• Local News
    သန်လျင်မှာ မော်တော်ဆိုင်ကယ်ရပ်နားစခန်း ၂ ခု ဆောက်မယ်
Wai Lin Kyaw
[Unicode Version]

35682218_1659510877436968_1759302330534068224_n.jpg 

သန်လျင်မှာ မော်တော်ဆိုင်ကယ် ရပ်နားဖို့ ယာဉ်ရပ်နားစခန်း ၂ ခုကို ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်မှာ ဆောက်လုပ်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ သန်လျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ် ကယ်ရီတွေကို ဥပဒေနဲ့ အညီယာဉ်ရပ်နားစခန်းတွေသတ်မှတ်ပြီးတော့ ကြီးကြပ်ဆောင်ရွက်ပေးဖို့ မေးခွန်းနဲ့ ပတ်သတ်ပြီးတော့ မြို့တော်ဝန်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

သန်လျင်မှာရှိတဲ့ ဆိုင်ကယ်ကယ်ရီတွေ ရပ်နားဖို့ အတွက်ဗိုလ်ချုပ်နေဝင်းလမ်းနဲ့ မြို့မဈေးလမ်းကြားမှာရှိတဲ့ နေရာ ၂ ခုကို ဒီနှစ်အတွင်းမှာ တိုးချဲ့ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Bike-globalnewlightofmyanmar.jpg 

"သန်လျင်မှာ ဆိုက်ကယ်ကယ်ရီတွေကို ရပ်နားဖို့ အခုဖွင့်ထားတဲ့ နေရာနှစ်ခုအပြင် နောက်ထပ်နေရာ ၂ ခုကိုလည်း ဆိုင်ကယ်ဂိတ်ထိုးဖို့ နေရာတစ်ခုအဖြစ် ထပ်မံတိုးချဲ့သွားဖို့ ရှိတယ်"လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ထပ်တိုးချဲ့မယ့် မော်တော်ယာဉ်ရပ်နားစခန်းတွေက အလျား(၁၉၂)ပေ×အနံပေ(၂၀)၊ နောက် အလျားပေ(၂၃၄)×အနံ(၂၃)ပေရှိသည့် နေရာ(၂)နေရာမှာဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဂိတ်တွေ တည်ဆောက်ရာမှာ စဉ်ဆက်မပြတ် အရေးယူနိုင်ဖို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်တွေ တိုးချဲ့ခန့်ထားဖို့အတွက် သန်လျင်စည်ပင်သာယာရေးအဖွဲ့ကို ညွှန်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် လုပ်ငန်းအောင်မြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ လည်းသိရပါတယ်။ သန်လျင်မြို့မဈေး ပတ်ဝန်းကျင်မှာ နေ့စဉ် မော်တော်ယာဉ်အစီး ၄၀၀ နဲ့ မော်တော်ဆိုင်ကယ် အစီးရေ ၁၃၀၀ ခန့် ရပ်နားနေတယ်လို့ သိရပါတယ်။

[Zawgyi Version]

 

သန္လ်င္မွာ ေမာ္ေတာ္ဆုိင္ကယ္ ရပ္နားဖုိ႔ ယာဥ္ရပ္နားစခန္း ၂ ခုကို ၂၀၁၈ -၁၉ ဘ႑ာနွစ္မွာ ေဆာက္လုပ္မွာျဖစ္တယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိးက ေျပာပါတယ္။

ဇြန္လ ၂၀ ရက္ေန႔မွာ က်င္းပတဲ့ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္အစည္းအေ၀းမွာ သန္လ်င္ၿမိဳ႕နယ္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏုိင္ထြန္းက ဆုိင္ကယ္စီးနင္းခြင့္ရွိတဲ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္ျပင္ပ ၿမိဳ႕နယ္ေတြမွာ ေမာ္ေတာ္ဆိုင္ကယ္ ကယ္ရီေတြကုိ ဥပေဒနဲ႔ အညီယာဥ္ရပ္နားစခန္းေတြသတ္မွတ္ၿပီးေတာ့ ႀကီးၾကပ္ေဆာင္ရြက္ေပးဖုိ႔ ေမးခြန္းနဲ႔ ပတ္သတ္ၿပီးေတာ့ ၿမိဳ႕ေတာ္၀န္က ေျဖၾကားခဲ့တာျဖစ္ပါတယ္။

သန္လ်င္မွာရွိတ့ဲ ဆုိင္ကယ္ကယ္ရီေတြ ရပ္နားဖုိ႔ အတြက္ဗုိလ္ခ်ဳပ္ေန၀င္းလမ္းနဲ႔ ၿမိဳ႕မေစ်းလမ္းၾကားမွာရွိတဲ့ ေနရာ ၂ ခုကုိ ဒီနွစ္အတြင္းမွာ တုိးခ်ဲ႔ေဆာက္လုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

 

"သန္လ်င္မွာ ဆုိက္ကယ္ကယ္ရီေတြကုိ ရပ္နားဖုိ႔ အခုဖြင့္ထားတဲ့ ေနရာနွစ္ခုအျပင္ ေနာက္ထပ္ေနရာ ၂ ခုကိုလည္း ဆုိင္ကယ္ဂိတ္ထုိးဖုိ႔ ေနရာတစ္ခုအျဖစ္ ထပ္မံတုိးခ်ဲ႕သြားဖို႔ ရွိတယ္"လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ထပ္တုိးခ်ဲ႕မယ့္ ေမာ္ေတာ္ယာဥ္ရပ္နားစခန္းေတြက အလ်ား(၁၉၂)ေပ×အနံေပ(၂၀)၊ ေနာက္ အလ်ားေပ(၂၃၄)×အနံ(၂၃)ေပရွိသည့္ ေနရာ(၂)ေနရာမွာေဆာက္လုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

အဆိုပါဂိတ္ေတြ တည္ေဆာက္ရာမွာ စဥ္ဆက္မျပတ္ အေရးယူႏုိင္ဖုိ႔ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ၀န္ထမ္ေတြ တုိးခ်ဲ႕ခန္႔ထားဖုိ႔အတြက္ သန္လ်င္စည္ပင္သာယာေရးအဖြဲ႕ကုိ ညႊန္ၾကားသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ လုပ္ငန္းျဖစ္တာေၾကာင့္ လုပ္ငန္းေအာင္ျမင္ဖုိ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႔တုိ႔နဲ႕ ပူးေပါင္း ေဆာင္ရြက္သြားမယ္လုိ႔ လည္းသိရပါတယ္။ သန္လ်င္ၿမိိဳ႕မေစ်း ပတ္၀န္းက်င္မွာ ေန႔စဥ္ ေမာ္ေတာ္ယာဥ္အစီး ၄၀၀ နဲ႔ ေမာ္ေတာ္ဆုိင္ကယ္ အစီးေရ ၁၃၀၀ ခန္႔ ရပ္နားေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs