• Local News
    မလေးရှားမူးယစ်ဆေးဝါးမှု ဆက်စပ်တရားခံပြေးနှစ်ဦးကို ကူညီရှာဖွေပေးဖို့ ရဲတပ်ဖွဲ့ထုတ်ပြန်
Wai Lin Kyaw
[Unicode Version]

Untitled-1.jpg 

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်နေတဲ့ ကွင်းဆက်တရားခံတွေထဲက တိမ်းရှောင်တရားခံတွေကို ကူညီစုံစမ်း သတင်းပေးပို့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်နေ့မှာ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ဆက်စပ်တဲ့ ကွင်းဆက်တရားခံတွေထဲက တိမ်းရှောင်တရားခံတွေဖြစ်တဲ့ တောင်ကြီးမြို့မှာ နေထိုင်တဲ့ မချင်ကျားမူ(ခ)မကျားဝေ(ခ) မနှင်းဦးလွင်၊ မော်လမြိုင်မြို့နဲ့ ပုဇွန်တောင်မြို့နယ်မှာနေထိုင်တဲ့ ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်တို့ကို ကူညီစုံစမ်းပေးဖို့နဲ့ တွေ့ရှိပါက နီးစပ်ရာရဲစခန်းအသီးသီးသို့ သတင်းပေးပို့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကွင်းဆက်တရားခံတွေဖြစ်တဲ့ ဇေယျာဟိန်းနဲ့ ထားဝယ်ကြီး (ခ) အောင်လွင်တို့ကို ထပ်မံဖမ်းဆီးရမိထားပြီး ကနဦး စိစစ်တွေ့ရှိထားတဲ့  မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းတွေကို ထိန်းသိမ်းထားပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်တဲ့ ဖမ်းမိတရားခံတွေဆီကနေ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာကနေရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ရယူပိုင် ဆိုင်ထားတယ်လို့ ယူဆရတဲ့ ပိုင်ဆိုင်မှုပေါင်း ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးကို ဖမ်းဆီးထိန်းသိန်းထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

[Zawgyi Version]

 

မေလးရွားနိုင္ငံမွာ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြနဲ႔ ပတ္သက္ေနတဲ့ ကြင္းဆက္တရားခံေတြထဲက တိမ္းေရွာင္တရားခံေတြကို ကူညီစုံစမ္း သတင္းေပးပို႔ဖုိ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဇြန္လ ၂၀ ရက္ေန႔မွာ အကူအညီေတာင္းခံခဲ့တယ္လို႔ သိရပါတယ္။

ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြနဲ႔ ပတ္သက္ဆက္စပ္တဲ့ ကြင္းဆက္တရားခံေတြထဲက တိမ္းေရွာင္တရားခံေတြျဖစ္တဲ့ ေတာင္ႀကီးၿမိဳ႕မွာ ေနထိုင္တဲ့ မခ်င္က်ားမူ(ခ)မက်ားေဝ(ခ) မႏွင္းဦးလြင္၊ ေမာ္လၿမိဳင္ၿမိဳ႕နဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ဟူစိန္(ခ)မိုဟာမက္ဟူစိန္၊ (၄၄)ႏွစ္ခန္႔တို႔ကုိ ကူညီစုံစမ္းေပးဖုိ႔နဲ႔ ေတြ႕ရွိပါက နီးစပ္ရာရဲစခန္းအသီးသီးသို႔ သတင္းေပးပို႔ဖုိ႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကြင္းဆက္တရားခံေတြျဖစ္တဲ့ ေဇယ်ာဟိန္းနဲ႔ ထားဝယ္ႀကီး (ခ) ေအာင္လြင္တို႔ကုို ထပ္မံဖမ္းဆီးရမိထားၿပီး ကနဦး စိစစ္ေတြ႕ရွိထားတဲ့  ေျမ၊ အေဆာက္အဦ၊ ေမာ္ေတာ္ယာဥ္၊ ေ႐ႊ၊ ေငြ၊ ဘဏ္စာရင္းေတြကို ထိန္းသိမ္းထားၿပီး ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒႏွင့္အညီ ဆက္လက္ အေရးယူေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

အဆိုပါအမႈနဲ႔ ပတ္သက္တဲ့ ဖမ္းမိတရားခံေတြဆီကေန မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္း၀ယ္တာကေနရရွိတဲ့ အက်ိဳးအျမတ္ေတြနဲ႔ ရယူပိုင္ ဆိုင္ထားတယ္လုိ႔ ယူဆရတဲ့ ပိုင္ဆိုင္မႈေပါင္း က်ပ္သိန္းေပါင္း ႏွစ္သိန္းနီးပါးကို ဖမ္းဆီးထိန္းသိန္းထားတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs