• Local News
    အလယ်တန်းပြီးတဲ့ ကျောင်းသား၊ ကျောင်းသူ ခုနစ်ရာခိုင်နှုန်းသာ သိပ္ပံတွဲယူဖို့ အရည်အချင်းပြည့်မီ
Wai Lin Kyaw
[Unicode Version]

35760906_2072597236397935_3725877884397551616_o.jpg 

၂၀၁၈ အခြေခံပညာအလယ်တန်း ပြီးမြောက်တဲ့ စာမေးပွဲ (အဋ္ဌမတန်းစာမေးပွဲ) ရလဒ်တွေအရ တစ်နိုင်ငံလုံးမှာ အဆင့် (A) (Grade-A) နဲ့ အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ ၇ ရာခိုင်နှုန်းသာရှိပြီး အဆိုပါကျောင်းသားတွေပဲ အထက်တန်းမှာ သိပ္ပံဘာသာရပ်ကို အခက်အခဲမရှိ သင်ယူနိုင်တယ်လို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောကြားချက်ကို ဒီနေ့ထုတ် 7Day သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဋ္ဌမတန်းမှာ အဆင့် (A)နဲ့ အောင်မြင်မှုက ၇ ရာခိုင်နှုန်း၊ အဆင့် (B) နဲ့ ၂၀ ရာခိုင်နှုန်း၊ အဆင့် (C) နဲ့ ၇၃ ရာခိုင်နှုန်း အောင်မြင်ထားတယ်လို့ ဆိုပါတယ်။

အဆင့် (A) နဲ့ အောင်မြင်သူတွေက သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံ ဘယ်ဘာသာတွဲမဆို သင်ယူဖို မခက်ခဲဘဲ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်မယ့်အပြင် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိသူတွေ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

Education myanmar student business today.jpg 

(B) အဆင့်ရရှိသူတွေက သိပ္ပံဘာသာတွဲ သင်ယူမယ်ဆိုရင် အခက်အခဲရှိနိုင်ပြီး ဝိပ္ပံဘာသာတွဲ သင်ယူပါက တက္ကသိုလ်ဝင်စာ မေးပွဲကို အထိုက် အလျောက် အောင်မြင်နိုင်ကာ အဆင့် (C) ရရှိတဲ့ ကျန် ၇၃ ရာခိုင်နှုန်းက ဘာသာရပ်အားလုံးကို မြန်မာလို ပြဋ္ဌာန်းထားတဲ့ ဝိဇ္ဇာဘာသာ တွဲသာ သင်ယူသင့်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အရင်က နဝမတန်းကျောင်း အပ်လက်ခံတာနဲ့ ဘာသာတွဲကို တစ်ပါတည်းရွေးချယ်ခွင့် ပြုခဲ့ပေမယ့် ၂၀၁၆-၁၇ ပညာသင်နှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးရှိ အထက်တန်းကျောင်းတချို့မှာ ဘာသာရပ်အားလုံးကို တစ်လခန့် သင်ကြားပြီးမှသာ ကျောင်းသား၊ ကျောင်းသူတွေ နှစ်သက်ရာ ဘာသာတွဲကို ရွေးချယ်တဲ့ စနစ်ကို စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။

[Zawgyi Version]

 

၂၀၁၈ အေျခခံပညာအလယ္တန္း ၿပီးေျမာက္တဲ့ စာေမးပဲြ (အ႒မတန္းစာေမးပဲြ) ရလဒ္ေတြအရ တစ္ႏုိင္ငံလုံးမွာ အဆင့္ (A) (Grade-A) နဲ႔ ေအာင္ျမင္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ၇ ရာခိုင္ႏႈန္းသာရွိၿပီး အဆိုပါေက်ာင္းသားေတြပဲ အထက္တန္းမွာ သိပၸံဘာသာရပ္ကို အခက္အခဲမရွိ သင္ယူႏုိင္တယ္လုိ႔ ပညာေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးရဲ႕ ေျပာၾကားခ်က္ကုိ ဒီေန႔ထုတ္ 7Day သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ဇြန္လ ၂၂ ရက္ေန႔က က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ အခုလိုေျပာၾကားခဲ့တာျဖစ္ၿပီး ၂၀၁၇-၁၈ ပညာသင္ႏွစ္မွာ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ အ႒မတန္းမွာ အဆင့္ (A)နဲ႔ ေအာင္ျမင္မႈက ၇ ရာခိုင္ႏႈန္း၊ အဆင့္ (B) နဲ႔ ၂၀ ရာခိုင္ႏႈန္း၊ အဆင့္ (C) နဲ႔ ၇၃ ရာခိုင္ႏႈန္း ေအာင္ျမင္ထားတယ္လုိ႔ ဆိုပါတယ္။

အဆင့္ (A) နဲ႔ ေအာင္ျမင္သူေတြက သိပၸံ၊ ၀ိဇၨာ၊ ၀ိပၸံ ဘယ္ဘာသာတဲြမဆုိ သင္ယူဖို မခက္ခဲဘဲ တကၠသိုလ္၀င္စာေမးပဲြကို ထူးခြၽန္စြာ ေျဖဆုိႏုိင္မယ့္အျပင္ ႏုိင္ငံတကာနဲ႔ ယွဥ္ၿပိဳင္ႏုိင္စြမ္းရွိသူေတြ ျဖစ္တယ္လို႔ ၀န္ႀကီးက ဆိုပါတယ္။

 

(B) အဆင့္ရရွိသူေတြက သိပၸံဘာသာတဲြ သင္ယူမယ္ဆိုရင္ အခက္အခဲရွိႏုိင္ၿပီး ၀ိပၸံဘာသာတဲြ သင္ယူပါက တကၠသိုလ္၀င္စာ ေမးပဲြကို အထုိက္ အေလ်ာက္ ေအာင္ျမင္ႏုိင္ကာ အဆင့္ (C) ရရွိတဲ့ က်န္ ၇၃ ရာခိုင္ႏႈန္းက ဘာသာရပ္အားလုံးကို ျမန္မာလို ျပ႒ာန္းထားတဲ့ ၀ိဇၨာဘာသာ တဲြသာ သင္ယူသင့္တယ္လို႔ ၀န္ႀကီးက ေျပာပါတယ္။

အရင္က န၀မတန္းေက်ာင္း အပ္လက္ခံတာနဲ႔ ဘာသာတဲြကို တစ္ပါတည္းေရြးခ်ယ္ခြင့္ ျပဳခဲ့ေပမယ့္ ၂၀၁၆-၁၇ ပညာသင္ႏွစ္မွာ ရန္ကုန္တုိင္း ေဒသႀကီးရွိ အထက္တန္းေက်ာင္းတခ်ဳိ႕မွာ ဘာသာရပ္အားလုံးကို တစ္လခန္႔ သင္ၾကားၿပီးမွသာ ေက်ာင္းသား၊ ေက်ာင္းသူေတြ ႏွစ္သက္ရာ ဘာသာတဲြကို ေရြးခ်ယ္တဲ့ စနစ္ကို စမ္းသပ္ေဆာင္ရြက္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs