• Local News
    အာဇာနည်နေ့ မှာ ရန်ကုန်မြို့က နေရာတချို့မှာ ယာဉ်သွားလာမှုလမ်းကြောင်းပိတ်ထားမယ်
Aye Myat Mon
[Unicode Version]

ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ အခမ်းအနားကျင်းပတဲ့ နေရာအနီးတစ်ဝိုက်မှာ ယာဉ်လမ်းကြောင်း ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

36561496_1972147369509217_7520092671319212032_n.jpg 

အနောက်ရွှေဂုံတိုင်လမ်းဆုံရာကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနဲ့ဆုံရာအထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ ဘုရားအရှေ့မုခ်စောင်းတန်းအထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တတ်ရောက်ရာ အုတ်လှေကားလမ်းနဲ့ ကျောက်ဆည်ဓမ္မာရုံ ဘေးလမ်းကြားတွေကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ဆို့ထားမှာဖြစ်ပါတယ်။ အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ မနက် ၈ နာရီကနေ စတင်ကျင်းပမှာ ဖြစ်တာကြောင့် ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီကနေ ဇူလိုင် ၁၉ ရက်နေ့ ညနေ ၆ နာရီအတွင်း ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 အခမ်းအနားတတ်ရောက်မယ့် ဧည့်သည်တွေအနေနဲ့ ရွှေတိဂုံတောင်ဘက်မုခ်ကနေ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်က တစ်ဆင့် ရွှေတိဂုံမြောက်ဘက်က အာဇာနည်ဗိမာန် ဝင်ပေါက် ၂ ကနေ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ် ၃ ကနေ ပြန်လည် ထွက်ခွာရမှာဖြစ်ပါတယ်။

အများပြည်သူ ဝင်ရောက်ဂါရဝပြုနိုင်ဖို့ အာဇာနည်ဗိမာန်ကို ဇူလိုင် ၁၉ ရက် နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပြီး လာရောက်မယ့် ပြည်သူတွေအနေနဲ့ အနောက်ရွှေဂုံတိုင်လမ်းနဲ့ အာဇာနည်လမ်းဆုံရှိ ဂိတ် ၁ ကနေ ဝင်ရောက်ပြီး ဂိတ် ၂ ကတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက် မုခ်စောင်းတန်းကို ထွက်ခွာရမှာ ဖြစ်ပါတယ်။ အာဇာနည်ဗိမာန်၊ဝန်ကြီးများရုံး၊ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ဝင်ရောက်ဂါရဝပြုကြသူတွေအနေနဲ့ ပန်းခွေ/ပန်းစည်း၊ လက်ကိုင်အိတ်၊လက်ကိုင်ဖုန်း၊ကင်မရာ၊ဗီနိုင်း၊ပုလင်း/ဘူး၊ အလံ၊ အလံကိုင်ရာမှာ အသုံးပြုတဲ့ တုတ်၊သံ၊ပိုက်/ကော်ပိုက်နဲ့ လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကိုယူဆောင်ခွင့်မရှိဘူးလို့ အာဇာနည်နေ့အခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ ထုတ်ပြန်ထားပါတယ်။

[Zawgyi Version]

ဇူလုိင္ ၁၉ ရက္မွာ က်ေရာက္မယ့္ ၇၁ ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ အခမ္းအနားက်င္းပတဲ့ ေနရာအနီးတစ္၀ုိက္မွာ ယာဥ္လမ္းေၾကာင္း ပိတ္ဆုိ႔ထားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

 

အေနာက္ေရႊဂံုတိုင္လမ္းဆံုရာကေန အေနာက္ေရႊဂံုတိုင္လမ္းအတုိင္း လင့္လမ္းနဲ႔ဆံုရာအထိ၊ အေနာက္ေရႊဂံုတုိင္လမ္းမွ အာဇာနည္လမ္းအတုိင္း ေရႊတိဂံု ဘုရားအေရွ႕မုခ္ေစာင္းတန္းအထိ၊ အေနာက္ေရႊဂံုတိုင္လမ္းမွ အာဇာနည္ဗိမာန္သုိ႔ တတ္ေရာက္ရာ အုတ္ေလွကားလမ္းနဲ႔ ေက်ာက္ဆည္ဓမၼာရုံ ေဘးလမ္းၾကားေတြကုိ ျဖတ္သန္းသြားလာမႈ ယာယီပိတ္ဆုိ႔ထားမွာျဖစ္ပါတယ္။ အာဇာနည္ေန႔အခမ္းအနားကုိ ရန္ကုန္ၿမိဳ႕ အာဇာနည္ဗိမာန္မွာ မနက္ ၈ နာရီကေန စတင္က်င္းပမွာ ျဖစ္တာေၾကာင့္ ဇူလုိင္ ၁၈ ရက္ ညေန ၆ နာရီကေန ဇူလုိင္ ၁၉ ရက္ေန႔ ညေန ၆ နာရီအတြင္း ပိတ္ဆုိ႔ထားမွာ ျဖစ္္တယ္လုိ႔ သိရပါတယ္။

 အခမ္းအနားတတ္ေရာက္မယ့္ ဧည့္သည္ေတြအေနနဲ႔ ေရႊတိဂုံေတာင္ဘက္မုခ္ကေန အာဇာနည္လမ္းအတုိင္း ေရႊတိဂံုအေရွ႕ဘက္မုခ္က တစ္ဆင့္ ေရႊတိဂံုေျမာက္ဘက္က အာဇာနည္ဗိမာန္ ၀င္ေပါက္ ၂ ကေန ၀င္ေရာက္ၿပီး အေနာက္ေရႊဂုံတုိင္လမ္းသုိ႔ ဂိတ္ ၃ ကေန ျပန္လည္ ထြက္ခြာရမွာျဖစ္ပါတယ္။

အမ်ားျပည္သူ ၀င္ေရာက္ဂါရ၀ျပဳႏုိင္ဖုိ႔ အာဇာနည္ဗိမာန္ကုိ ဇူလုိင္ ၁၉ ရက္ ေန႔လယ္ ၁၂ နာရီကေန ညေန ၅ နာရီအထိ ဖြင့္လွစ္ေပးထားမွာ ျဖစ္ၿပီး လာေရာက္မယ့္ ျပည္သူေတြအေနနဲ႔ အေနာက္ေရႊဂံုတုိင္လမ္းနဲ႔ အာဇာနည္လမ္းဆံုရွိ ဂိတ္ ၁ ကေန ၀င္ေရာက္ၿပီး ဂိတ္ ၂ ကတစ္ဆင့္ အာဇာနည္လမ္းအတုိင္း ေရႊတိဂံု အေရွ႕ဘက္ မုခ္ေစာင္းတန္းကုိ ထြက္ခြာရမွာ ျဖစ္ပါတယ္။ အာဇာနည္ဗိမာန္၊၀န္ႀကီးမ်ားရုံး၊ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ကုိ ၀င္ေရာက္ဂါရ၀ျပဳၾကသူေတြအေနနဲ႔ ပန္းေခြ/ပန္းစည္း၊ လက္ကုိင္အိတ္၊လက္ကုိင္ဖုန္း၊ကင္မရာ၊ဗီႏုိင္း၊ပုလင္း/ဘူး၊ အလံ၊ အလံကုိင္ရာမွာ အသံုးျပဳတဲ့ တုတ္၊သံ၊ပိုက္/ေကာ္ပိုက္နဲ႔ လံုျခံဳေရးကုိထိခုိက္ေစႏိုင္တဲ့ ပစၥည္းေတြကုိယူေဆာင္ခြင့္မရွိဘူးလုိ႔ အာဇာနည္ေန႔အခမ္းအနား လံုျခံဳေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီကေန ထုတ္ျပန္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs