• Local News
    ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို ပိတ်ပင်ထားတဲ့ အလုပ် ၁၂ မျိုးကို ထိုင်းအစိုးရ လုပ်ကိုင်ခွင့်ပြု
Aye Myat Mon
[Unicode Version]

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို ပိတ်ပင်ထားတဲ့ အလုပ် ၃၉ မျိုးထဲက ၁၂ မျိုးကို ထိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

အဲ့ဒီလိုဖြေလျော့ခွင့်ပေးလိုက်တဲ့ အလုပ် ၁၂ မျိုးက အထွေထွေလုပ်သား ၊ပန်းရံ၊အထည်ချုပ်၊လက်သမား၊ဆောက်လုပ်ရေး၊စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊သစ်ထုတ်လုပ်ရေး ၊မြေအိုးလုပ်ငန်း၊ ဓါးလုပ်ငန်း၊ မြို့ပြအင်ဂျင်နီယာ ၊စာရင်းအင်းဆိုင်ရာလုပ်ငန်းနဲ့ မွေ့ယာနဲ့ ပရိဘောဂလုပ်ငန်းတို့ဖြစ်ပါတယ်။

update-1-.jpg 

“ မြန်မာအပါအဝင်ကမ္ဘောဒီးယားတွေရောပေါ့။ အလုပ် ၃၉ မျိုးကနေ ၁၂ မျိုးကို လျော့ချလိုက်တာပေါ့။တချို့ဟာတွေက သူတို့မလုပ်နိုင်တဲ့ ဟာတွေလေ’’ လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသံမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံယဉ်ကျေးမှုဆိုင်ရာအလုပ်အကိုင် ကိုးမျိုးဖြစ်တဲ့ ဈေးအရောင်းအဝယ်၊ ပန်းပု၊ပန်းပွတ်၊ ဆံပင်အလှဆင်၊ကျောက်မျက်ရတနာအလှဆင်၊ ခရီးသွားလမ်းညွှန်၊ရိုးရာအနှိပ်လုပ်ငန်း၊ယာဉ်မောင်းနဲ့ ရှေးဟောင်းပစ္စည်းလုပ်ငန်းတွေမှာ ပြည်ပလုပ်သားတွေကို လုပ်ကိုင်ခွင့်တားမြစ်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားလေးသန်းကျော်ရှိပြီး အများစုက ရေလုပ်သား၊ ငါးပုစွန်စက်ရုံနဲ့ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေအနေနဲ့ ဇူလိုင်လတစ်ရက်ကနေ စတင်ပြီးတော့ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်တာကို စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေပေးဆောင်ရမယ့်အပြင် အမိနိုင်ငံကို ပြန်ပို့ခံရမယ်လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဇွန်လ တတိယပတ်ကတည်းက တရားမဝင်လုပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားေတြအပါအ၀င္ ႏုိင္ငံျခားသားလုပ္သားေတြကုိ ပိတ္ပင္ထားတဲ့ အလုပ္ ၃၉ မ်ိဳးထဲက ၁၂ မ်ိဳးကုိ ထိုင္းအစုိးရက လုပ္ကုိင္ခြင့္ျပဳခဲ့ပါတယ္။

အဲ့ဒီလုိေျဖေလ်ာ့ခြင့္ေပးလုိက္တဲ့ အလုပ္ ၁၂ မ်ိဳးက အေထြေထြလုပ္သား ၊ပန္းရံ၊အထည္ခ်ဳပ္၊လက္သမား၊ေဆာက္လုပ္ေရး၊စုိက္ပ်ဳိးေရးနဲ႕ ေမြးျမဴေရး၊သစ္ထုတ္လုပ္ေရး ၊ေျမအုိးလုပ္ငန္း၊ ဓါးလုပ္ငန္း၊ ၿမိဳ႕ျပအင္ဂ်င္နီယာ ၊စာရင္းအင္းဆုိင္ရာလုပ္ငန္းနဲ႔ ေမြ႕ယာနဲ႔ ပရိေဘာဂလုပ္ငန္းတုိ႔ျဖစ္ပါတယ္။

“ ျမန္မာအပါအ၀င္ကေမၻာဒီးယားေတြေရာေပါ့။ အလုပ္ ၃၉ မ်ဳိးကေန ၁၂ မ်ဳိးကုိ ေလ်ာ့ခ်လုိက္တာေပါ့။တခ်ိဳ႕ဟာေတြက သူတုိ႔မလုပ္ႏုိင္တဲ့ ဟာေတြေလ’’ လုိ႔ ထုိင္းႏုိင္ငံဆုိင္ရာျမန္မာသံရုံးသံမတ္ႀကီး ဦးမ်ဳိးျမင့္သန္းက ေျပာပါတယ္။

လက္ရွိမွာ ထုိင္းႏုိင္ငံယဥ္ေက်းမႈဆိုင္ရာအလုပ္အကုိင္ ကုိးမ်ိဳးျဖစ္တဲ့ ေစ်းအေရာင္းအ၀ယ္၊ ပန္းပု၊ပန္းပြတ္၊ ဆံပင္အလွဆင္၊ေက်ာက္မ်က္ရတနာအလွဆင္၊ ခရီးသြားလမ္းညႊန္၊ရိုးရာအနွိပ္လုပ္ငန္း၊ယာဥ္ေမာင္းနဲ႔ ေရွးေဟာင္းပစၥည္းလုပ္ငန္းေတြမွာ ျပည္ပလုပ္သားေတြကုိ လုပ္ကုိင္ခြင့္တားျမစ္ထားတယ္လုိ႔ သိရပါတယ္။

ထုိင္းႏုိင္ငံမွာ ျမန္မာေရႊ႔ေျပာင္းအလုပ္သမားေလးသန္းေက်ာ္ရွိၿပီး အမ်ားစုက ေရလုပ္သား၊ ငါးပုစြန္စက္ရုံနဲ႕ အထည္ခ်ဳပ္စက္ရုံေတြမွာ လုပ္ကုိင္ေနၾကတာျဖစ္ပါတယ္။

ထုိင္းႏုိင္ငံေရာက္ျမန္မာလုပ္သားေတြအေနနဲ႔ ဇူလုိင္လတစ္ရက္ကေန စတင္ၿပီးေတာ့ တရားမ၀င္ ေနထုိင္အလုပ္လုပ္ကိုင္တာကုိ စစ္ေဆးေတြ႔ရွိရင္ ဒဏ္ေငြေပးေဆာင္ရမယ့္အျပင္ အမိႏုိင္ငံကုိ ျပန္ပို႔ခံရမယ္လုိ႔ ထုိင္းႏုိင္ငံအလုပ္သမား၀န္ႀကီးဌာနက ဇြန္လ ၁၂ ရက္မွာ ထုတ္ျပန္ထားပါတယ္။

ထုိင္းအစုိးရအေနနဲ႔ ဇြန္လ တတိယပတ္ကတည္းက တရားမ၀င္လုပ္သားေတြကုိ ဖမ္းဆီးစစ္ေဆးေနတာျဖစ္တယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs