• Local News
    မူူးယစ်ဆေးဝါးတွေကို သတင်းပေးတိုင်ကြားနိုင်တဲ့ ဌာနတစ်ခုဖွင့်ထား တယ်လို့ သမ္မတပြော
Aye Myat Mon
[Unicode Version]

မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေအတွက် တိုက်ဖျက်နိုင်ဖို့ အထူးသတင်းပေးနိုင်တဲ့ တိုင်ကြားလို့ရမယ့် ဌာနတစ်ခုကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတယ်လို့ နိုင်ငံတော်သမ္မတက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော် MICC _2 မှာပြုလုပ်တဲ့အခမ်းအနားမှာ သမ္မတက ကြေငြာလိုက်တာဖြစ်ပြီးတော့ အဲ့ဒီအခမ်းအနားကိုလည်း ဒုတိယသမ္မတ အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

36223923_1960435250680429_8205540387717120000_n.jpg 

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲကို ဒီနေ့ ဇွန်လ ၂၆ ရက်မှာ လှိုင်သာယာမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 အခုမီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် (၇)ခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တဲ့ အမှုပေါင်း ၂၃၁၁ မှုမှ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၈၉၀ ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာလည်း ဇွန်လ ၂၆ ရက်နေ့မှာ တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံမွာျဖစ္ပ်က္ေနတဲ့ မူးယစ္ေဆး၀ါးကိစၥေတြအတြက္ တုိက္ဖ်က္ႏုိင္ဖုိ႔ အထူးသတင္းေပးႏုိင္တဲ့ တုိင္ၾကားလုိ႔ရမယ့္ ဌာနတစ္ခုကုိ သမၼတရုံးမွာ ဖြင့္လွစ္ထားတယ္လုိ႔ နုိင္ငံေတာ္သမၼတက အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈနဲ႔ တရားမ၀င္ေရာင္း၀ယ္တုိက္ဖ်က္ေရးေန႔ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

ေနျပည္ေတာ္ MICC _2 မွာျပဳလုပ္တဲ့အခမ္းအနားမွာ သမၼတက ေၾကျငာလုိက္တာျဖစ္ၿပီးေတာ့ အဲ့ဒီအခမ္းအနားကုိလည္း ဒုတိယသမၼတ အျပင္ ျပည္ထဲေရး၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြနဲ႔ ၀န္ႀကီးဌာနေတြက ၀န္ႀကီးေတြ တက္ေရာက္ခဲ့ၾကပါတယ္။

 

၃၁ ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆး၀ါး အလြဲသံုးမႈနဲ႔ တရားမ၀င္ ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ အေမရိကန္ေဒၚလာ ၆၆ ဒသမ ၃၅ သန္းေက်ာ္တန္ဖုိးရွိတဲ့ မူးယစ္ေဆး၀ါးေတြ မီးရိႈ႕ဖ်က္ဆီးပြဲကုိ ဒီေန႔ ဇြန္လ ၂၆ ရက္မွာ လိႈင္သာယာၿမိဳ႕နယ္ မွာ ျပဳလုပ္ခဲ့ပါတယ္။

 အခုမီးရိႈ႕ဖ်က္ဆီးခဲ့တဲ့ မူးယစ္ေဆး၀ါးေတြဟာ ရန္ကုန္တိုင္းအပါအ၀င္ တုိင္းနဲ႔ ျပည္နယ္ (၇)ခု၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔၊ အျမန္လမ္းရဲတပ္ဖြဲ႕ကေန ဖမ္းဆီးရမိခဲ့တဲ့ အမႈေပါင္း ၂၃၁၁ မႈမွ မူးယစ္ေဆး၀ါးေတြကုိ မီးရိႈ႕ဖ်က္ဆီးခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္ ဇန္န၀ါရီလ ၁ ရက္ကေန ဇြန္လ ၂၆ ရက္အထိ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆး၀ါး အမႈေပါင္း ၈၉၀ ေက်ာ္ရွိခဲ့တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ကေန သိရပါတယ္။ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕အျပင္ မႏၱေလးၿမိဳ႕နဲ႔ ေတာင္ႀကီးၿမိဳ႕တို႔မွာလည္း ဇြန္လ ၂၆ ရက္ေန႔မွာ တျပိဳင္နက္တည္း က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs