• Local News
    လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ "ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း တရားရှင်လွတ်
Wai Lin Kyaw
[Unicode Version]

11.png 

လူသတ်မှုစွဲချက်နဲ့ ဖမ်းဆီး တရားစွဲဆိုခံရထားရတဲ့ "ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ)ဇော်ကီးအာမတ် (ဘ)နိုရာမောက်ကို မောင်တောခရိုင်တရားရုံးမှ ဇွန်လ ၂၀ ရက်နေ့မှာ တရားရှင်လွှတ်ပေးလိုက်တယ်လို့ နိရဉ္စရာ သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

"ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ)ဇော်ကီးအာမတ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ငခူရစခန်း တိုက်ခိုက်ခံရမှုမှာ အကြမ်းဖက်သမားတွေကို အားပေး၊ အားမြောက်လုပ်တယ်ဆိုပြီး ဒုရဲမှူးထွန်ထွန်းစိုးမှ တစ်ခြား ဘင်္ဂလီလူမျိုး ၄၅ ဦးနဲ့ အတူ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

"လိုပြသက်သေ ၂၁ ဦးကို စစ်ဆေးပြီးတဲ့အခါမှာ စွဲဆိုထားတဲ့ အမှုတွေနဲ့ ငြိစွန်းမှု မရှိဘူး၊ ပေါ်ပေါက်မှု မရှိဘူ၊ ခိုင်လုံမှု မရှိဘူးဆိုပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ (၁) အရ စွဲချက် မတင်ခင် မောင်တောခရိုင် တရားရုံးကနေ ဦးအောင်ဇော်ဝင်းကို တရားရှင်လွတ်ပေး လိုက်တာ ဖြစ်ပါတယ်”လို့ မောင်တောခရိုင် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ထိုင်းလေကြောင်း TG နဲ့ ဘန်ကောက်သို့ ထွက်ခွာဖို့ ရောက်ရှိလာတဲ့ အချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မောင်တောမြို့သို့ လွဲပြောင်းကာ အမှုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

 

လူသတ္မႈစြဲခ်က္နဲ႔ ဖမ္းဆီး တရားစြဲဆိုခံရထားရတဲ့ "ရွိဳင္း" ေဆာက္လုပ္ေရး ကုမၼဏီဥကၠ႒ ဦးေအာင္ေဇာ္ဝင္း(ခ)ေဇာ္ကီးအာမတ္ (ဘ)နိုရာေမာက္ကုိ ေမာင္ေတာခရိုင္တရားရံုးမွ ဇြန္လ ၂၀ ရက္ေန႔မွာ တရားရွင္လႊတ္ေပးလိုက္တယ္လို႔ နိရဥၥရာ သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

"ရွိဳင္း" ေဆာက္လုပ္ေရး ကုမၼဏီဥကၠ႒ ဦးေအာင္ေဇာ္ဝင္း(ခ)ေဇာ္ကီးအာမတ္အား ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာ ၉ ရက္ ငခူရစခန္း တိုက္ခိုက္ခံရမႈမွာ အၾကမ္းဖက္သမားေတြကို အားေပး၊ အားေျမာက္လုပ္တယ္ဆိုၿပီး ဒုရဲမွဴးထြန္ထြန္းစိုးမွ တစ္ျခား ဘဂၤလီလူမ်ိဳး ၄၅ ဦးနဲ႔ အတူ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

"လိုျပသက္ေသ ၂၁ ဦးကို စစ္ေဆးၿပီးတဲ့အခါမွာ စြဲဆိုထားတဲ့ အမႈေတြနဲ႔ ၿငိစြန္းမႈ မရွိဘူး၊ ေပၚေပါက္မႈ မရွိဘူ၊ ခိုင္လံုမႈ မရွိဘူးဆိုၿပီး ရာဇ၀တ္က်င့္ထံုး ပုဒ္မ ၂၅၃ (၁) အရ စြဲခ်က္ မတင္ခင္ ေမာင္ေတာခရိုင္ တရားရံုးကေန ဦးေအာင္ေဇာ္၀င္းကို တရားရွင္လြတ္ေပး လိုက္တာ ျဖစ္ပါတယ္”လို႔ ေမာင္ေတာခရိုင္ တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦးျဖစ္သူ ဦးသခၤါေက်ာ္က နိရဥၥရာသတင္းဌာနကို ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ယခင္ျပည္ခိုင္ျဖိဳးပါတီ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ရိႈင္းေဆာက္လုပ္ေရး ကုမၸဏီဥကၠ႒ ဦးေအာင္ေဇာ္၀င္းကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေဖေဖၚ၀ါရီ ၂၈ ရက္ေန႔က ထုိင္းေလေၾကာင္း TG နဲ႔ ဘန္ေကာက္သို႔ ထြက္ခြာဖုိ႔ ေရာက္ရွိလာတဲ့ အခ်ိန္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ေမာင္ေတာၿမိဳ႕သို႔ လြဲေျပာင္းကာ အမႈစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs