• Local News
    မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီး
Aye Myat Mon
[Unicode Version]

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲကို ဒီနေ့ ဇွန်လ ၂၆ ရက်မှာ လှိုင်သာယာမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 အခုမီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် (၇)ခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တဲ့ အမှုပေါင်း ၂၃၁၁ မှုမှ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

36223923_1960435250680429_8205540387717120000_n.jpg 

 “ ဒီထဲမှာ အများဆုံးမီးရှို့တာကတော့ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ သန်းကျော်၊ ဘိန်းစာမှုန့်အနေနဲ့ကတော့ ကီလိုတစ်ထောင်ကျော်၊ ဆေးခြောက်အနေနဲ့ ကီလို တစ်ထောင်ကျော် မီးရှို့ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သန်းပေါင်း ၈ သောင်း ကိုးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူးကြီး ရဲမှူးမြင့်ထွေးက ပြောပါတယ်။

35472191_1960435234013764_5786978676239237120_n.jpg 

ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၈၉၀ ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာလည်း ဇွန်လ ၂၆ ရက်နေ့မှာ တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

၃၁ ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆး၀ါး အလြဲသံုးမႈနဲ႔ တရားမ၀င္ ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ အေမရိကန္ေဒၚလာ ၆၆ ဒသမ ၃၅ သန္းေက်ာ္တန္ဖုိးရွိတဲ့ မူးယစ္ေဆး၀ါးေတြ မီးရိႈ႕ဖ်က္ဆီးပြဲကုိ ဒီေန႔ ဇြန္လ ၂၆ ရက္မွာ လိႈင္သာယာၿမိဳ႕နယ္ မွာ ျပဳလုပ္ခဲ့ပါတယ္။

 အခုမီးရိႈ႕ဖ်က္ဆီးခဲ့တဲ့ မူးယစ္ေဆး၀ါးေတြဟာ ရန္ကုန္တိုင္းအပါအ၀င္ တုိင္းနဲ႔ ျပည္နယ္ (၇)ခု၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔၊ အျမန္လမ္းရဲတပ္ဖြဲ႕ကေန ဖမ္းဆီးရမိခဲ့တဲ့ အမႈေပါင္း ၂၃၁၁ မႈမွ မူးယစ္ေဆး၀ါးေတြကုိ မီးရိႈ႕ဖ်က္ဆီးခဲ့တာျဖစ္ပါတယ္။

 

 “ ဒီထဲမွာ အမ်ားဆံုးမီးရိႈ႕တာကေတာ့ စိတ္ၾကြရူးသြပ္ေဆးျပား ၂၇ သန္းေက်ာ္၊ ဘိန္းစာမႈန္႔အေနနဲ႕ကေတာ့ ကီလုိတစ္ေထာင္ေက်ာ္၊ ေဆးေျခာက္အေနနဲ႔ ကီလုိ တစ္ေထာင္ေက်ာ္ မီးရိႈ႔ပါတယ္။ ျမန္မာေငြနဲ႔ဆုိရင္ သန္းေပါင္း ၈ ေသာင္း ကုိးေထာင္ေက်ာ္ တန္ဖုိးရွိတဲ့ မူးယစ္ေဆး၀ါးေတြကုိ မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္” လုိ႔ ရန္ကုန္တုိင္းရဲတပ္ဖဲြ႕မွ ယာယီရဲမွဴးႀကီး ရဲမွဴးျမင့္ေထြးက ေျပာပါတယ္။

 

ယခုႏွစ္ ဇန္န၀ါရီလ ၁ ရက္ကေန ဇြန္လ ၂၆ ရက္အထိ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆး၀ါး အမႈေပါင္း ၈၉၀ ေက်ာ္ရွိခဲ့တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ကေန သိရပါတယ္။ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕အျပင္ မႏၱေလးၿမိဳ႕နဲ႔ ေတာင္ႀကီးၿမိဳ႕တို႔မွာလည္း ဇြန္လ ၂၆ ရက္ေန႔မွာ တျပိဳင္နက္တည္း က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs