• Local News
    ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေ ဖမ်းဆီးနေမှုကြောင့် မြန်မာလုပ်သား ကိုးသောင်းကျော် နေရပ်ကို ပြန်
Aye Myat Mon
[Unicode Version]

ထိုင်းနိုင်ငံအစိုးရအနေနဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇူလိုင်လ ၁ ရက်က စတင်ဖမ်းဆီးနေတာကြောင့် တရားမဝင် မြန်မာလုပ်သား ကိုးသောင်းကျော်လောက် နေရပ်ကို ပြန်လည်ဝင်ရောက်လာတယ်လို့ သိရပါတယ်။

 

thai 1.jpg 

တရားမဝင်မြန်မာလုပ်သားတွေဟာ နယ်စပ်ဂိတ်ပေါက်တွေက တစ်ဆင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိမှာ မြဝတီ ဂိတ်ပေါက်မှာ အလုပ်သမားတွေကို ပြန်လည်ကြိုဆိုရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးထားတယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က 7 Day Daily နေ့စဉ်သတင်းစာကို ပြောပါတယ်။

 ‘‘လက်ရှိတော့ ထိုင်းကနေ ပြန်လာတာ စုုစုပေါင်း ကြိုဆို လက်ခံရေးစခန်းက ပြန်လာတာ ရှိတယ်။ ဒီအတိုင်းပြန်လာတာ ရှိ တယ်။ ကိုးသောင်းကျော်တော့ ရှိသွားပြီ’’ လို့ ပြောပါတယ်။

 အလုပ်သမားပြန်လည်ကြိုဆိုရေးစခန်းတွေကို တာချီလိတ်နဲ့ ကော့သောင်းမြို့တွေမှာ ထပ်မံဖွင့်လှစ်ဖို့ ညှိနှိုင်းထားပြီး တရားမဝင် မြန်မာ အလုပ်သမားများကို ဖမ်းမိရင် အရေးမယူဘဲ နယ်စပ်ဂိတ်တွေက တစ်ဆင့် တရားဝင်ပြန်လည် လွှဲပြောင်းပေးဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ဦးရေ နှစ်သန်းခန့်ရှိပြီး ယခုနှစ် ဇွန်လကုန်အထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်မြန်မာလုပ်သားဦးရေ ရှစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေကို ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ဖို့နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ရင် ဖမ်းဆီးအရေးယူမှာ ဖြစ်ကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။

Photo - Ministry Of Home Affairs,Myanmar

[Zawgyi Version]

ထုိင္းႏုိ္င္ငံအစုိးရအေနနဲ႔ တရားမ၀င္ ႏိုင္ငံျခားသား အလုပ္သမားေတြကုိ ဇူလိုင္လ ၁ ရက္က စတင္ဖမ္းဆီးေနတာေၾကာင့္ တရားမ၀င္ ျမန္မာလုပ္သား ကုိးေသာင္းေက်ာ္ေလာက္ ေနရပ္ကုိ ျပန္လည္၀င္ေရာက္လာတယ္လို႔ သိရပါတယ္။

 

 

တရားမ၀င္ျမန္မာလုပ္သားေတြဟာ နယ္စပ္ဂိတ္ေပါက္ေတြက တစ္ဆင့္ ျပန္လည္၀င္ေရာက္လာျခင္းျဖစ္ၿပီး လက္ရွိမွာ ျမ၀တီ ဂိတ္ေပါက္မွာ အလုပ္သမားေတြကုိ ျပန္လည္ႀကိဳဆုိေရးစခန္း ဖြင့္လွစ္ေဆာင္ရြက္ေပးထားတယ္လုိ႔ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းရွိန္က 7 Day Daily ေန႔စဥ္သတင္းစာကုိ ေျပာပါတယ္။

 ‘‘လက္ရွိေတာ့ ထုိင္းကေန ျပန္လာတာ စုုစုေပါင္း ႀကိဳဆုိ လက္ခံေရးစခန္းက ျပန္လာတာ ရွိတယ္။ ဒီအတုိင္းျပန္လာတာ ရွိ တယ္။ ကိုးေသာင္းေက်ာ္ေတာ့ ရွိသြားၿပီ’’ လုိ႔ ေျပာပါတယ္။

 အလုပ္သမားျပန္လည္ႀကိဳဆုိေရးစခန္းေတြကုိ တာခ်ီလိတ္နဲ႔ ေကာ့ေသာင္းၿမိဳ႕ေတြမွာ ထပ္မံဖြင့္လွစ္ဖုိ႔ ညွိႏႈိင္းထားၿပီး တရားမ၀င္ ျမန္မာ အလုပ္သမားမ်ားကို ဖမ္းမိရင္ အေရးမယူဘဲ နယ္စပ္ဂိတ္ေတြက တစ္ဆင့္ တရား၀င္ျပန္လည္ လႊဲေျပာင္းေပးဖုိ႔ကုိလည္း ႏွစ္ႏုိင္ငံ သေဘာတူညီထားတယ္လုိ႔ ဆုိပါတယ္။

ထုိင္းႏုိ္င္ငံမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သား ဦးေရ ႏွစ္သန္းခန္႔ရွိၿပီး ယခုႏွစ္ ဇြန္လကုန္အထိ ထုိင္းႏုိင္ငံမွာ မွတ္ပံုတင္ထားတဲ့ တရား၀င္ျမန္မာလုပ္သားဦးေရ ရွစ္သိန္းခန္႔ရွိတယ္လုိ႔ သိရပါတယ္။ ထုိင္းႏုိ္င္ငံအစုိးရက ႏုိင္ငံျခားသားအလုပ္သမားေတြကုိ ဇြန္လ ၃၀ ရက္အထိ မွတ္ပံုတင္ဖုိ႔နဲ႔ သတ္မွတ္ရက္ထက္ ေက်ာ္လြန္ရင္ ဖမ္းဆီးအေရးယူမွာ ျဖစ္ေၾကာင္း ေၾကညာထားခဲ့တာျဖစ္ပါတယ္။

Photo - Ministry Of Home Affairs,Myanmar


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs