌာနသို့ ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေကြောင်းကြံရွယ်သူ ညီညီအောင်က အသက်အန္တရာယ်မရှိ(မစိုးရိမ်ရ)တဲ့ အရေပြားမီးလောင်ဒဏ်ရာရရှိခဲ့ပြီး အမရပူရမြို့မရဲစခန်းက မိမိကိုယ်ကိုသေကြောင်းကြံမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

[Zawgyi Version]

 

ေဖစ္ဘုတ္မွာသိကၽြမ္းရင္း ခ်စ္သူျဖစ္သြားတဲ့သူနဲ႔ အျပင္မွာခ်ိန္းေတြ႔တာ အဆင္မေျပလုိ႔ မိမိကိုယ္ကို ဓာတ္ဆီေလာင္းမီးရႈိ႕ၿပီး ေသေၾကာင္းႀကံစည္မႈ ဇြန္လ ၁၉ ရက္ ညပိုင္းက မႏၱေလးၿမိဳ႕မွာ ျဖစ္ပြားခဲ့တယ္လို႔ News Watch သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

ေနာင္ခ်ိဳၿမိဳ႕နယ္ ဝက္ဝံေက်း႐ြာမွာေနတဲ့ ညီညီေအာင္ (၃၄) နွစ္က သူနဲ႔ ေဖစ္ဘုတ္ကေနတဆင့္ေတြ႔ဆံုခဲ့တဲ့ မွန္တန္းရပ္ကြက္ တိုးခ်ဲ႕ (၃)မွာ အိမ္ငွားေနထိုင္သူ အသက္ ၂၉ ႏွစ္အရြယ္ မ---- ကုိ လာေရာက္ေတြ႕ဆံုရာ မေျပလည္လို႔ မိမိကိုယ္ကို ဓာတ္ဆီေလာင္းမီးရိႈ႕ၿပီး ေသေၾကာင္းႀကံစည္ခဲ့တာလုိ႔ ဆိုပါတယ္။

မိမိကုိယ္ကုိ မီးရိႈ႕ခဲ့တဲ့ ညီညီေအာင္ကုိ အနီး၀န္းက်င္ေနျပည္သူေတြက ၀ိုင္း၀န္း မီးၿငိွမ္းသတ္ၿပီး ေမတၲာျမင့္မိုရ္ လူမႈကူညီေရးအသင္းယာဥ္နဲ႔ အမရပူရၿမိဳ႕မေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ကာ ၿမိဳ႕နယ္ေဆးရံုမွတဆင့္ မႏၲေလးျပည္သူ႔ေဆးရံုႀကီး၊ အေရျပားဌာနသို႔ ဆက္လက္ ပို႔ေဆာင္ေပးခဲ့တယ္လုိ႔ ဆိုပါတယ္။

ဒီျဖစ္စဥ္ေၾကာင့္ ေသေၾကာင္းႀကံ႐ြယ္သူ ညီညီေအာင္က အသက္အႏၲရာယ္မရွိ(မစိုးရိမ္ရ)တဲ့ အေရျပားမီးေလာင္ဒဏ္ရာရရွိခဲ့ၿပီး အမရပူရၿမိဳ႕မရဲစခန္းက မိမိကိုယ္ကိုေသေၾကာင္းႀကံမႈနဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs