• Local News
    မလေးမူးယစ်အမှု ထိပ်တန်း သံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ
Wai Lin Kyaw
[Unicode Version]

35771090_1102016143279456_6118341175561682944_n.jpg

၂ဝ၁၅ မေ ၂၆ ရက်နေ့က ထိုင်း-မလေးရှား နယ်စပ် လူကုန်ကူးစခန်းအနီး ရုပ်အလောင်း တူးဖော်သူများ၊ ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - REUTERS/Damir Sagolj)

 

မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲကြီးတစ်ခုအတွက် စိတ်လှုပ်ရှား တက်ကြွနေကြချိန်၂ဝ၁၅ မေလအတွင်း နိုင်ငံတကာမှာ ကြောက်မက်ဖွယ် သတင်း တစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။

အဲဒါကတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ မလေးရှား နယ်စပ်က ထူထပ်လှတဲ့ တောတွင်း တစ်နေရာမှာ လူကုန်ကူးဂိုဏ်းတွေအသုံးပြုခဲ့တဲ့ လျှို့ဝှက်စခန်း ၂၈ ခုကို မလေးရှားရဲတပ်ဖွဲ့က စီးနင်း ရှာဖွေတွေ့ရှိခဲ့တယ်၊ အဲဒီမှာ လူကုန်ကူးခံရသူတွေရဲ့ ရုပ်အလောင်း ၁၃၉ လောင်းကို တူးဖော် တွေ့ရှိရတယ် ဆိုတဲ့ သတင်းပါပဲ။

မြန်မာနိုင်ငံမှာတော့ ဒီသတင်းကို သိပ်သတိမထားမိခဲ့ကြပါဘူး။ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာ ပြတ်လပ်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ ရုပ်အလောင်းတွေကို စစ်ဆေးချက်က ဆိုပါတယ်။ ထိုင်း-မလေးရှားနယ်စပ်ဟာ လှေစီးဒုက္ခသည်တွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ကနေ အရှေ့တောင်အာရှကို လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေရဲ့ ခရီးတစ်ထောက်နားတဲ့ နေရာဖြစ်တယ်၊ လူကုန်ကူးခံရသူတွေကို အဲဒီ လျှို့ဝှက် စခန်းတွေမှာ ချုပ်နှောင်ထားတယ်၊ ငွေပေးပြီး မရွေးနိုင်တဲ့သူတွေကို ရောင်းစားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီသတင်းပေါ်ထွက်လာပြီး မကြာခင်မှာပဲ ဒီလို လှေနဲ့ လူကုန်ကူးတဲ့ဂိုဏ်းတွေကို အဓိကဦးဆောင်နေ သူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ‘ရိုဟင်ဂျာ’မွတ်စလင်တွေဖြစ် တယ် လို့ မလေးရှား နိုင်ငံပိုင် သတင်းဌာန Bernama ရဲ့ သတင်းတစ်ပုဒ်က ဆိုပါတယ်၊ လူကုန်ကူးစခန်း ၂၈ ခုရဲ့ နောက်ကွယ်မှာ အဓိကကြီးကြပ်နေသူဟာ မြန်မာနိုင်ငံက “ရိုဟင်ဂျာ” တစ်ယောက်ဖြစ်ကြောင်း၊ နာမည်က ‘Yassin (ယာစင်)’ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ရိုဟင်ဂျာကို မြန်မာပြည်မှာ ဘင်္ဂါလီလို့ အများအပြားက ခေါ်ကြပါတယ်။

အဲဒီ ယာစင်ဆိုတဲ့လူဟာ ထိုင်းတောင်ပိုင်းမှာ နေတယ်၊ ထိုင်းနဲ့မြန်မာ မှတ်ပုံတင် နှစ်မျိုးစလုံး ကိုင်ဆောင် ထားပြီး သူ့မှာ ထိုင်းနဲ့မြန်မာ နာမည်နှစ်မျိုးရှိတယ်၊ ဘင်္ဂါလီ/ရိုဟင်ဂျာ ဆိုသူတွေကို လူကုန် ကူးနေသူဖြစ်တယ်၊ ဒီကိစ္စ ပေါ်တော့ ထိုင်းဘက် တိမ်းရှောင်သွားရာကနေ မြန်မာနိုင်ငံထဲကို ဇနီးနဲ့အတူ တိတ်တဆိတ် ပြန်ဝင်သွားကြောင်း ယုံကြည်ရတယ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ကာလ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

35844671_1102017033279367_2122958907998470144_n.jpg

တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ မောင်မောင်၏ တိုက်ခန်း (ဓာတ်ပုံ - Myanmar Now)

 

သုံးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့နာမည်လူမှောင်ခိုရာဇာအဖြစ် စွပ်စွဲခံခဲ့ရတဲ့ အဲဒီ “ယာစင်” ဆိုတဲ့ နာမည်ဟာ မကြာမတင်က မြန်မာနိုင်ငံထဲမှာ ရုတ်တရက် ပေါ်ထွက်လာပါတယ်။ ပြီးခဲ့တဲ့လမှာ မြန်မာနိုင်ငံက တင်ပို့လိုက်ပြီး မလေးရှားမှာ စံချိန်တင် ဖမ်းဆီးရမိခဲ့တဲ့ ၁ ဒသမ ၂ တန် ရှိတဲ့ မူးယစ်ဆေးအမှုမှာ အဓိက လက်သည် တရားခံဟာ ၄၄ နှစ်အရွယ် “မောင်မောင် ခေါ် Hj Yassin” ဖြစ်တယ်လို့ ံ ပြည်ထဲရေး ဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။  

မကြာခင်မှာပဲ သူ့ကို ဖမ်းမိပြီလို့ ထပ်မံသတင်းထုတ်ခဲ့ပါတယ်။မောင်မောင် ခေါ် ဟာဂျီယာစင် (Hj Yassin) ကို ဖမ်းမိတဲ့နောက်မှာ သူဟာ မလေးရှားနယ်စပ်မှာ လူကုန်ကူးမှုတွေ၊ လူသတ်မှုတွေအတွက် သံသယရှိသူအဖြစ် ကြေညာခံထားရတဲ့ Yassin နဲ့ တစ်ယောက်တည်းလား ဆိုတဲ့ မေးခွန်း ပေါ်ထွက်လာပါတယ်။

အကြောင်းရင်းကတော့ အခုဖမ်းမိထားတဲ့ မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ဖူးပြီး မလေးရှား နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအကြား၊ အထူးသဖြင့် မလေးရောက် မြန်မာနိုင်ငံသား မွတ်စလင်တွေကြားမှာ အောင်မြင်တဲ့ စတိုးဆိုင်၊ ငွေလွှဲလုပ်ငန်း၊ စားသောက်ဆိုင် စတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင် အဖြစ် လူသိများကျော်ကြားတဲ့သူဖြစ်နေလို့ပါပဲ။

အခုက စပြီး Yassin ကို ‘ယာစင်’ လို့ပဲ ရေးပါမယ်။မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ မလေးရှားရောက် မြန်မာပြည်ဖွား မွတ်စလင် အသိုင်းအဝန်းမှာရှိတဲ့ Myanmar Now သတင်းရင်းမြစ်တွေကတော့ အခုဖမ်းမိထားတဲ့ မောင်မောင် ခေါ် ယာစင်ဟာ လူမှောင်ခိုရာဇာ ယာစင်နဲ့ တစ်ယောက်တည်းပဲလို့ ပြောပါတယ်။

သူတို့ဟာ မလေးရှားမှာ ကွန်ရက်ကြီးတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ရန်ကြောင့် သူတို့နာမည်ကို ထုတ်ဖော်မရေးသား စေချင်ကြပါဘူး။မောင်မောင် ခေါ် ယာစင်ရဲ့အမှုမှာ အရေးပါတဲ့ သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ ရန်ကုန်က သူ့ရဲ့ ဇနီး ကတော့ သူ့ယောက်ျားနဲ့ လူကုန်ကူးတရားခံ ယာစင်တို့ဟာ နာမည်တူတာသာဖြစ်တယ်လို့ ပြောပါတယ်။

35838260_1102026523278418_7219126544608788480_o.jpg

မလေးရှားရှိ မောင်မောင်၏ လုပ်ငန်းတစ်ခု (ဓာတ်ပုံ - အောင်ရတနာစတိုး)

 

မလေးရှား၊ ကေဒါပြည်နယ်အခြေစိုက် မလေးရိုဟင်ဂျာအသင်း (Kedah Rohingya Society in Malaysia - RSM) ရဲ့ ဒုတိယဥက္ကဋ္ဌ ယူစွပ် အလီ (Yusof Ali) ကလည်း ဒီနှစ်ယောက်ဟာ သပ်သပ်စီ ဖြစ်တယ်လို့ ဆိုပါတယ်။သူတို့နှစ်ယောက်က ခုလို ငြင်းပေမယ့်လည်း နှစ်ယောက်စလုံးဆီကနေ ရလိုက်တဲ့အချက်ကတော့ မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားနိုင်ငံမှာတုန်းက လူကုန်ကူးဂိုဏ်းသံသယနဲ့ မလေးရှား အထူးစုံစမ်းရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးတာကို ခံရဖူးတယ် ဆိုတာပါပဲ။

“သူဒီလို စစ်ဆေးခံရတော့ ကျွန်တော်ကိုယ်တိုင် မလေးရှားရဲတွေဆီ သွားပြီး စကားပြန် လုပ်ပေးခဲ့ရတယ်။ ‘သူဟာ စီးပွားရေးသမား သက်သက်ပဲ၊ လူကုန်ကူးတာမလုပ်ဘူး’လို့ (မလေးရဲကို) ပြောပြီး သူလွတ်အောင် ကျွန်တော်ပဲ လုပ်ပေးခဲ့တာ”လို့ မလေးရှားမှာ ရှိတဲ့ ယူစွပ် အလီက Myanmar Now ကို ဖုန်းနဲ့ ပြောပါတယ်။

‘ယာစင်’ဆိုသူဟာ ထိုင်းတောင်ပိုင်းမှာရှိတဲ့ လူမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းဆီကနေ ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပုံသေဈေးနှုန်းတစ်ခု သတ်မှတ်ပြီးဝယ်ကြောင်း၊ မလေးရှားဘက်ခြမ်း ဝမ်ကေလီယန် (Wang Kelian) က တစ်ထောက်နားစခန်းတွေမှာ ခဏထားထားပြီး တခြား လူကုန်ကူးသူတွေဆီကို ပြန်ရောင်းကြောင်း ယူစွပ် အလီက သူရထားတဲ့ အချက်အလက်တွေကို အခြေခံပြီး Bernama သတင်းဌာနကို အဲဒီတုန်းက ပြောခဲ့ဖူးပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းကတော့ အဲဒါဟာ လူမှားပြီး အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။“မလေး (အထူးစုံစမ်းရေး) ရဲတပ်ဖွဲ့က ကျွန်မအမျိုးသားကို ခေါ်စစ်ဖူးပေမယ့် နာမည် တူတာပါ။ စုံစမ်း စစ်ဆေးပြီး မဟုတ်မှန်း သိတော့ ပြန်လွှတ် ပေးခဲ့ပါတယ်။ တကယ်က အဲဒီလူ (လူမှောင်ခို) က နာမည်တူနဲ့ လုပ်စားတာပါ” လို့ တာမွေမြို့နယ် ဖိုးစိန်လမ်းမှာရှိတဲ့ သူတို့လင်မယား နေထိုင်ရာ ကွန်ဒိုအခန်းမှာ Myanmar Now ကို ပြောပါတယ်။

မန်မာနိုင်ငံမှာရော မလေးရှားမှာပါ ‘ဟာဂျီ ယာစင်’လို့ လူသိများတဲ့ မောင်မောင် ရဲ့ မိဘတွေဟာ ရခိုင် မြောက်ပိုင်းသားတွေဖြစ်ပေမယ့် မောင်မောင်ကိုတော့ ရန်ကုန်မှာပဲမွေးပြီး အင်းစိန်ဗလီလမ်းမှာ ကြီးတယ် လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်း သတင်းရင်းမြစ်တစ်ခုကတော့ မောင်မောင် ခေါ် ယာစင်ဟာ မောင်တောမြို့ (၅) ရပ်ကွက်မှာ နေခဲ့ဖူးတယ်လို့ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ ဖခင် ‘ဦးရှော်ရိတ်အာမောက်’ ဆိုတဲ့ နာမည်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းသား မွတ်စလင်တွေ မှည့်တတ်တဲ့ နာမည်မျိုးဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့အခြားဒေသက မွတ်စလင်တွေဟာ ‘အာမက်’ဆိုတဲ့ နာမည်ကို သုံးကြပြီး ရခိုင်မြောက်ပိုင်းမှာတော့ ‘အာမောက်’လို့ သုံးတတ်ကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

ဟာဂျီ ယာစင်ဟာ ၁၉၈၉ ဝန်းကျင် အသက် ၁၅ နှစ် အရွယ်လောက်မှာ မလေးရှားကို ထိုင်းကတစ်ဆင့် တရားမဝင် လမ်းကြောင်းကနေ ရောက်သွားတယ်၊ မလေးရှားမှာ ကျပန်းအလုပ်တွေလုပ်၊ ပန်းရံအလုပ်တွေ ပုတ်ပြတ် လက်ခံရာကနေ နောင်မှာ မြန်မာနိုင်ငံက တင်သွင်းတဲ့ စားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းတွေ ရောင်းချတဲ့ ‘အောင်ရတနာ’ဆိုတဲ့ လက်လီဆိုင်ခွဲတွေကို ဖွင့်လှစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။

36003284_1102018296612574_5820546512832167936_o.jpg 

http://aungyadanastore.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာတော့ မြို့တော် ကွာလာလမ်ပူ၊ ကေဒါပြည်နယ်က အလော်ဆေးတား (Alor Setar) နဲ့ မြန်မာအလုပ်သမား အများအပြား ရှိတဲ့ ပီနန်ပြည်နယ်က ဘူကစ် မာတာဂျမ် (Bukit Mertajam) တို့မှာ ဖွင့်လှစ်ထားတဲ့ ‘အောင်ရတနာစတိုး’ ဆိုင်ဓာတ်ပုံတွေကို ဆလိုက်ရှိုးပုံစံနဲ့ တင်ထားပြီး စတိုးဆိုင် နာမည်တွေ အောက်မှာလည်း မြန်မာပြည်အနှံ့ ငွေလွှဲငွေပို့ လုပ်ငန်းတွေ လုပ်ကိုင်ကြောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားပါတယ်။

မလေးရှားရောက် သိန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေ မြန်မာနိုင်ငံကို ငွေလွှဲပို့ပေးတဲ့အဓိကဝန်ဆောင်မှု ပေးနေတာဟာ မောင်မောင် ခေါ် ဟာဂျီ ယာစင်ဖြစ်တယ်လို့ မလေးရှားမှာနေထိုင်တဲ့ အမည် မဖော်လိုသူတစ်ဦးက ပြောပါတယ်။ မြန်မာဘက်ကနေ မလေးကို သင်္ဘောနဲ့ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းမှာလည်း မလေးအာဏာပိုင်တွေထဲအထိ ပေါက်ရောက်တယ်လို့ သူက ဆိုပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ ရန်ကုန်မြို့က ဇနီးကလည်း မလေးရှားနိုင်ငံက အောင်ရတနာစတိုးဆိုင်တွေ၊ ငွေလွှဲလုပ်ငန်းတွေကို သူ့ယောက်ျားဖြစ်သူ ပိုင်ဆိုင်ပြီး ငွေလွှဲလုပ်ငန်းကနေ တစ်နေ့ကို ဒေါ်လာသောင်း၊ သိန်း ချီ ဝင်ငွေရတယ်လို့ ပြောပါတယ်။ သူဟာ ဒုတိယဇနီးဖြစ်ပြီး မလေးရှားနိုင်ငံမှာ ယာစင်ရဲ့ ပထမဇနီး ရှိတယ် လို့ ပြောပါတယ်။

ပြည်တော်ပြန်ခြင်း၂ဝ၁၅ ခုနှစ် မေလ လူကုန်ကူးခံရသူတွေရဲ့ ရုပ်အလောင်း ၁ဝဝ ကျော်နဲ့ ပတ်သက်ပြီး မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားရဲရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး အခြေချ ပါတယ်။ ဒုတိယဇနီးဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းကတော့ သူတို့ပြန်လာတာဟာ လူကုန်ကူးမှုကိစ္စကြောင့် မဟုတ်ဘဲ “အသက်အရွယ်ရလာတာကြောင့်” ကိုယ့်ဇာတိရပ်ရွာမှာ ပြန်အခြေချဖို့အတွက် မလေးရှားမှာ စီးပွားရေး အဆင်ပြေတဲ့ကြားကနေ ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းမှာ ပြန်လာခဲ့ရတာလို့ ပြောပါတယ်။

အသက်အရွယ်ကို အကြောင်းပြချက်ပေးပေမယ့် သူ့ရဲ့ခင်ပွန်းဟာ အသက် ၄၄ နှစ်ပဲ ရှိသေးသလို ဒေါ်ဝင်းမာထွန်းဟာလည်း ခင်ပွန်းထက် ငယ်ရွယ်ဦးမယ့်ပုံပေါက်ပါတယ်။ ဒါ့ပြင် သူတို့ ပြန်လာချိန်ဟာ မြန်မာနိုင်ငံမှာ မွတ်စလင်မုန်းတီးရေး ဟောပြောမှုတွေ မြင့်တက်နေလို့ မွတ်စလင် တချို့တောင် ပြည်ပထွက်အခြေချဖို့ ကြိုးစားကြချိန်လည်းဖြစ်ပါတယ်။

“ဟိုမှာက နေရထိုင်ရ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကအစ အဆင်ပြေပေမယ့် ကိုယ့်ရဲ့ နောက်ဆုံးထွက်သက် ကတော့ အဆင်မပြေဘူး။ အဲဒါလေးတစ်ခုပါပဲ။ ပိုက်ဆံဘယ်လိုရှာရမလဲ ကောင်းကောင်း သိနေပါပြီ”လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။မောင်မောင် ခေါ် ဟာဂျီယာစင်ဟာ မလေးရှားကို လွန်ခဲ့တဲ့ နှစ် ၂ဝ နီးပါးက တရားမဝင်ထွက်ခွာသွားခဲ့ပေမဲ့ ပြန်လာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ပြန်လာခဲ့တယ်လို့ ယူဆရပါတယ်။

 ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းမှာ ပူးတွဲပါတဲ့ သူ့ရဲ့ နိုင်ငံကူးလက်မှတ် အထောက်အထား မှာတော့ ကွာလာလမ်ပူ မြန်မာသံရုံးက ၂ဝ၁၇ အောက်တိုဘာ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံပြန်မလာခင် မလေးရှားက သူ့လုပ်ငန်းအချို့ကို ပိတ်သိမ်းခဲ့တယ်၊ ပီနန်က BM Plaza မှာ ဖွင့်ထားတဲ့ အောင်ရတနာစတိုးတစ်ဆိုင်ကို လူယုံတွေလက်ထဲ အပ်တယ်၊ ပြီးတော့ မိသားစုလိုက် မြန်မာနိုင်ငံ ပြန်လာတယ် လို့ သူ့ဇနီးက ပြောပါတယ်။

ပို့ကုန်လုပ်ငန်း ဆက်လုပ်ကိုင်သလို မလေးရှားက သူတို့ပိုင် စတိုးဆိုင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သင်္ဘောနဲ့ ဆက်ပို့ပေးနေခဲ့တယ် လို့ ဆက်ပြောပါတယ်။

ပြန်ရောက်ခါစမှာ တာမွေမြို့နယ် ၁၆၆ လမ်းမှာ နေထိုင်ခဲ့ပြီး ဖိုးစိန်လမ်း အိမ်အမှတ် ၅ဝ ဖြစ်တဲ့ လက်ရှိ ကွန်ဒိုတိုက်ခန်းကို ပြောင်းလာခဲ့တာပါ။ အဲဒီ ကွန်ဒိုရဲ့မြေညီထပ်နဲ့ ပထမထပ်ကို သူတို့ပိုင်ဆိုင်ပြီး ပထမထပ်မှာ သူတို့နေထိုင်တယ်၊ မြေညီထပ်ကို ပုဂ္ဂလိကသင်တန်းကျောင်း တစ်ကျောင်းကို ငှားထားတယ်လို့ စုံစမ်း သိရပါတယ်။

အဲဒီအခန်းမှာ သူတို့နဲ့အတူ မလေးရှားက ပထမဇနီးနဲ့ရတဲ့ ၁၅ နှစ် အရွယ် သမီး၊ ၁ဝ နှစ် အရွယ် သားတို့လည်း နေထိုင်ကြတာကို တွေ့ခဲ့ရပါတယ်။ သူတို့မိသားစု ဒီတိုက်ခန်းကို ပြောင်းလာကြတာ လေးလလောက်ပဲ ရှိသေးတယ်လို့ နတ်မောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက ပြောပါတယ်။

ကွန်ဒို ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ကလည်း မောင်မောင် ခေါ် ယာစင်ဟာ ဘာသာရေး ကိုင်းရှိုင်းပြီး ယဉ်ကျေး သိမ်မွေ့သူဖြစ်တယ်လို့ သိထားတာကြောင့် မူးယစ်မှုနဲ့ အဖမ်းခံရတဲ့အခါ အံ့ဩမိတယ်လို့ ပြောပါတယ်။ မောင်မောင်ကို မနက်နဲ့ ညနေ ဗလီသွားတဲ့အခါမှ တွေ့ရတတ်တယ် လို့လည်း ဆက်ပြောပါတယ်။

မောင်မောင် ခေါ် ယာစင်နဲ့ နီးစပ်တဲ့ ရန်ကုန်က မွတ်စလင်အသိုင်းအဝိုင်းကတော့ သူဟာ အလှူအတန်း ရက်ရောပြီး ဘာသာတရား ကိုင်းရှိုင်းသူဖြစ်တယ်လို့ ဆိုပါတယ်။ ပုဇွန်တောင်မြို့နယ်က ရုံးကလေးဗလီကို သွားတတ်ပြီး သူ့အိမ်နားက ဗလီကိုလည်း တစ်ခါတရံ သွားတတ်တယ်လို့ သူတို့က ပြောပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ လုပ်ငန်းများပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဇွန် ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ မောင်မောင် ခေါ် ယာစင်ထံကနေ ငွေသား အပြင် အခြား အခြေပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇ဝ,ဝဝဝ ကျော် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ ဆက်စပ် သံသယ တရားခံတွေ ပြည်တွင်းဘဏ်နှစ်ခုမှာ အပ်ထားတဲ့ ငွေသား စုစုပေါင်း ကျပ် သိန်း ၂၈,ဝဝဝ ရှိတယ် လို့ ဆိုထားပေမယ့် ဘယ်ဘဏ်တွေဖြစ်တယ်ဆိုတာ မဖော်ပြထားပါဘူး။

Myanmar Now ရဲ့ စုံစမ်းချက်အရ အဲဒီဘဏ်နှစ်ဘဏ်ဟာ ဧရာဝတီဘဏ် (AYA Bank)၊ ရွှေ (ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး) ဘဏ် (Shwe Bank) တို့ဖြစ်တယ်လို့ သိရပါတယ်။ မောင်မောင် ခေါ် ဟာဂျီ ယာစင်ဟာ ‘မောင်မောင်’ဆိုတဲ့ နာမည်နဲ့ပဲ ဧရာဝတီဘဏ်မှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကစပြီး ငွေစုဘဏ်စာရင်း တစ်ခုကို ငွေကြေးပမာဏ အမြောက်အမြားနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်၊ အဲဒီလို ဖွင့်ရာမှာ အရောင်းအဝယ် ကုမ္ပဏီတစ်ခုရဲ့ နာမည်နဲ့ စာရွက်စာတမ်းတွေကို အသုံးပြုခဲ့တယ်လို့ ဧရာဝတီဘဏ်ရဲ့ Enterprise Risk Management ဌာန တာဝန်ခံ ဦးအောင်ကိုကိုဦးက Myanmar Now ကို ပြောပါတယ်။

 

မောင်မောင် ခေါ် ယာစင်ဟာ ယခုနှစ် နှစ်ဆန်းမှာလည်း စာရင်းသေအပ်ငွေစာရင်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့တဲ့ အတွက် ဧရာဝတီဘဏ်မှာ ကျပ်ငွေနဲ့ဖွင့်ထားတဲ့ ငွေစာရင်းနှစ်ခုအထိ ရှိလာပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားငွေနဲ့ ဖွင့်တဲ့ စာရင်းတော့ ဧရာဝတီဘဏ်မှာ မရှိဘူးလို့ ဦးအောင်ကိုကိုဦးက ဆိုပါတယ်။ မောင်မောင် ခေါ် ယာစင်ရဲ့ အပ်နှံလွှဲပြောင်းတဲ့ ငွေကြေးပမာဏကို ထုတ်ပြောဖို့ငြင်းဆန်ပေမယ့် မောင်မောင်ရဲ့ အပ်ငွေတွေ ဟာ စအပ်စဉ် ကတည်းက ပမာဏများတာဖြစ်တဲ့အတွက် ဖောက်သည်ကြီး (Big customer) စာရင်းမှာ ပါတယ်လို့ သူက ပြောပါတယ်။

“သူက အပ်တဲ့ ပမာဏလည်းများတယ်။ ငွေလွှဲ ငွေသွင်းလည်း ခဏခဏလုပ်တဲ့သူဖြစ်တာကြောင့် သူ့ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ပိုစောင့်ကြည့်ပါတယ်။ သူက တစ်လကို ငွေလွှဲ၊ ငွေသွင်း သုံးခါကနေ ခြောက်ခါအထိ လုပ်လေ့ရှိတယ်။ ပြည်တွင်းပါပဲ။ နိုင်ငံခြားကို လွှဲတာ၊ သွားတာမဟုတ်ပါဘူး။ သူ့ငွေတွေက ပြည်တွင်းမှာပဲ လှည့်ပတ်နေတာပါ”လို့ ဦးအောင်ကိုကိုဦးက ပြောပါတယ်။

ဘဏ်စာရင်းနှစ်ခုစလုံးကို မောင်မောင် (ခေါ်) Hj Yassin နာမည်နဲ့ပဲ ဖွင့်ထားတာလို့ ဆိုပါတယ်။အပ်နှံငွေတွေကို သူတို့က ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီပဲ လက်ခံခဲ့တာဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် စုငွေဘဏ်စာရင်း စဖွင့်လှစ်ချိန်မှာ မောင်မောင်ဟာ သုံးခေါက်ချိုး မှတ်ပုံတင်ကို အသုံးပြုခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလမှာ စာရင်းသေအပ်ငွေစာရင်း ဖွင့်ပြီး နောက်ပိုင်းမှာ ပန်းရောင် နိုင်ငံသား စိစစ်ရေးကတ် ရထားပြီ ဆိုပြီး ဘဏ်ကို အသိပေးခဲ့ကြောင်း ဦးအောင်ကိုကိုဦးက ပြောပါတယ်။

ရွှေသံလွင်ကုမ္ပဏီပိုင် ‘ရွှေ ဘဏ်’မှာလည်း မောင်မောင် ခေါ် ဟာဂျီ ယာစင်ရဲ့ ဘဏ်စာရင်းရှိတယ်လို့ Myanmar Now ကစုံစမ်းသိရှိထားရပေမယ့် ‘ရွှေဘဏ်’ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်က အချက်အလက်တွေ မပေးနိုင်ပါဘူးလို့ ပြောပြီးငြင်းဆန်ခဲ့ပါတယ်။ မလေးမူးယစ်မှုနဲ့ ပတ်သက်သူတို့ရဲ့ ဘဏ်စာရင်းတွေကို ပိတ်သိမ်းဖို့ ဇွန်လ ၅ ရက်နေ့မှာ ဘဏ်များအားလုံးကို ဗဟိုဘဏ်က လျှို့ဝှက်ညွှန်ကြားချက်ပေးပို့ခဲ့ပါတယ်။  

မလေးမူးယစ်မှှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ဆိပ်ကမ်း အကောက်ခွန်ဆိုုင်ရာ အကျိုးဆောင်ကုုမ္ပဏီ Nice Guy Clearance ပိုုင်ရှင် ကိုုမင်းနိုုင်ရဲ့ဇနီးဖြစ်သူ ဒေါ်သီတာမိုုး ဖွင့်ထားတဲ့ ဘဏ်စာရင်းတစ်ခုုလည်း ပိတ်သိမ်းခံရထားရတဲ့ထဲမှာ ပါဝင်ကြောင်း စုံုစမ်းသိရှိရပါတယ်။

Nice Guy Clearance ဟာ မောင်မောင်တင်ပို့လိုက်တဲ့ မူးယစ်ဆေးပါ ကုန်သေတ္တာကို ဆိပ်ကမ်းမှာ အကောက်ခွန် ရှင်းလင်းရေး စာရွက်စာတမ်းတွေ လုပ်ပေးခဲ့တယ် ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင် ဦးမင်းနိုင်ကိုလည်း ဖမ်းထားကြောင်း အစိုးရက သတင်းထုတ်ထားပြီး ဖြစ်ပါတယ်။

မူးယစ်ဆေးပါ ကုန်သေတ္တာကို ရန်ကုန်ကနေ တာဝန်ယူပြီးပို့ပေးခဲ့တာဟာ U Kaung Trading Co Ltd (ဦးကောင်းထရေးဒင်းကုမ္ပဏီ လိမိတက်) ဖြစ်တယ်လို့ ပြည်ထဲရေးရဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။ ဦးကောင်းထရေးဒင်း ဟာ ကျောက်တံတား မြို့နယ် ၃၅ လမ်း အောက်ဘလောက်မှာ ရှိပြီး ဒါရိုက်တာနေရာမှာ ဒေါ်သီတာမိုးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။

မူးယစ်မှုမှာဆက်စပ်နေတယ်လို့ ယူဆရသူများရဲ့ ဘဏ်အပ်ငွေတွေကို လုပ်ထုံးလုပ်နည်းအရ အမှုမပြီးမပြတ်မချင်း ဘဏ်က ထိန်းသိမ်းထားရမှာ ဖြစ်တယ်၊ အမှုပြီးပြတ်တဲ့အခါ (စွပ်စွဲခံရသူတွေ ပြစ်မှုကျူးလွန်တယ်လို့ စီရင်ချက်ချခံရတယ်ဆိုရင်) ဒီငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် လွှဲပေးရမှာဖြစ်တယ် လို့ ဦးအောင်ကိုကိုဦးက ဆိုပါတယ်။

ဒေါ်ဝင်းမာထွန်းကတော့ ဘဏ်တွေမှာ ပိတ်မိနေတဲ့ ပိုက်ဆံတွေဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေက မိသားစုဆီ ပြန်လွှဲပို့ ထားတဲ့ ငွေတွေသာဖြစ်ပြီး ဒုစရိုက်လုပ်ငန်းတွေကနေ ရထားတာ မဟုတ်ကြောင်း၊ အခုဆိုရင် မ ပို့ထားတဲ့ ဟွန်ဒီငွေတွေအရေး အခက်တွေ့နေကြောင်း ပြောပါတယ်။

“အောင်ရတနာ ပိုင်ရှင် အဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားတော့ တောင်းကုန်ပြီ၊ အထူးသဖြင့် ပီနန်က လူတွေပေါ့။ အခု အစ်မတို့က နည်းနည်းနောနော ပိုက်ဆံတွေ မဟုတ်ဘူး။ ရှင်းထုတ်ရမှာက အများကြီးပဲ။ အခု ဘာမှ လုပ်လို့ မရတော့ မရှင်းနိုင်သေးဘူး” လို့ သူက ပြောပါတယ်။

35889113_1102018999945837_6491098964819968000_n.jpg

 မြသီရိငွေလဲဆိုုင်၊ ရန်ကုန်မြို့ (ဓာတ်ပုံ - Myanmar Now)

 

နိုင်ငံခြားငွေလဲလုပ်ငန်း၂ဝ၁၇ ခုနှစ်အတွင်း ဧရာဝတီဘဏ်မှာ မောင်မောင် ခေါ် ဟာဂျီ ယာစင် ဘဏ်စာရင်းဖွင့်စဉ်တုန်းက အရောင်းအဝယ်ကုမ္ပဏီတစ်ခုရဲ့ နာမည်နဲ့ ဖွင့်လွှစ်ခဲ့တယ်လို့ ဧရာဝတီဘဏ်က ပြောပေမယ့် ကုမ္ပဏီ နာမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

Myanmar Now ရဲ့ စုံစမ်းချက်အရ အဲဒီ ကုမ္ပဏီဟာ ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် ၈ဝ လိပ်စာနဲ့ ၁၉၉၂ ခုနှစ်ကတည်းက မှတ်ပုံတင်ထားတဲ့ Mya Thiri Trading Co, Ltd (မြသီရိထရေးဒင်းကုမ္ပဏီလိမိတက်) ဖြစ်တယ်လို့ သိရပါတယ်။ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဒေါ်ခင်စောကတော့ လုပ်ငန်းအဆင်မပြေတဲ့အတွက် လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မွတ်စလင်တချို့ကို လက်လွှဲရောင်းချခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ အဲဒီကုမ္ပဏီရဲ့ လိပ်စာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (ကုန်သည်လမ်းနှင့်မဟာဗန္ဓုလလမ်း ကြား) အမှတ် ၁၅ဝ မြေညီထပ်လို့ ဖော်ပြထားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ၁၂/တမန (နိုင်) ၁၃၃၂၈၁ ကို ကိုင်ဆောင်ထားတဲ့ ‘မောင်မောင်’ဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ ဆိပ်ကမ်းသာလမ်းလိပ်စာမှာတော့ “Mya Thiri Trading Co Ltd” နဲ့ “Money Changer” လို့ ဆိုင်းဘုတ် နှစ်ခုတင်ထားတဲ့ ဆိုင်ကို အခုအချိန်အထိ ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ မောင်မောင်ရဲ့ဇနီး ဒေါ်ဝင်းမာထွန်းကတော့ အဲဒီဆိုင်ကို သူတို့မိသားစု ပိုင်တာ ဟုတ်တယ်လို့ ပြောပါတယ်။ ဆက်စပ်တရားခံများပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ခုမှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ နောက်ထပ် ကွင်းဆက် တရားခံတွေကို ထပ်မံဖမ်းဆီးရမိနေသလို တရားခံပြေးတွေလည်း ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

 ဇွန် ၁၉ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ မလေးရှားမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တာချီလိတ်မြို့နေ ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင် ဆိုတဲ့ အမျိုးသမီးက မလေးရှားမှာရှိတဲ့ ၎င်းရဲ့ အမျိုးသား အစ်ကိုကြီး ခေါ် ကတုံးထံ “ကြားခံလူ” တွေနဲ့ ပို့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

 မူးယစ်ဆေး သယ်ယူရေးအတွက် မြန်မာနိုင်ငံဘက်မှာ မောင်မောင် ခေါ် ယာစင်က အဓိကပါဝင်ပြီး၊ မလေးရှားဘက်မှာတော့ ပထမဇနီးရဲ့မောင်ဖြစ်သူ ဇေယျာဟိန်းက သင်္ဘော ကွန်တိန်နာကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေကို တာချီလိတ်ကနေ လှည်းကူး မြို့နယ် Nice Guy ရေသန့်စက်ရုံကို ပို့တယ်၊ အဲဒီစက်ရုံကမှတစ်ဆင့် မောင်မောင် ခေါ် ယာစင် ပိုင်တဲ့ ပုဇွန်တောင် မြို့နယ်က သိုလှောင်ရုံတစ်ရုံကိုပို့တယ်၊ ဦးမင်းနိုင်ရဲ့ Nice Guy Clearance Services Agency က အကောက်ခွန်ကိစ္စတွေလုပ်ပေးပြီး U Kaung Trading ကုမ္ပဏီက သင်္ဘောကိစ္စ တာဝန်ယူခဲ့ တယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

35889390_1102019719945765_3681622996646100992_o.jpg

ဦးမင်းနိုုင်ကို ထိန်းသိမ်းနိုင်ရေးအတွက် ချုပ်ရမန် ရယူရန် ရန်ကုုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံုးသို့ ဇွန် ၁၅ ရက်နေ့က ခေါ်ဆောင်လာစဉ်။

 

Nice Guy ရေသန့်စက်ရုံဟာ ဦးမင်းနိုင်ရဲ့ဇနီး ဒေါ်သီတာမိုးနာမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ဒေါ်သီတာမိုးဟာ ဦးကောင်းထရေးဒင်းကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ်လည်း မှတ်ပုံတင်ထားပါတယ်။ ဦးမင်းနိုင်နဲ့ မောင်မောင် ခေါ် ယာစင်တို့ဟာ လွန်စွာရင်းနှီးကြောင်း၊ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှု အကြောင်းကို Myanmar Now ရဲ့ သတင်းတစ်ပုဒ် မှာ တင်ပြခဲ့ပြီးပါပြီ။

ဦးမင်းနိုင်ကို ဇွန်လ ၂ ရက်နေ့၊ မောင်မောင် ခေါ် ဟာဂျီ ယာစင်ကို ဇွန်လ ၅ ရက်နေ့၊ ဇေယျာဟိန်းကို ဇွန်လ ၉ ရက်နေ့တို့မှာ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်က ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ မကြာသေးမီက ချုပ်ရမန် ယူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလေးရှားမှာ မူးယစ်မှုနဲ့ထောင်ကျခဲ့ဖူးတဲ့ ထားဝယ်ကြီး ခေါ် အောင်လွင်ကို ထားဝယ်မြို့မှာ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ မူးယစ်ဆေးဝါးအမှု စွပ်စွဲချက်တွေ၊ လူကုန်ကူးမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က မလေးရှားသံရုံးကိုရော၊ ကွာလာလမ်ပူက မြန်မာသံရုံးကိုပါ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးက တယ်လီဖုန်းနဲ့ဆိုရင် မဖြေကြားပေးနိုင်ကြောင်း အကြောင်းပြန်ပြီး မလေးရှား သံရုံးကတော့ သူတို့သံအမတ်ကြီး နေရပ်ကို ခွင့်နဲ့ခဏပြန်နေတယ်လို့ အကြောင်းပြန်ပါတယ်။

မလေးရှားရှိ မောင်မောင်၏ လုပ်ငန်းတစ်ခု (ဓာတ်ပုံ - အောင်ရတနာစတိုး)စွပ်စွဲမှုများကို ငြင်းဆန်ဒေါ်ဝင်းမာထွန်းကတော့ ဒီ မူးယစ်ဆေးဝါးအမှုမှာ သူ့ယောက်ျား မပါဘူးလို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေ ထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်တွေကို ကွန်တိန်နာ ထဲထည့်ပြီး ရန်ကုန် မြန်မာ့ စက်မှုဆိပ်ကမ်း (Myanmar Industrial Port –MIP) ကနေ တင်ပို့ခဲ့တာဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန် ကာလကဖြစ်ပြီး သူတို့လင်မယားဟာ အဲဒီအချိန်မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာကို ဘုရားဖူး ထွက်နေတယ်လို့ ပြောပါတယ်။ ရဲရဲ့စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့နောက်၊ တရားရုံးကို စွဲဆို တင်ပို့တဲ့အချိန်မှာ မီဒီယာတွေကို ခေါ်ပြီး မူးယစ်ဆေးဝါးအမှုမှာ သူ့ရဲ့ခင်ပွန်း မပါကြောင်း အသေးစိတ် ရှင်းပြမယ်လို့ ပြောပါတယ်။

“ပြောစရာတွေ အများကြီးရှိပေမယ့် အစ်မက သတင်းထောက်တွေကို အခု ပြောပြမယ်ဆိုရင် အစ်မယောက်ျားအပေါ် ပုံနေတဲ့အပြစ်တွေ ထပ်ပုံကျ သွားမှာစိုးတယ်” လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။သူ့ယောက်ျားဟာ မလေးရှားရဲက ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရဖူးပေမယ့် နာမည်ထွက်နေတဲ့ လူမှောင်ခို ရာဇာ ‘ယာစင်’ မဟုတ်ဘူးလို့ ငြင်းဆန်သွားပါတယ်။

လူကုန်ကူးတရားခံဖြစ်ခဲ့မယ်ဆိုရင် မလေးရှားမှာရှိတဲ့ သူတို့လုပ်ငန်းတွေကို ပိတ်သိမ်းခံလိုက်ရမှာပေါ့လို့ ပြောပါတယ်။“လူကုန်ကူးတာတွေမှာ ဘာမှမပါခဲ့ဖူးဘူး။ သူများတွေလူကုန်ကူးတာမှာ ရှယ်ယာပါတာမျိုးလည်း မရှိဘူး။ ရခိုင်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို အခမဲ့ကူညီပေးတာမျိုးလည်းမရှိခဲ့ဘူး။

ပီနန်မှာရှိတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့လည်း မပတ်သက်ဘူး။ ရိုဟင်ဂျာစကားတော့ သူတတ်တယ်။ သူတို့ အမျိုးအရင်းတွေက ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြေးတာ။ မလေးဘက်ကို ရောက်မလာဘူး။ တချို့လည်း သေကုန်တယ်”လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ မလေးရှားမှာ စံချိန်တင်မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့ မေလ ၂၂ ရက် နောက်ပိုင်း မလေးရှားအစိုးရက မြန်မာနိုင်ငံကလာတဲ့ ဆေးဝါးနဲ့အစားအစာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

 ဒါ့ပြင် မြန်မာတွေအများစုရှိတဲ့ ကွာလာလမ်ပူက ဘလက်ကောင်းမြို့ သမာဂျာရာ ရပ်ကွက်မှာ ဖွင့်ထားတဲ့ ‘အောင်ရတနာ’နာမည်နဲ့ စတိုးဆိုင်ကို ချိပ်ပိတ်ထားပြီး ဆိုင်ဝန်ထမ်းနှစ်ယောက်ကို ဖမ်းထားကြောင်း၊ အဲဒီ ဆိုင်ခန်းကိုငှားစားထားတဲ့ မလေးရှားနိုင်ငံသား တရုတ်လူမျိုးကိုလည်း ခေါ်စစ်ဆေး နေကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ဇွန် ၂ဝ ရက်နေ့မှာ ပြောပါတယ်။

[Zawgyi Version]

၂ဝ၁၅ ေမ ၂၆ ရက္ေန႔က ထိုင္း-မေလးရွား နယ္စပ္ လူကုန္ကူးစခန္းအနီး ရုပ္အေလာင္း တူးေဖာ္သူမ်ား၊ ရဲတပ္ဖဲြ႔ဝင္မ်ားကို ေတြ႔ရစဥ္ (ဓာတ္ပံု - REUTERS/Damir Sagolj)

 

ျမန္မာႏိုင္ငံမွာ သမိုင္းဝင္ ေ႐ြးေကာက္ပြဲႀကီးတစ္ခုအတြက္ စိတ္လႈပ္ရွား တက္ႂကြေနၾကခ်ိန္၂ဝ၁၅ ေမလအတြင္း ႏိုင္ငံတကာမွာ ေၾကာက္မက္ဖြယ္ သတင္း တစ္ပုဒ္ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အဲဒါကေတာ့ ျမန္မာ့အိမ္နီးခ်င္း ထိုင္းနဲ႔ မေလးရွား နယ္စပ္က ထူထပ္လွတဲ့ ေတာတြင္း တစ္ေနရာမွာ လူကုန္ကူးဂိုဏ္းေတြအသုံးျပဳခဲ့တဲ့ လၽွိဳ႕ဝွက္စခန္း ၂၈ ခုကို မေလးရွားရဲတပ္ဖြဲ႕က စီးနင္း ရွာေဖြေတြ႕ရွိခဲ့တယ္၊ အဲဒီမွာ လူကုန္ကူးခံရသူေတြရဲ႕ ႐ုပ္အေလာင္း ၁၃၉ ေလာင္းကို တူးေဖာ္ ေတြ႔ရိွရတယ္ ဆိုတဲ့ သတင္းပါပဲ။

ျမန္မာႏိုင္ငံမွာေတာ့ ဒီသတင္းကို သိပ္သတိမထားမိခဲ့ၾကပါဘူး။ၫွဥ္းပန္းႏွိပ္စက္ခံရျခင္း၊ အစာေရစာ ျပတ္လပ္ျခင္းတို႔ေၾကာင့္ ေသဆုံးခဲ့ၾကတာ ျဖစ္တယ္လို႔ ႐ုပ္အေလာင္းေတြကို စစ္ေဆးခ်က္က ဆိုပါတယ္။ ထိုင္း-မေလးရွားနယ္စပ္ဟာ ေလွစီးဒုကၡသည္ေတြကို ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ တို႔ကေန အေရွ႕ေတာင္အာရွကို လူေမွာင္ခိုကူးတဲ့ဂိုဏ္းေတြရဲ႕ ခရီးတစ္ေထာက္နားတဲ့ ေနရာျဖစ္တယ္၊ လူကုန္ကူးခံရသူေတြကို အဲဒီ လၽွိဳ႕ဝွက္ စခန္းေတြမွာ ခ်ဳပ္ေႏွာင္ထားတယ္၊ ေငြေပးၿပီး မေ႐ြးႏိုင္တဲ့သူေတြကို ေရာင္းစားတယ္ဆိုတဲ့ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ေနရာလည္း ျဖစ္ပါတယ္။

ဒီသတင္းေပၚထြက္လာၿပီး မၾကာခင္မွာပဲ ဒီလို ေလွနဲ႔ လူကုန္ကူးတဲ့ဂိုဏ္းေတြကို အဓိကဦးေဆာင္ေန သူေတြဟာ ျမန္မာႏိုင္ငံ ရခိုင္ျပည္ေျမာက္ပိုင္းက ‘႐ိုဟင္ဂ်ာ’မြတ္စလင္ေတြျဖစ္ တယ္ လို႔ မေလးရွား ႏိုင္ငံပိုင္ သတင္းဌာန Bernama ရဲ႕ သတင္းတစ္ပုဒ္က ဆိုပါတယ္၊ လူကုန္ကူးစခန္း ၂၈ ခုရဲ႕ ေနာက္ကြယ္မွာ အဓိကႀကီးၾကပ္ေနသူဟာ ျမန္မာႏိုင္ငံက “႐ိုဟင္ဂ်ာ” တစ္ေယာက္ျဖစ္ေၾကာင္း၊ နာမည္က ‘Yassin (ယာစင္)’ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။ ရိုဟင္ဂ်ာကို ျမန္မာျပည္မွာ ဘဂၤါလီလို႔ အမ်ားအျပားက ေခၚၾကပါတယ္။

အဲဒီ ယာစင္ဆိုတဲ့လူဟာ ထိုင္းေတာင္ပိုင္းမွာ ေနတယ္၊ ထိုင္းနဲ႔ျမန္မာ မွတ္ပုံတင္ ႏွစ္မ်ိဳးစလုံး ကိုင္ေဆာင္ ထားၿပီး သူ႔မွာ ထိုင္းနဲ႔ျမန္မာ နာမည္ႏွစ္မ်ိဳးရွိတယ္၊ ဘဂၤါလီ/႐ိုဟင္ဂ်ာ ဆိုသူေတြကို လူကုန္ ကူးေနသူျဖစ္တယ္၊ ဒီကိစၥ ေပၚေတာ့ ထိုင္းဘက္ တိမ္းေရွာင္သြားရာကေန ျမန္မာႏိုင္ငံထဲကို ဇနီးနဲ႔အတူ တိတ္တဆိတ္ ျပန္ဝင္သြားေၾကာင္း ယုံၾကည္ရတယ္လို႔ လြန္ခဲ့တဲ့ သုံးႏွစ္ကာလ သတင္းတစ္ပုဒ္မွာ ေဖာ္ျပခဲ့ပါတယ္။

တာေမြၿမိဳ႕နယ္ ဖုိးစိန္လမ္းရိွ ေမာင္ေမာင္၏ တုိက္ခန္း (ဓာတ္ပံု - Myanmar Now)

 

သုံးႏွစ္အၾကာမွာ ျပန္ေပၚလာတဲ့နာမည္လူေမွာင္ခိုရာဇာအျဖစ္ စြပ္စြဲခံခဲ့ရတဲ့ အဲဒီ “ယာစင္” ဆိုတဲ့ နာမည္ဟာ မၾကာမတင္က ျမန္မာႏိုင္ငံထဲမွာ ႐ုတ္တရက္ ေပၚထြက္လာပါတယ္။ ၿပီးခဲ့တဲ့လမွာ ျမန္မာႏိုင္ငံက တင္ပို႔လိုက္ၿပီး မေလးရွားမွာ စံခ်ိန္တင္ ဖမ္းဆီးရမိခဲ့တဲ့ ၁ ဒသမ ၂ တန္ ရွိတဲ့ မူးယစ္ေဆးအမႈမွာ အဓိက လက္သည္ တရားခံဟာ ၄၄ ႏွစ္အရြယ္ “ေမာင္ေမာင္ ေခၚ Hj Yassin” ျဖစ္တယ္လို႔ ံ ျပည္ထဲေရး ဝန္ႀကီးဌာနက ဓာတ္ပုံနဲ႔တကြ သတင္းထုတ္ျပန္ခဲ့ပါတယ္။  

မၾကာခင္မွာပဲ သူ႕ကို ဖမ္းမိၿပီလို႔ ထပ္မံသတင္းထုတ္ခဲ့ပါတယ္။ေမာင္ေမာင္ ေခၚ ဟာဂ်ီယာစင္ (Hj Yassin) ကို ဖမ္းမိတဲ့ေနာက္မွာ သူဟာ မေလးရွားနယ္စပ္မွာ လူကုန္ကူးမႈေတြ၊ လူသတ္မႈေတြအတြက္ သံသယရွိသူအျဖစ္ ေၾကညာခံထားရတဲ့ Yassin နဲ႔ တစ္ေယာက္တည္းလား ဆိုတဲ့ ေမးခြန္း ေပၚထြက္လာပါတယ္။

အေၾကာင္းရင္းကေတာ့ အခုဖမ္းမိထားတဲ့ ေမာင္ေမာင္ ေခၚ ယာစင္ဟာ မေလးရွားႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေနထိုင္ဖူးၿပီး မေလးရွား ႏိုင္ငံေရာက္ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအၾကား၊ အထူးသျဖင့္ မေလးေရာက္ ျမန္မာႏိုင္ငံသား မြတ္စလင္ေတြၾကားမွာ ေအာင္ျမင္တဲ့ စတိုးဆိုင္၊ ေငြလႊဲလုပ္ငန္း၊ စားေသာက္ဆိုင္ စတဲ့ စီးပြားေရး လုပ္ငန္းေတြကို ပိုင္ဆိုင္တဲ့ လုပ္ငန္းရွင္ အျဖစ္ လူသိမ်ားေက်ာ္ၾကားတဲ့သူျဖစ္ေနလို႔ပါပဲ။

အခုက စၿပီး Yassin ကို ‘ယာစင္’ လို႔ပဲ ေရးပါမယ္။ျမန္မာႏိုင္ငံက မြတ္စလင္ေတြနဲ့ မေလးရွားေရာက္ ျမန္မာျပည္ဖြား မြတ္စလင္ အသိုင္းအဝန္းမွာရိွတဲ့ Myanmar Now သတင္းရင္းျမစ္ေတြကေတာ့ အခုဖမ္းမိထားတဲ့ ေမာင္ေမာင္ ေခၚ ယာစင္ဟာ လူေမွာင္ခိုရာဇာ ယာစင္နဲ႔ တစ္ေယာက္တည္းပဲလို႔ ေျပာပါတယ္။

သူတို႔ဟာ မေလးရွားမွာ ကြန္ရက္ႀကီးတဲ့ လူေမွာင္ခိုဂိုဏ္းေတြရဲ႕ရန္ေၾကာင့္ သူတို႔နာမည္ကို ထုတ္ေဖာ္မေရးသား ေစခ်င္ၾကပါဘူး။ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕အမႈမွာ အေရးပါတဲ့ သတင္းရင္းျမစ္တစ္ခုျဖစ္တဲ့ ရန္ကုန္က သူ႕ရဲ႕ ဇနီး ကေတာ့ သူ႕ေယာက္်ားနဲ႔ လူကုန္ကူးတရားခံ ယာစင္တို႔ဟာ နာမည္တူတာသာျဖစ္တယ္လို႔ ေျပာပါတယ္။

မေလးရွားရိွ ေမာင္ေမာင္၏ လုပ္ငန္းတစ္ခု (ဓာတ္ပံု - ေအာင္ရတနာစတိုး)

 

မေလးရွား၊ ေကဒါျပည္နယ္အေျခစိုက္ မေလး႐ိုဟင္ဂ်ာအသင္း (Kedah Rohingya Society in Malaysia - RSM) ရဲ႕ ဒုတိယဥကၠ႒ ယူစြပ္ အလီ (Yusof Ali) ကလည္း ဒီႏွစ္ေယာက္ဟာ သပ္သပ္စီ ျဖစ္တယ္လို႔ ဆိုပါတယ္။သူတို႔ႏွစ္ေယာက္က ခုလို ျငင္းေပမယ့္လည္း ႏွစ္ေယာက္စလုံးဆီကေန ရလိုက္တဲ့အခ်က္ကေတာ့ ေမာင္ေမာင္ ေခၚ ယာစင္ဟာ မေလးရွားႏိုင္ငံမွာတုန္းက လူကုန္ကူးဂိုဏ္းသံသယနဲ႔ မေလးရွား အထူးစုံစမ္းေရးရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးစစ္ေဆးတာကို ခံရဖူးတယ္ ဆိုတာပါပဲ။

“သူဒီလို စစ္ေဆးခံရေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ မေလးရွားရဲေတြဆီ သြားၿပီး စကားျပန္ လုပ္ေပးခဲ့ရတယ္။ ‘သူဟာ စီးပြားေရးသမား သက္သက္ပဲ၊ လူကုန္ကူးတာမလုပ္ဘူး’လို႔ (မေလးရဲကို) ေျပာၿပီး သူလြတ္ေအာင္ ကၽြန္ေတာ္ပဲ လုပ္ေပးခဲ့တာ”လို႔ မေလးရွားမွာ ရိွတဲ့ ယူစြပ္ အလီက Myanmar Now ကို ဖုန္းနဲ႔ ေျပာပါတယ္။

‘ယာစင္’ဆိုသူဟာ ထိုင္းေတာင္ပိုင္းမွာရွိတဲ့ လူေမွာင္ခို ဂိုဏ္းတစ္ဂိုဏ္းဆီကေန ဘဂၤါလီေတြ၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေတြကို ပုံေသေဈးႏႈန္းတစ္ခု သတ္မွတ္ၿပီးဝယ္ေၾကာင္း၊ မေလးရွားဘက္ျခမ္း ဝမ္ေကလီယန္ (Wang Kelian) က တစ္ေထာက္နားစခန္းေတြမွာ ခဏထားထားၿပီး တျခား လူကုန္ကူးသူေတြဆီကို ျပန္ေရာင္းေၾကာင္း ယူစြပ္ အလီက သူရထားတဲ့ အခ်က္အလက္ေတြကို အေျခခံၿပီး Bernama သတင္းဌာနကို အဲဒီတုန္းက ေျပာခဲ့ဖူးပါတယ္။

ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕ ဇနီးျဖစ္တဲ့ ေဒၚဝင္းမာထြန္းကေတာ့ အဲဒါဟာ လူမွားၿပီး အဖမ္းခံခဲ့ရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။“မေလး (အထူးစုံစမ္းေရး) ရဲတပ္ဖြဲ႕က ကၽြန္မအမ်ိဳးသားကို ေခၚစစ္ဖူးေပမယ့္ နာမည္ တူတာပါ။ စုံစမ္း စစ္ေဆးၿပီး မဟုတ္မွန္း သိေတာ့ ျပန္လႊတ္ ေပးခဲ့ပါတယ္။ တကယ္က အဲဒီလူ (လူေမွာင္ခို) က နာမည္တူနဲ႔ လုပ္စားတာပါ” လို႔ တာေမြၿမိဳ႕နယ္ ဖိုးစိန္လမ္းမွာရွိတဲ့ သူတို႔လင္မယား ေနထိုင္ရာ ကြန္ဒိုအခန္းမွာ Myanmar Now ကို ေျပာပါတယ္။

မန္မာႏိုင္ငံမွာေရာ မေလးရွားမွာပါ ‘ဟာဂ်ီ ယာစင္’လို႔ လူသိမ်ားတဲ့ ေမာင္ေမာင္ ရဲ႕ မိဘေတြဟာ ရခိုင္ ေျမာက္ပိုင္းသားေတြျဖစ္ေပမယ့္ ေမာင္ေမာင္ကိုေတာ့ ရန္ကုန္မွာပဲေမြးၿပီး အင္းစိန္ဗလီလမ္းမွာ ႀကီးတယ္ လို႔ ဇနီးျဖစ္သူက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္း သတင္းရင္းျမစ္တစ္ခုကေတာ့ ေမာင္ေမာင္ ေခၚ ယာစင္ဟာ ေမာင္ေတာၿမိဳ႕ (၅) ရပ္ကြက္မွာ ေနခဲ့ဖူးတယ္လို႔ဆိုပါတယ္။ ျပည္ထဲေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ပါ ဖခင္ ‘ဦးေရွာ္ရိတ္အာေမာက္’ ဆိုတဲ့ နာမည္ဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းသား မြတ္စလင္ေတြ မွည့္တတ္တဲ့ နာမည္မ်ိဳးျဖစ္ေၾကာင္း၊ ျမန္မာျပည္ရဲ႕အျခားေဒသက မြတ္စလင္ေတြဟာ ‘အာမက္’ဆိုတဲ့ နာမည္ကို သုံးၾကၿပီး ရခိုင္ေျမာက္ပိုင္းမွာေတာ့ ‘အာေမာက္’လို႔ သုံးတတ္ေၾကာင္း အဲဒီ သတင္းရင္းျမစ္က ဆိုပါတယ္။

ဟာဂ်ီ ယာစင္ဟာ ၁၉၈၉ ဝန္းက်င္ အသက္ ၁၅ ႏွစ္ အ႐ြယ္ေလာက္မွာ မေလးရွားကို ထိုင္းကတစ္ဆင့္ တရားမဝင္ လမ္းေၾကာင္းကေန ေရာက္သြားတယ္၊ မေလးရွားမွာ က်ပန္းအလုပ္ေတြလုပ္၊ ပန္းရံအလုပ္ေတြ ပုတ္ျပတ္ လက္ခံရာကေန ေနာင္မွာ ျမန္မာႏိုင္ငံက တင္သြင္းတဲ့ စားေသာက္ကုန္၊ အသုံးအေဆာင္ ပစၥည္းေတြ ေရာင္းခ်တဲ့ ‘ေအာင္ရတနာ’ဆိုတဲ့ လက္လီဆိုင္ခြဲေတြကို ဖြင့္လွစ္ခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ သတင္း ရင္းျမစ္တစ္ခုက ေျပာပါတယ္။

http://aungyadanastore.com ဆိုတဲ့ ဝက္ဘ္ဆိုက္မွာေတာ့ ၿမိဳ႕ေတာ္ ကြာလာလမ္ပူ၊ ေကဒါျပည္နယ္က အေလာ္ေဆးတား (Alor Setar) နဲ႔ ျမန္မာအလုပ္သမား အမ်ားအျပား ရွိတဲ့ ပီနန္ျပည္နယ္က ဘူကစ္ မာတာဂ်မ္ (Bukit Mertajam) တို႔မွာ ဖြင့္လွစ္ထားတဲ့ ‘ေအာင္ရတနာစတိုး’ ဆိုင္ဓာတ္ပုံေတြကို ဆလိုက္႐ႈိးပုံစံနဲ႔ တင္ထားၿပီး စတိုးဆိုင္ နာမည္ေတြ ေအာက္မွာလည္း ျမန္မာျပည္အႏွံ႔ ေငြလႊဲေငြပို႔ လုပ္ငန္းေတြ လုပ္ကိုင္ေၾကာင္းကို အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာနဲ႔ ေရးသားထားပါတယ္။

မေလးရွားေရာက္ သိန္းနဲ႔ခ်ီတဲ့ ျမန္မာလုပ္သားေတြ ျမန္မာႏိုင္ငံကို ေငြလႊဲပို႔ေပးတဲ့အဓိကဝန္ေဆာင္မႈ ေပးေနတာဟာ ေမာင္ေမာင္ ေခၚ ဟာဂ်ီ ယာစင္ျဖစ္တယ္လို႔ မေလးရွားမွာေနထိုင္တဲ့ အမည္ မေဖာ္လိုသူတစ္ဦးက ေျပာပါတယ္။ ျမန္မာဘက္ကေန မေလးကို သေဘၤာနဲ႔ ကုန္ပစၥည္းတင္ပို႔တဲ့ လုပ္ငန္းမွာလည္း မေလးအာဏာပိုင္ေတြထဲအထိ ေပါက္ေရာက္တယ္လို႔ သူက ဆိုပါတယ္။

ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕ ရန္ကုန္ၿမိဳ႕က ဇနီးကလည္း မေလးရွားႏိုင္ငံက ေအာင္ရတနာစတိုးဆိုင္ေတြ၊ ေငြလႊဲလုပ္ငန္းေတြကို သူ႕ေယာက္်ားျဖစ္သူ ပိုင္ဆိုင္ၿပီး ေငြလႊဲလုပ္ငန္းကေန တစ္ေန႔ကို ေဒၚလာေသာင္း၊ သိန္း ခ်ီ ဝင္ေငြရတယ္လို႔ ေျပာပါတယ္။ သူဟာ ဒုတိယဇနီးျဖစ္ၿပီး မေလးရွားႏိုင္ငံမွာ ယာစင္ရဲ႕ ပထမဇနီး ရွိတယ္ လို႔ ေျပာပါတယ္။

ျပည္ေတာ္ျပန္ျခင္း၂ဝ၁၅ ခုႏွစ္ ေမလ လူကုန္ကူးခံရသူေတြရဲ႕ ႐ုပ္အေလာင္း ၁ဝဝ ေက်ာ္နဲ႔ ပတ္သက္ၿပီး ေမာင္ေမာင္ ေခၚ ယာစင္ဟာ မေလးရွားရဲရဲ႕ ဖမ္းဆီးစစ္ေဆးျခင္းကို ခံရၿပီးတဲ့ေနာက္မွာ ျမန္မာႏိုင္ငံကို ျပန္လာၿပီး အေျခခ် ပါတယ္။ ဒုတိယဇနီးျဖစ္တဲ့ ေဒၚဝင္းမာထြန္းကေတာ့ သူတို႔ျပန္လာတာဟာ လူကုန္ကူးမႈကိစၥေၾကာင့္ မဟုတ္ဘဲ “အသက္အ႐ြယ္ရလာတာေၾကာင့္” ကိုယ့္ဇာတိရပ္႐ြာမွာ ျပန္အေျခခ်ဖို႔အတြက္ မေလးရွားမွာ စီးပြားေရး အဆင္ေျပတဲ့ၾကားကေန ၂ဝ၁၆ ခုႏွစ္ေႏွာင္းပိုင္းမွာ ျပန္လာခဲ့ရတာလို႔ ေျပာပါတယ္။

အသက္အရြယ္ကို အေၾကာင္းျပခ်က္ေပးေပမယ့္ သူ႕ရဲ႕ခင္ပြန္းဟာ အသက္ ၄၄ ႏွစ္ပဲ ရွိေသးသလို ေဒၚဝင္းမာထြန္းဟာလည္း ခင္ပြန္းထက္ ငယ္႐ြယ္ဦးမယ့္ပုံေပါက္ပါတယ္။ ဒါ့ျပင္ သူတို႔ ျပန္လာခ်ိန္ဟာ ျမန္မာႏိုင္ငံမွာ မြတ္စလင္မုန္းတီးေရး ေဟာေျပာမႈေတြ ျမင့္တက္ေနလို႔ မြတ္စလင္ တခ်ဳိ႕ေတာင္ ျပည္ပထြက္အေျခခ်ဖို႔ ႀကိဳးစားၾကခ်ိန္လည္းျဖစ္ပါတယ္။

“ဟိုမွာက ေနရထိုင္ရ၊ လြတ္လပ္စြာ ကိုးကြယ္ခြင့္ကအစ အဆင္ေျပေပမယ့္ ကိုယ့္ရဲ႕ ေနာက္ဆုံးထြက္သက္ ကေတာ့ အဆင္မေျပဘူး။ အဲဒါေလးတစ္ခုပါပဲ။ ပိုက္ဆံဘယ္လိုရွာရမလဲ ေကာင္းေကာင္း သိေနပါၿပီ”လို႔ ေဒၚဝင္းမာထြန္းက ေျပာပါတယ္။ေမာင္ေမာင္ ေခၚ ဟာဂ်ီယာစင္ဟာ မေလးရွားကို လြန္ခဲ့တဲ့ ႏွစ္ ၂ဝ နီးပါးက တရားမဝင္ထြက္ခြာသြားခဲ့ေပမဲ့ ျပန္လာတဲ့အခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံကူးလက္မွတ္နဲ႔ ျပန္လာခဲ့တယ္လို႔ ယူဆရပါတယ္။

 ျပည္ထဲေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့သတင္းမွာ ပူးတဲြပါတဲ့ သူ႕ရဲ႕ ႏိုင္ငံကူးလက္မွတ္ အေထာက္အထား မွာေတာ့ ကြာလာလမ္ပူ ျမန္မာသံ႐ုံးက ၂ဝ၁၇ ေအာက္တိုဘာ ၂၃ ရက္ ေန႔စြဲနဲ႔ ထုတ္ေပးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ျမန္မာႏိုင္ငံျပန္မလာခင္ မေလးရွားက သူ႕လုပ္ငန္းအခ်ိဳ႕ကို ပိတ္သိမ္းခဲ့တယ္၊ ပီနန္က BM Plaza မွာ ဖြင့္ထားတဲ့ ေအာင္ရတနာစတိုးတစ္ဆိုင္ကို လူယုံေတြလက္ထဲ အပ္တယ္၊ ၿပီးေတာ့ မိသားစုလိုက္ ျမန္မာႏိုင္ငံ ျပန္လာတယ္ လို႔ သူ႕ဇနီးက ေျပာပါတယ္။

ပို႔ကုန္လုပ္ငန္း ဆက္လုပ္ကိုင္သလို မေလးရွားက သူတို႔ပိုင္ စတိုးဆိုင္ေတြအတြက္ လိုအပ္တဲ့ ပစၥည္းေတြကိုလည္း သေဘၤာနဲ႔ ဆက္ပို႔ေပးေနခဲ့တယ္ လို႔ ဆက္ေျပာပါတယ္။

ျပန္ေရာက္ခါစမွာ တာေမြၿမိဳ႕နယ္ ၁၆၆ လမ္းမွာ ေနထိုင္ခဲ့ၿပီး ဖိုးစိန္လမ္း အိမ္အမွတ္ ၅ဝ ျဖစ္တဲ့ လက္ရွိ ကြန္ဒိုတိုက္ခန္းကို ေျပာင္းလာခဲ့တာပါ။ အဲဒီ ကြန္ဒိုရဲ႕ေျမညီထပ္နဲ႔ ပထမထပ္ကို သူတို႔ပိုင္ဆိုင္ၿပီး ပထမထပ္မွာ သူတို႔ေနထိုင္တယ္၊ ေျမညီထပ္ကို ပုဂၢလိကသင္တန္းေက်ာင္း တစ္ေက်ာင္းကို ငွားထားတယ္လို႔ စုံစမ္း သိရပါတယ္။

အဲဒီအခန္းမွာ သူတို႔နဲ႔အတူ မေလးရွားက ပထမဇနီးနဲ႔ရတဲ့ ၁၅ ႏွစ္ အ႐ြယ္ သမီး၊ ၁ဝ ႏွစ္ အ႐ြယ္ သားတို႔လည္း ေနထိုင္ၾကတာကို ေတြ႕ခဲ့ရပါတယ္။ သူတို႔မိသားစု ဒီတိုက္ခန္းကို ေျပာင္းလာၾကတာ ေလးလေလာက္ပဲ ရွိေသးတယ္လို႔ နတ္ေမာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ထြန္းက ေျပာပါတယ္။

ကြန္ဒို ႀကီးၾကပ္ေရးမႉး ဦးေအာင္ျမင့္ကလည္း ေမာင္ေမာင္ ေခၚ ယာစင္ဟာ ဘာသာေရး ကိုင္း႐ႈိင္းၿပီး ယဥ္ေက်း သိမ္ေမြ႕သူျဖစ္တယ္လို႔ သိထားတာေၾကာင့္ မူးယစ္မႈနဲ႔ အဖမ္းခံရတဲ့အခါ အံ့ဩမိတယ္လို႔ ေျပာပါတယ္။ ေမာင္ေမာင္ကို မနက္နဲ႔ ညေန ဗလီသြားတဲ့အခါမွ ေတြ႕ရတတ္တယ္ လို႔လည္း ဆက္ေျပာပါတယ္။

ေမာင္ေမာင္ ေခၚ ယာစင္နဲ႔ နီးစပ္တဲ့ ရန္ကုန္က မြတ္စလင္အသိုင္းအဝိုင္းကေတာ့ သူဟာ အလႉအတန္း ရက္ေရာၿပီး ဘာသာတရား ကိုင္း႐ႈိင္းသူျဖစ္တယ္လို႔ ဆိုပါတယ္။ ပုဇြန္ေတာင္ၿမိဳ႕နယ္က ႐ုံးကေလးဗလီကို သြားတတ္ၿပီး သူ႔အိမ္နားက ဗလီကိုလည္း တစ္ခါတရံ သြားတတ္တယ္လို႔ သူတို႔က ေျပာပါတယ္။

ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕ လုပ္ငန္းမ်ားျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ဇြန္ ၁၉ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေမာင္ေမာင္ ေခၚ ယာစင္ထံကေန ေငြသား အျပင္ အျခား အေျခပစၥည္း စုစုေပါင္း ခန္႔မွန္းတန္ဖိုး က်ပ္သိန္း ၇ဝ,ဝဝဝ ေက်ာ္ သိမ္းဆည္းရမိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဆက္စပ္ သံသယ တရားခံေတြ ျပည္တြင္းဘဏ္ႏွစ္ခုမွာ အပ္ထားတဲ့ ေငြသား စုစုေပါင္း က်ပ္ သိန္း ၂၈,ဝဝဝ ရိွတယ္ လို႔ ဆိုထားေပမယ့္ ဘယ္ဘဏ္ေတြျဖစ္တယ္ဆိုတာ မေဖာ္ျပထားပါဘူး။

Myanmar Now ရဲ႕ စုံစမ္းခ်က္အရ အဲဒီဘဏ္ႏွစ္ဘဏ္ဟာ ဧရာဝတီဘဏ္ (AYA Bank)၊ ေ႐ႊ (ေက်းလက္ႏွင့္ ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး) ဘဏ္ (Shwe Bank) တို႔ျဖစ္တယ္လို႔ သိရပါတယ္။ ေမာင္ေမာင္ ေခၚ ဟာဂ်ီ ယာစင္ဟာ ‘ေမာင္ေမာင္’ဆိုတဲ့ နာမည္နဲ႔ပဲ ဧရာဝတီဘဏ္မွာ ၂ဝ၁၇ ခုႏွစ္ ဇန္နဝါရီလကစၿပီး ေငြစုဘဏ္စာရင္း တစ္ခုကို ေငြေၾကးပမာဏ အေျမာက္အျမားနဲ႔ စတင္ဖြင့္လွစ္ခဲ့တယ္၊ အဲဒီလို ဖြင့္ရာမွာ အေရာင္းအဝယ္ ကုမၸဏီတစ္ခုရဲ႕ နာမည္နဲ႔ စာ႐ြက္စာတမ္းေတြကို အသုံးျပဳခဲ့တယ္လို႔ ဧရာဝတီဘဏ္ရဲ႕ Enterprise Risk Management ဌာန တာဝန္ခံ ဦးေအာင္ကိုကိုဦးက Myanmar Now ကို ေျပာပါတယ္။

 

ေမာင္ေမာင္ ေခၚ ယာစင္ဟာ ယခုႏွစ္ ႏွစ္ဆန္းမွာလည္း စာရင္းေသအပ္ေငြစာရင္းတစ္ခု ထပ္မံဖြင့္လွစ္ခဲ့တဲ့ အတြက္ ဧရာဝတီဘဏ္မွာ က်ပ္ေငြနဲ႔ဖြင့္ထားတဲ့ ေငြစာရင္းႏွစ္ခုအထိ ရွိလာပါတယ္၊ ဒါေပမဲ့ ႏိုင္ငံျခားေငြနဲ႔ ဖြင့္တဲ့ စာရင္းေတာ့ ဧရာဝတီဘဏ္မွာ မရွိဘူးလို႔ ဦးေအာင္ကိုကိုဦးက ဆိုပါတယ္။ ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕ အပ္ႏွံလႊဲေျပာင္းတဲ့ ေငြေၾကးပမာဏကို ထုတ္ေျပာဖို႔ျငင္းဆန္ေပမယ့္ ေမာင္ေမာင္ရဲ႕ အပ္ေငြေတြ ဟာ စအပ္စဥ္ ကတည္းက ပမာဏမ်ားတာျဖစ္တဲ့အတြက္ ေဖာက္သည္ႀကီး (Big customer) စာရင္းမွာ ပါတယ္လို႔ သူက ေျပာပါတယ္။

“သူက အပ္တဲ့ ပမာဏလည္းမ်ားတယ္။ ေငြလႊဲ ေငြသြင္းလည္း ခဏခဏလုပ္တဲ့သူျဖစ္တာေၾကာင့္ သူ႕ရဲ႕ အခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔ ပိုေစာင့္ၾကည့္ပါတယ္။ သူက တစ္လကို ေငြလႊဲ၊ ေငြသြင္း သုံးခါကေန ေျခာက္ခါအထိ လုပ္ေလ့ရွိတယ္။ ျပည္တြင္းပါပဲ။ ႏိုင္ငံျခားကို လႊဲတာ၊ သြားတာမဟုတ္ပါဘူး။ သူ႕ေငြေတြက ျပည္တြင္းမွာပဲ လွည့္ပတ္ေနတာပါ”လို႔ ဦးေအာင္ကိုကိုဦးက ေျပာပါတယ္။

ဘဏ္စာရင္းႏွစ္ခုစလုံးကို ေမာင္ေမာင္ (ေခၚ) Hj Yassin နာမည္နဲ႔ပဲ ဖြင့္ထားတာလို႔ ဆိုပါတယ္။အပ္ႏွံေငြေတြကို သူတို႔က ဗဟိုဘဏ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႔ အညီပဲ လက္ခံခဲ့တာျဖစ္ေၾကာင္း၊ ၂ဝ၁၇ ခုႏွစ္ စုေငြဘဏ္စာရင္း စဖြင့္လွစ္ခ်ိန္မွာ ေမာင္ေမာင္ဟာ သုံးေခါက္ခ်ိဳး မွတ္ပုံတင္ကို အသုံးျပဳခဲ့ေၾကာင္း၊ ယခုႏွစ္ ေဖေဖာ္ဝါရီလမွာ စာရင္းေသအပ္ေငြစာရင္း ဖြင့္ၿပီး ေနာက္ပိုင္းမွာ ပန္းေရာင္ ႏိုင္ငံသား စိစစ္ေရးကတ္ ရထားၿပီ ဆိုၿပီး ဘဏ္ကို အသိေပးခဲ့ေၾကာင္း ဦးေအာင္ကိုကိုဦးက ေျပာပါတယ္။

ေ႐ႊသံလြင္ကုမၸဏီပိုင္ ‘ေ႐ႊ ဘဏ္’မွာလည္း ေမာင္ေမာင္ ေခၚ ဟာဂ်ီ ယာစင္ရဲ႕ ဘဏ္စာရင္းရွိတယ္လို႔ Myanmar Now ကစုံစမ္းသိရွိထားရေပမယ့္ ‘ေ႐ႊဘဏ္’ဘက္က ဒီကိစၥနဲ႔ပတ္သက္ၿပီး သူတို႔ဘက္က အခ်က္အလက္ေတြ မေပးႏိုင္ပါဘူးလို႔ ေျပာၿပီးျငင္းဆန္ခဲ့ပါတယ္။ မေလးမူးယစ္မႈနဲ႔ ပတ္သက္သူတို႔ရဲ႕ ဘဏ္စာရင္းေတြကို ပိတ္သိမ္းဖို႔ ဇြန္လ ၅ ရက္ေန႔မွာ ဘဏ္မ်ားအားလုံးကို ဗဟိုဘဏ္က လၽွိဳ႕ဝွက္ၫႊန္ၾကားခ်က္ေပးပို႔ခဲ့ပါတယ္။  

မေလးမူးယစ္မွႈနဲ႔ ဆက္စပ္ေနတယ္ဆိုတဲ့ ဆိပ္ကမ္း အေကာက္ခြန္ဆိုုင္ရာ အက်ဳိးေဆာင္ကုုမၸဏီ Nice Guy Clearance ပိုုင္ရွင္ ကိုုမင္းႏိုုင္ရဲ႕ဇနီးျဖစ္သူ ေဒၚသီတာမိုုး ဖြင့္ထားတဲ့ ဘဏ္စာရင္းတစ္ခုုလည္း ပိတ္သိမ္းခံရထားရတဲ့ထဲမွာ ပါဝင္ေၾကာင္း စံုုစမ္းသိရွိရပါတယ္။

Nice Guy Clearance ဟာ ေမာင္ေမာင္တင္ပို႔လိုက္တဲ့ မူးယစ္ေဆးပါ ကုန္ေသတၱာကို ဆိပ္ကမ္းမွာ အေကာက္ခြန္ ရွင္းလင္းေရး စာ႐ြက္စာတမ္းေတြ လုပ္ေပးခဲ့တယ္ ဆိုတဲ့ ကုမၸဏီျဖစ္ၿပီး ပိုင္ရွင္ ဦးမင္းႏိုင္ကိုလည္း ဖမ္းထားေၾကာင္း အစိုးရက သတင္းထုတ္ထားၿပီး ျဖစ္ပါတယ္။

မူးယစ္ေဆးပါ ကုန္ေသတၱာကို ရန္ကုန္ကေန တာဝန္ယူၿပီးပို႔ေပးခဲ့တာဟာ U Kaung Trading Co Ltd (ဦးေကာင္းထေရးဒင္းကုမၸဏီ လိမိတက္) ျဖစ္တယ္လို႔ ျပည္ထဲေရးရဲ႕ ဇြန္လ ၆ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ပါပါတယ္။ ဦးေကာင္းထေရးဒင္း ဟာ ေက်ာက္တံတား ၿမိဳ႕နယ္ ၃၅ လမ္း ေအာက္ဘေလာက္မွာ ရွိၿပီး ဒါ႐ိုက္တာေနရာမွာ ေဒၚသီတာမိုးလို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထား ပါတယ္။

မူးယစ္မႈမွာဆက္စပ္ေနတယ္လို႔ ယူဆရသူမ်ားရဲ႕ ဘဏ္အပ္ေငြေတြကို လုပ္ထုံးလုပ္နည္းအရ အမႈမၿပီးမျပတ္မခ်င္း ဘဏ္က ထိန္းသိမ္းထားရမွာ ျဖစ္တယ္၊ အမႈၿပီးျပတ္တဲ့အခါ (စြပ္စဲြခံရသူေတြ ျပစ္မႈက်ဴးလြန္တယ္လို႔ စီရင္ခ်က္ခ်ခံရတယ္ဆိုရင္) ဒီေငြေတြကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္ လႊဲေပးရမွာျဖစ္တယ္ လို႔ ဦးေအာင္ကိုကိုဦးက ဆိုပါတယ္။

ေဒၚဝင္းမာထြန္းကေတာ့ ဘဏ္ေတြမွာ ပိတ္မိေနတဲ့ ပိုက္ဆံေတြဟာ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြက မိသားစုဆီ ျပန္လႊဲပို႔ ထားတဲ့ ေငြေတြသာျဖစ္ၿပီး ဒုစ႐ိုက္လုပ္ငန္းေတြကေန ရထားတာ မဟုတ္ေၾကာင္း၊ အခုဆိုရင္ မ ပို႔ထားတဲ့ ဟြန္ဒီေငြေတြအေရး အခက္ေတြ႔ေနေၾကာင္း ေျပာပါတယ္။

“ေအာင္ရတနာ ပိုင္ရွင္ အဖမ္းခံရတယ္ဆိုတဲ့ သတင္းၾကားေတာ့ ေတာင္းကုန္ၿပီ၊ အထူးသျဖင့္ ပီနန္က လူေတြေပါ့။ အခု အစ္မတို႔က နည္းနည္းေနာေနာ ပိုက္ဆံေတြ မဟုတ္ဘူး။ ရွင္းထုတ္ရမွာက အမ်ားႀကီးပဲ။ အခု ဘာမွ လုပ္လို႔ မရေတာ့ မရွင္းႏိုင္ေသးဘူး” လို႔ သူက ေျပာပါတယ္။

 ျမသီရိေငြလဲဆိုုင္၊ ရန္ကုန္ၿမိဳ႕ (ဓာတ္ပံု - Myanmar Now)

 

ႏိုင္ငံျခားေငြလဲလုပ္ငန္း၂ဝ၁၇ ခုႏွစ္အတြင္း ဧရာဝတီဘဏ္မွာ ေမာင္ေမာင္ ေခၚ ဟာဂ်ီ ယာစင္ ဘဏ္စာရင္းဖြင့္စဥ္တုန္းက အေရာင္းအဝယ္ကုမၸဏီတစ္ခုရဲ႕ နာမည္နဲ႔ ဖြင့္လႊစ္ခဲ့တယ္လို႔ ဧရာဝတီဘဏ္က ေျပာေပမယ့္ ကုမၸဏီ နာမည္ကိုေတာ့ ထုတ္ေဖာ္မေျပာခဲ့ပါဘူး။

Myanmar Now ရဲ႕ စုံစမ္းခ်က္အရ အဲဒီ ကုမၸဏီဟာ ဗဟန္းၿမိဳ႕နယ္ သံလြင္လမ္း အမွတ္ ၈ဝ လိပ္စာနဲ႔ ၁၉၉၂ ခုႏွစ္ကတည္းက မွတ္ပုံတင္ထားတဲ့ Mya Thiri Trading Co, Ltd (ျမသီရိထေရးဒင္းကုမၸဏီလိမိတက္) ျဖစ္တယ္လို႔ သိရပါတယ္။ကုမၸဏီကို တည္ေထာင္ခဲ့တဲ့ ေဒၚခင္ေစာကေတာ့ လုပ္ငန္းအဆင္မေျပတဲ့အတြက္ လြန္ခဲ့တဲ့ ၁ဝ ႏွစ္ေလာက္က မြတ္စလင္တခ်ိဳ႕ကို လက္လႊဲေရာင္းခ်ခဲ့တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ဝက္ဘ္ဆိုက္မွာေတာ့ အဲဒီကုမၸဏီရဲ႕ လိပ္စာကို ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ ဆိပ္ကမ္းသာလမ္း (ကုန္သည္လမ္းႏွင့္မဟာဗႏၶဳလလမ္း ၾကား) အမွတ္ ၁၅ဝ ေျမညီထပ္လို႔ ေဖာ္ျပထားၿပီး ႏိုင္ငံသား စိစစ္ေရးကတ္ျပားအမွတ္ ၁၂/တမန (ႏိုင္) ၁၃၃၂၈၁ ကို ကိုင္ေဆာင္ထားတဲ့ ‘ေမာင္ေမာင္’ဟာ ကုမၸဏီရဲ႕ စီမံခန္႔ခြဲမႈဒါ႐ိုက္တာျဖစ္တယ္လို႔ ေဖာ္ျပ ထားပါတယ္။

အဲဒီ ဆိပ္ကမ္းသာလမ္းလိပ္စာမွာေတာ့ “Mya Thiri Trading Co Ltd” နဲ႔ “Money Changer” လို႔ ဆိုင္းဘုတ္ ႏွစ္ခုတင္ထားတဲ့ ဆိုင္ကို အခုအခ်ိန္အထိ ဖြင့္လွစ္ထားတာ ေတြ႕ရပါတယ္။ ေမာင္ေမာင္ရဲ႕ဇနီး ေဒၚဝင္းမာထြန္းကေတာ့ အဲဒီဆိုင္ကို သူတို႔မိသားစု ပိုင္တာ ဟုတ္တယ္လို႔ ေျပာပါတယ္။ ဆက္စပ္တရားခံမ်ားၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ျပည္ထဲေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ ဒီအမႈနဲ႔ပတ္သက္တဲ့ ေနာက္ထပ္ ကြင္းဆက္ တရားခံေတြကို ထပ္မံဖမ္းဆီးရမိေနသလို တရားခံေျပးေတြလည္း ရိွေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

 ဇြန္ ၁၉ ရက္ ေနာက္ဆုံး ထုတ္ျပန္ခ်က္အရ မေလးရွားမွာ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြကို ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ေန ခ်င္က်ားမူ(ခ) မက်ားေဝ(ခ) ႏွင္းဦးလြင္ ဆိုတဲ့ အမ်ိဳးသမီးက မေလးရွားမွာရွိတဲ့ ၎ရဲ႕ အမ်ိဳးသား အစ္ကိုႀကီး ေခၚ ကတုံးထံ “ၾကားခံလူ” ေတြနဲ႔ ပို႔ခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

 မူးယစ္ေဆး သယ္ယူေရးအတြက္ ျမန္မာႏိုင္ငံဘက္မွာ ေမာင္ေမာင္ ေခၚ ယာစင္က အဓိကပါဝင္ၿပီး၊ မေလးရွားဘက္မွာေတာ့ ပထမဇနီးရဲ႕ေမာင္ျဖစ္သူ ေဇယ်ာဟိန္းက သေဘၤာ ကြန္တိန္နာကို လက္ခံရယူခဲ့တယ္လို႔ ဆိုပါတယ္။ မူးယစ္ေဆးဝါးေတြကို တာခ်ီလိတ္ကေန လွည္းကူး ၿမိဳ႕နယ္ Nice Guy ေရသန္႔စက္႐ုံကို ပို႔တယ္၊ အဲဒီစက္႐ုံကမွတစ္ဆင့္ ေမာင္ေမာင္ ေခၚ ယာစင္ ပိုင္တဲ့ ပုဇြန္ေတာင္ ၿမိဳ႕နယ္က သိုေလွာင္႐ုံတစ္႐ုံကိုပို႔တယ္၊ ဦးမင္းႏိုင္ရဲ႕ Nice Guy Clearance Services Agency က အေကာက္ခြန္ကိစၥေတြလုပ္ေပးၿပီး U Kaung Trading ကုမၸဏီက သေဘၤာကိစၥ တာဝန္ယူခဲ့ တယ္လို႔ ျပည္ထဲေရး ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဦးမင္းႏိုုင္ကို ထိန္းသိမ္းႏိုင္ေရးအတြက္ ခ်ဳပ္ရမန္ ရယူရန္ ရန္ကုုန္၊ ဆိပ္ကမ္းျမိဳ႕နယ္ တရားရံုုးသို႔ ဇြန္ ၁၅ ရက္ေန႔က ေခၚေဆာင္လာစဥ္။

 

Nice Guy ေရသန္႔စက္႐ုံဟာ ဦးမင္းႏိုင္ရဲ႕ဇနီး ေဒၚသီတာမိုးနာမည္နဲ႔ လုပ္ကိုင္ေနတာျဖစ္ၿပီး ေဒၚသီတာမိုးဟာ ဦးေကာင္းထေရးဒင္းကုမၸဏီရဲ႕ ဒါ႐ိုက္တာအျဖစ္လည္း မွတ္ပုံတင္ထားပါတယ္။ ဦးမင္းႏိုင္နဲ႔ ေမာင္ေမာင္ ေခၚ ယာစင္တို႔ဟာ လြန္စြာရင္းႏွီးေၾကာင္း၊ သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈ အေၾကာင္းကို Myanmar Now ရဲ႕ သတင္းတစ္ပုဒ္ မွာ တင္ျပခဲ့ၿပီးပါၿပီ။

ဦးမင္းႏိုင္ကို ဇြန္လ ၂ ရက္ေန႔၊ ေမာင္ေမာင္ ေခၚ ဟာဂ်ီ ယာစင္ကို ဇြန္လ ၅ ရက္ေန႔၊ ေဇယ်ာဟိန္းကို ဇြန္လ ၉ ရက္ေန႔တို႔မွာ အသီးသီးဖမ္းဆီးရမိခဲ့ၿပီး ရန္ကုန္က ဆိပ္ကမ္းၿမိဳ႕နယ္တရား႐ုံးမွာ မၾကာေသးမီက ခ်ဳပ္ရမန္ ယူခဲ့ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ မေလးရွားမွာ မူးယစ္မႈနဲ႔ေထာင္က်ခဲ့ဖူးတဲ့ ထားဝယ္ႀကီး ေခၚ ေအာင္လြင္ကို ထားဝယ္ၿမိဳ႕မွာ ဖမ္းဆီးရမိတယ္လို႔ ထုတ္ျပန္ပါတယ္။

ေမာင္ေမာင္ ေခၚ ယာစင္ရဲ႕ မူးယစ္ေဆးဝါးအမႈ စြပ္စြဲခ်က္ေတြ၊ လူကုန္ကူးမႈစြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္က မေလးရွားသံ႐ုံးကိုေရာ၊ ကြာလာလမ္ပူက ျမန္မာသံ႐ုံးကိုပါ ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ပါတယ္။ ျမန္မာသံအမတ္ႀကီးက တယ္လီဖုန္းနဲ႔ဆိုရင္ မေျဖၾကားေပးႏိုင္ေၾကာင္း အေၾကာင္းျပန္ၿပီး မေလးရွား သံရံုးကေတာ့ သူတို႔သံအမတ္ႀကီး ေနရပ္ကို ခြင့္နဲ႔ခဏျပန္ေနတယ္လို႔ အေၾကာင္းျပန္ပါတယ္။

မေလးရွားရိွ ေမာင္ေမာင္၏ လုပ္ငန္းတစ္ခု (ဓာတ္ပံု - ေအာင္ရတနာစတိုး)စြပ္စဲြမႈမ်ားကို ျငင္းဆန္ေဒၚဝင္းမာထြန္းကေတာ့ ဒီ မူးယစ္ေဆးဝါးအမႈမွာ သူ႕ေယာက္်ား မပါဘူးလို႔ ဆိုပါတယ္။ ဒီမူးယစ္ေဆးေတြ ထည့္ထားတဲ့ လက္ဖက္ေျခာက္ထုပ္ေတြကို ကြန္တိန္နာ ထဲထည့္ၿပီး ရန္ကုန္ ျမန္မာ့ စက္မႈဆိပ္ကမ္း (Myanmar Industrial Port –MIP) ကေန တင္ပို႔ခဲ့တာဟာ ၿပီးခဲ့တဲ့ ဧၿပီလ သႀကၤန္ ကာလကျဖစ္ၿပီး သူတို႔လင္မယားဟာ အဲဒီအခ်ိန္မွာ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံ မကၠာကို ဘုရားဖူး ထြက္ေနတယ္လို႔ ေျပာပါတယ္။ ရဲရဲ႕စုံစမ္းစစ္ေဆးမႈေတြၿပီးတဲ့ေနာက္၊ တရား႐ုံးကို စြဲဆို တင္ပို႔တဲ့အခ်ိန္မွာ မီဒီယာေတြကို ေခၚၿပီး မူးယစ္ေဆးဝါးအမႈမွာ သူ႕ရဲ႕ခင္ပြန္း မပါေၾကာင္း အေသးစိတ္ ရွင္းျပမယ္လို႔ ေျပာပါတယ္။

“ေျပာစရာေတြ အမ်ားႀကီးရွိေပမယ့္ အစ္မက သတင္းေထာက္ေတြကို အခု ေျပာျပမယ္ဆိုရင္ အစ္မေယာက္်ားအေပၚ ပုံေနတဲ့အျပစ္ေတြ ထပ္ပုံက် သြားမွာစိုးတယ္” လို႔ ေဒၚဝင္းမာထြန္းက ေျပာပါတယ္။သူ႕ေယာက္်ားဟာ မေလးရွားရဲက ဖမ္းဆီးစစ္ေဆးတာကို ခံခဲ့ရဖူးေပမယ့္ နာမည္ထြက္ေနတဲ့ လူေမွာင္ခို ရာဇာ ‘ယာစင္’ မဟုတ္ဘူးလို႔ ျငင္းဆန္သြားပါတယ္။

လူကုန္ကူးတရားခံျဖစ္ခဲ့မယ္ဆိုရင္ မေလးရွားမွာရွိတဲ့ သူတို႔လုပ္ငန္းေတြကို ပိတ္သိမ္းခံလိုက္ရမွာေပါ့လို႔ ေျပာပါတယ္။“လူကုန္ကူးတာေတြမွာ ဘာမွမပါခဲ့ဖူးဘူး။ သူမ်ားေတြလူကုန္ကူးတာမွာ ရွယ္ယာပါတာမ်ိဳးလည္း မရွိဘူး။ ရခိုင္က ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာေတြကို အခမဲ့ကူညီေပးတာမ်ိဳးလည္းမရွိခဲ့ဘူး။

ပီနန္မွာရွိတဲ့ ႐ိုဟင္ဂ်ာ အသိုင္းအဝိုင္းနဲ႔လည္း မပတ္သက္ဘူး။ ႐ိုဟင္ဂ်ာစကားေတာ့ သူတတ္တယ္။ သူတို႔ အမ်ိဳးအရင္းေတြက ဘဂၤလားေဒ့ရွ္ ဘက္ကို ေျပးတာ။ မေလးဘက္ကို ေရာက္မလာဘူး။ တခ်ိဳ႕လည္း ေသကုန္တယ္”လို႔ ေဒၚဝင္းမာထြန္းက ေျပာပါတယ္။ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရေတာ့ မေလးရွားမွာ စံခ်ိန္တင္မူးယစ္ေဆးဝါးေတြဖမ္းမိတဲ့ ေမလ ၂၂ ရက္ ေနာက္ပိုင္း မေလးရွားအစိုးရက ျမန္မာႏိုင္ငံကလာတဲ့ ေဆးဝါးနဲ႔အစားအစာေတြကို တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနပါတယ္။

 ဒါ့ျပင္ ျမန္မာေတြအမ်ားစုရွိတဲ့ ကြာလာလမ္ပူက ဘလက္ေကာင္းၿမိဳ႕ သမာဂ်ာရာ ရပ္ကြက္မွာ ဖြင့္ထားတဲ့ ‘ေအာင္ရတနာ’နာမည္နဲ႔ စတိုးဆိုင္ကို ခ်ိပ္ပိတ္ထားၿပီး ဆိုင္ဝန္ထမ္းႏွစ္ေယာက္ကို ဖမ္းထားေၾကာင္း၊ အဲဒီ ဆိုင္ခန္းကိုငွားစားထားတဲ့ မေလးရွားႏိုင္ငံသား တ႐ုတ္လူမ်ိဳးကိုလည္း ေခၚစစ္ေဆး ေနေၾကာင္း မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ သတင္းရင္းျမစ္တစ္ခုက Myanmar Now ကို ဇြန္ ၂ဝ ရက္ေန႔မွာ ေျပာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs