• Local News
    FDA ဝန်ထမ်းအမျိုးသမီးအမှု ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦး(ခ)ဆီဒိုးနားကို သေဒဏ်ချမှတ်
Wai Lin Kyaw
[Unicode Version]

29541882-2048192962106050-1706788155817394761-n.jpg 

FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်၊ သတ်ဖြတ်လုယက်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ မျိုးဇော်ဦး(ခ)ဆီးဒိုးနားကို လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ မုဒိမ်းမှုပုဒ်မတွေနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန) ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်တယ်လို့ သံသယရှိသူ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားကို လူသတ်မှုပုဒ်မ ၃၀၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု ၃၇၇နှင့် လုယက်မှု ကျူးလွန်ရာတွင် နာ ကျင်စေမှုပုဒ်မ ၃၉၄ တို့နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမိန့်ချမှတ်မှုကို တရားခံဘက်က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေ ဦးမောင်မောင်လွင်က ပြောပါတယ်။

FDA ဝန်ထမ်း မရွှေရည်ဝင်းက ဇန်နဝါရီ ၂၀ ရက်မှာ ဒဂုံမြို့နယ်က နေအိမ်သို့ ပြန်ဖို့ လှည်းတန်းလမ်းဆုံနားမှာ တက္ကစီငှားစီးတာကနေ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူ မရွှေရည်ဝင်း (အသက် ၂၅ နှစ်)က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ကနေ ရန်ကုန်ရှိ မိသားစုနေအိမ်သို့ ပြန်လာခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နေအိမ်ကနေ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားရာမှ ပျောက်ဆုံးသွားလို့ ဖခင်ဖြစ်သူက ဒဂုံမြို့မရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ ငမိုးရိပ်ချောင်းကမ်းစပ်မှာ ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာ၊ လက်ဝတ်ရတနာနဲ့ ဖုန်းတွေပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

FDA ၀န္ထမ္းအမ်ဳိးသမီးကုိ မုဒိမ္းက်င့္၊ သတ္ျဖတ္လုယက္မႈနဲ႔ အမႈရင္ဆုိင္ေနရတဲ့ မ်ဳိးေဇာ္ဦး(ခ)ဆီးဒိုးနားကုိ လူသတ္မႈ၊ လုယက္မႈ၊ မုဒိမ္းမႈ၊ ဓမၼတာနဲ႔ဆန္႔က်င္တဲ့ မုဒိမ္းမႈပုဒ္မေတြနဲ႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ဇြန္လ ၂၂ ရက္ေန႔မွာ ရန္ကုန္အေရွ႕ပိုင္းခရိုင္တရားရံုးက ေသဒဏ္ခ်မွတ္ခဲ့တယ္လုိ႔ သိရပါတယ္။

FDA (အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန) ဒုႀကီးၾကပ္ေရးမွဴး မေရႊရည္ဝင္းကို အဓမၼျပဳက်င့္သတ္ျဖတ္တယ္လုိ႔ သံသယရွိသူ မ်ဳိးေဇာ္ဦး (ေခၚ) ဆီဒိုးနားကို လူသတ္မႈပုဒ္မ ၃၀၂၊ မုဒိမ္းမႈပုဒ္မ ၃၇၆၊ ဓမၼတာႏွင့္ ဆန္႔က်င္ေသာျပစ္မႈ ၃၇၇ႏွင့္ လုယက္မႈ က်ဴးလြန္ရာတြင္ နာ က်င္ေစမႈပုဒ္မ ၃၉၄ တို႔နဲ႔ ေဖေဖာ္ဝါရီ ၂၂ ရက္က အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွာ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ အမိန္႔ခ်မွတ္မႈကုိ တရားခံဘက္က တစ္လအတြင္း အယူခံ၀င္သြားမယ္လုိ႔ တရားခံေရွ႕ေန ဦးေမာင္ေမာင္လြင္က ေျပာပါတယ္။

FDA ၀န္ထမ္း မေရႊရည္၀င္းက ဇန္န၀ါရီ ၂၀ ရက္မွာ ဒဂံုၿမိဳ႕နယ္က ေနအိမ္သို႔ ျပန္ဖို႔ လွည္းတန္းလမ္းဆံုနားမွာ တကၠစီငွားစီးတာကေန တကၠစီယာဥ္ေမာင္း မ်ဳိးေဇာ္ဦး (ခ) ဆီဒိုးနား၏ အဓမၼျပဳက်င့္ သတ္ျဖတ္ခံရေၾကာင္း ရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္ထားပါတယ္။

အသတ္ခံရသူ မေ႐ႊရည္ဝင္း (အသက္ ၂၅ ႏွစ္)က ေနျပည္ေတာ္ အစားအေသာက္ႏွင့္ ေဆးဝါးဦးစီးဌာနမွ ဒုႀကီးၾကပ္ေရးမွဴးျဖစ္ၿပီး ဇန္နဝါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္ကေန ရန္ကုန္ရွိ မိသားစုေနအိမ္သုိ႔ ျပန္လာခဲ့ၿပီး ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ ေနအိမ္ကေန အလုပ္ကိစၥနဲ႔ အျပင္ထြက္သြားရာမွ ေပ်ာက္ဆံုးသြားလုိ႔ ဖခင္ျဖစ္သူက ဒဂံုၿမိဳ႕မရဲစခန္းမွာ လူေပ်ာက္တုိင္ခ်က္ ဖြင့္ခဲ့ၿပီး ဇန္နဝါရီလ ၂၁ ရက္ မနက္ပုိင္းမွာ ငမိုးရိပ္ေခ်ာင္းကမ္းစပ္မွာ ခႏၶာကုိယ္ေအာက္ပိုင္း အဝတ္ဗလာ၊ လက္၀တ္ရတနာနဲ႔ ဖုန္းေတြေပ်ာက္ဆံုးၿပီး ျပန္လည္ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs