• Local News
    ပါတီဖြစ်မြောက်ရေး ဆက်လုပ်မယ်လို့ ဦးကိုကိုကြီး ပြော
Wai Lin Kyaw
[Unicode Version]

35922680_978213482359698_7185423141668126720_o.jpg 

ကန့်ကွက်မှုများရှိနေသော်လည်း နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာတဲ့အထိနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားမယ်လို့ "ရှစ် လေးလုံး ပြည်သူ့ပါတီ"ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြောကြားချက်ကို ဒီနေ့ထုတ် 7Days သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ ပါတီဖြစ်မြောက်ရေးရုံး ဗဟိုရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ ပါတီအရေးနှင့်ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးမှ ပါတီဖြစ်မြောက်ရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး ရှစ်လေးလုံးကို နိုင်ငံတော်အဆင့် အသိအမှတ်ပြုမှု ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

''ကျနော်တို့ မဆလခေတ် တစ်ခေတ်ကိုလည်း ဖြတ်သန်းလာခဲ့ ပြီးပြီ။ ပြည်သူပိုင်ဆိုပြီး သိမ်းလိုက်တာပြီးတော့ သူပိုင်သလိုလို ကိုယ်ပိုင် သလိုလိုနဲ့ ပိုင်ရှင်မဲ့ ဖြစ်သွားတာပဲ။ အခုလည်း အဲလိုဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်က တစ်ဖက်ဆိုပေမယ့် ကျနော်တို့ ပါတီတစ်ရပ် ဖြစ်ပေါ်လာအောင် မဖြစ်မနေကြိုးစားသွားမယ်။ ရှစ်လေးလုံးကို နိုင်ငံတော်အဆင့် အသိအမှတ်ပြုမှု ဖြစ်စေချင်တာ ကျနော်တို့ ဆန္ဒပါ''လို့ ဦးကိုကိုကြီးက သူ့ရဲ့လူမှုကွနရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

36088266_978212859026427_6819109585765269504_o.jpg 

‘ရှစ်လေးလုံး ပြည်သူ့ပါတီ’ ပါတီအမည်၊ အလံနဲ့ အမှတ်တံဆိပ်တို့ကို ပြန်လည် ပြင်ဆင်ဖို့ ကန့်ကွက်မှုတွေက ခိုင်လုံနေတာကြောင့် ပါတီ အနေနဲ့ ဇူလိုင် ၁၃ ရက်မတိုင်မီ နာမည်၊ အလံနဲ့ အမှတ်တံဆိပ် အသစ်တွေ မတင်ပါက ပါတီထူထောင်ခွင့် အလိုအလျောက် ပျက်ပြယ်မယ်လို့ ကော် မရှင်က အကြောင်းကြားထားပါတယ်။

ပါတီအမည်၊ အလံနဲ့ တံ ဆိပ်အသစ်တို့ကို ရွေးချယ် အတည်ပြုဖို့ ‘ရှစ်လေးလုံးပြည် သူ့ပါတီ’ဖြစ်မြောက်ရေးကော် မတီ ဖွင့်လှစ်ဆောင်ရွက်နေတဲ့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင်မယ့် စုံညီအစည်းအဝေး (သို့ မဟုတ်) ညီလာခံ တစ်ရပ်ကို ဇူလိုင် ၈ ရက်မှာ မန္တလေးမြို့မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

 

ကန္႔ကြက္မႈမ်ားရွိေနေသာ္လည္း ႏုိင္ငံေရးပါတီတစ္ရပ္ ေပၚေပါက္လာတဲ့အထိနည္းလမ္းေပါင္းစံုနဲ႔ ေဆာင္ရြက္သြားမယ္လို႔ "ရွစ္ ေလးလံုး ျပည္သူ႔ပါတီ"ေခါင္းေဆာင္ ဦးကိုကိုႀကီးရဲ႕ ေျပာၾကားခ်က္ကုိ ဒီေန႔ထုတ္ 7Days သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ဇြန္လ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ရွိ ပါတီျဖစ္ေျမာက္ေရး႐ံုး ဗဟို႐ံုးခန္းမွာ ျပဳလုပ္ခဲ့တဲ့ ပါတီအေရးႏွင့္ပတ္သက္ၿပီး တိုင္းနဲ႔ျပည္နယ္ အသီးသီးမွ ပါတီျဖစ္ေျမာက္ေရး ကိုယ္စားလွယ္ေတြ ေတြ႕ဆံုေဆြးေႏြးပြဲမွာ အခုလုိေျပာၾကားခဲ့တာျဖစ္ၿပီး ရွစ္ေလးလံုးကို ႏိုင္ငံေတာ္အဆင့္ အသိအမွတ္ျပဳမႈ ျဖစ္ေစခ်င္တယ္လို႔ ဆိုပါတယ္။

''က်ေနာ္တို႔ မဆလေခတ္ တစ္ေခတ္ကိုလည္း ျဖတ္သန္းလာခဲ့ ၿပီးၿပီ။ ျပည္သူပိုင္ဆိုၿပီး သိမ္းလိုက္တာၿပီးေတာ့ သူပိုင္သလိုလို ကိုယ္ပိုင္ သလိုလိုနဲ႔ ပိုင္ရွင္မဲ့ ျဖစ္သြားတာပဲ။ အခုလည္း အဲလိုျဖစ္သြားမွာကို စိုးရိမ္တဲ့ စိတ္က တစ္ဖက္ဆိုေပမယ့္ က်ေနာ္တို႔ ပါတီတစ္ရပ္ ျဖစ္ေပၚလာေအာင္ မျဖစ္မေနႀကိဳးစားသြားမယ္။ ရွစ္ေလးလံုးကို ႏိုင္ငံေတာ္အဆင့္ အသိအမွတ္ျပဳမႈ ျဖစ္ေစခ်င္တာ က်ေနာ္တို႔ ဆႏၵပါ''လို႔ ဦးကုိကုိႀကီးက သူ႔ရဲ႕လူမႈကြနရက္စာမ်က္နွာမွာ ေရးသားထားပါတယ္။

 

‘ရွစ္ေလးလံုး ျပည္သူ႔ပါတီ’ ပါတီအမည္၊ အလံနဲ႔ အမွတ္တံဆိပ္တို႔ကို ျပန္လည္ ျပင္ဆင္ဖို႔ ကန္႔ကြက္မႈေတြက ခိုင္လံုေနတာေၾကာင့္ ပါတီ အေနနဲ႔ ဇူလိုင္ ၁၃ ရက္မတိုင္မီ နာမည္၊ အလံနဲ႔ အမွတ္တံဆိပ္ အသစ္ေတြ မတင္ပါက ပါတီထူေထာင္ခြင့္ အလိုအေလ်ာက္ ပ်က္ျပယ္မယ္လို႔ ေကာ္ မရွင္က အေၾကာင္းၾကားထားပါတယ္။

ပါတီအမည္၊ အလံနဲ႔ တံ ဆိပ္အသစ္တို႔ကို ေရြးခ်ယ္ အတည္ျပဳဖုိ႔ ‘ရွစ္ေလးလံုးျပည္ သူ႔ပါတီ’ျဖစ္ေျမာက္ေရးေကာ္ မတီ ဖြင့္လွစ္ေဆာင္ရြက္ေနတဲ့ တိုင္းႏွင့္ျပည္နယ္အသီးသီးမွ ကိုယ္စားလွယ္ ၁၀၀ ေက်ာ္ ပါဝင္မယ့္ စံုညီအစည္းအေဝး (သို႔ မဟုတ္) ညီလာခံ တစ္ရပ္ကို ဇူလိုင္ ၈ ရက္မွာ မႏၲေလးၿမိဳ႕မွာ ျပဳလုပ္ဖို႔ ဆံုးျဖတ္ထားတယ္လို႔ ဆိုပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs