• Local News
    ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခိုက်ရန်ဖြစ်ပွားတဲ့ ဒဂုံအရှေ့ပိုင်း NLD ပါတီ ဥက္ကဌကို ပါတီမှထုတ်ပယ်
Wai Lin Kyaw
[Unicode Version]

36121331_644828442519609_3687826913696415744_n.jpg 

တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌက သူ့ရဲ့သဘောဆန္ဒအလျှောက် နှုတ်ထွက်ခွင့်တောင်းလာလို့ ပါတီမှ ဇွန်လ ၁၉ ရက်နေ့ကတည်းက ထုတ်ပယ်ထားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးဖြစ်ပျက်လာတဲ့ ကိစ္စတွေအပေါ် ပါတီက တာဝန်ယူမှာမဟုတ်ဘဲ ဦးလှထွန်းနဲ့ တိုက်ရိုက် ပတ်သက်ကြောင်း အသိပေးတဲ့စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဇွန်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီလောက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း ကျန်စစ်သားလမ်းမပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မူခင်းကျဆင်းရေးအတွက် ယာဉ်တွေကို စစ်ဆေးစီစစ်နေတဲ့အချိန်မှာ စည်းကမ်းမဲ့မောင်းနှင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖမ်းဆီးခဲ့တဲ့သူတွေက အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ NLDပါတီဝင်များ ဖြစ်နေလို့  ဒဂုံအရှေ့ပိုင်း NLD ပါတီ ဥက္ကဌ ဦးလှထွန်းမှ အရက်မူးကာ လာရောက် ဆဲဆို ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖွိုင် လူမှုကွန်ယက်စာမျက်နှာမှာ ပျံံ့နှံ့ခဲ့ပြီးနောက်ပိုင်း အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကို ဓူဝံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲပါတယ်။

[Zawgyi Version]

 

တာ၀န္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တဲ့ ဒဂံုအေ႐ွ႕ပိုင္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) ဥကၠ႒က သူ႔ရဲ႕သေဘာဆႏၵအေလွ်ာက္ ႏႈတ္ထြက္ခြင့္ေတာင္းလာလုိ႔ ပါတီမွ ဇြန္လ ၁၉ ရက္ေန႔ကတည္းက ထုတ္ပယ္ထားတယ္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါခိုက္ရန္ျဖစ္ပြားမႈနဲ႔ ပတ္သက္ၿပီးျဖစ္ပ်က္လာတဲ့ ကိစၥေတြအေပၚ ပါတီက တာ၀န္ယူမွာမဟုတ္ဘဲ ဦးလွထြန္းနဲ႔ တိုက္ရိုက္ ပတ္သက္္ေၾကာင္း အသိေပးတဲ့စာကုိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ဇြန္လ ၁၉ ရက္ေန႔ ေန႕စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ဇြန္လ ၁၈ ရက္ေန႔ ည ၈ နာရီေလာက္က ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမဳိ႕သစ္အေ႐ွ႕ပိုင္း က်န္စစ္သားလမ္းမေပၚမွာ ရဲတပ္ဖြဲ႔ဝင္ေတြက မူခင္းက်ဆင္းေရးအတြက္ ယာဥ္ေတြကို စစ္ေဆးစီစစ္ေနတဲ့အခ်ိန္မွာ စည္းကမ္းမဲ့ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ေတြကုိ ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလိုဖမ္းဆီးခဲ့တဲ႔သူေတြက အမွတ္ ၇ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ NLDပါတီဝင္မ်ား ျဖစ္ေနလို႔  ဒဂုံအေရွ႕ပိုင္း NLD ပါတီ ဥကၠဌ ဦးလွထြန္းမွ အရက္မူးကာ လာေရာက္ ဆဲဆို ခိုက္ရန္ျဖစ္ပြားခဲ့တဲ့ ဗီဒီယိုဖြိဳင္ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံံ႕ႏွံ႔ခဲ့ၿပီးေနာက္ပိုင္း အခုလိုေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တာ၀န္ရွိသူတစ္ဦးကို ဓူ၀ံက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ေျဖဆိုခြင့္မရွိေၾကာင္း ျပန္လည္ေျပာၾကားခဲပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs