• Local News
    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UMFCCI တို့ပူးပေါင်းပြီး အဂတိလိုက်စားမှု ဆန့်ကျင်မည်
Aye Myat Mon
[Unicode Version]

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ UMFCCI တို့ပူးပေါင်းပြီး အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် ကို ဇူလိုင် ၂ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

နှစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကျင့်ဝတ်ပြည့်ဝတဲ့ စီးပွားရေးလုပ်ငန်း အလေ့အကျင့်တွေ ဖွံ့ဖြိုးလာစေဖို့နဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေးတွေကို ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

36564982_1973915102665777_8274787217717592064_n.jpg 

 "ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ အဂတိလိုက်စားမှုကို နားလည်ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံမှာ စီးပွားရေး မြင်ကွင်းကောင်း တစ်ခုပေါ်ထွက်လာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံချင်သူတွေ အကျိုးတူပူးပေါင်း ဆောင်ရွက်ကြမှာပါ။ " လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ UMFCCI အသင်းဝင်ကုမ္ပဏီတွေကို စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကို ရေးဆွဲ လိုက်နာစေဖို့၊ အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဖို့နဲ့ စွမ်းရည်မြှင့်အစီအစဉ်တွေ လုပ်ဆောင်ဖို့၊ လုပ်ငန်းကုမ္ပဏီ၊ ပုဂ္ဂလိက အသင်းအဖွ့ဲတွေအကြား အဂတိလိုက်စားမှုဆန့်ကျင်ခြင်းဆိုင်ရာ သတင်းအချက်အလက်နဲ့ အလေ့အကျင့်ကောင်းတွေ ဝေမျှရန် ကွန်ရက်တွေတည်ဆောက်ဖို့၊ United Nations Global Compact Network Myanmar နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ UMFCCI က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က” ကုန်သည်စက်မှု အသင်းချုပ်ကြီးက ကျွန်တော်တို့ နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်း ပူးတွဲကြေညာချက်ကို စောစီးစွာ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထူးခြားလေးနက် ဂုဏ်သိက္ခာရှိမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်" လို့ ဆိုပါတယ်။

 အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ ပညာပေးရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်၊ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး ကျင့်ဝတ်ရေးဆွဲရေး ၊ မဖြစ်ပွားအောင် တားဆီးကာကွယ်တဲ့ နည်းလမ်းတွေနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေကို ဆန်းစစ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

[Zawgyi Version]

အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္နဲ႔ UMFCCI တုိ႔ပူးေပါင္းၿပီး အဂတိလိုက္စားမႈ ဆန္႔က်င္ျခင္း ပူးတြဲေၾကညာခ်က္ ကုိ ဇူလိုင္ ၂ ရက္က လက္မွတ္ေရးထုိးလုိက္ပါတယ္။

ႏွစ္ဖက္ အဖြဲ႔အစည္းေတြအေနနဲ႔ က်င့္ဝတ္ျပည့္ဝတဲ့ စီးပြားေရးလုပ္ငန္း အေလ့အက်င့္ေတြ ဖြံ႕ျဖိဳးလာေစဖုိ႔နဲ႔ အဂတိလိုက္စားမႈ ဆန္႔က်င္ေရးေတြကုိ ပူးေပါင္း ေဆာင္ရြက္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

 

 "ျပည္တြင္းက စီးပြားေရးလုပ္ငန္းေတြဟာ အဂတိလိုက္စားမႈကို နားလည္ေရွာင္ၾကဥ္ၾကဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း ႏိုင္ငံမွာ စီးပြားေရး ျမင္ကြင္းေကာင္း တစ္ခုေပၚထြက္လာၿပီး ႏုိင္ငံတကာရင္းႏွီးျမႇဳပ္ႏွံခ်င္သူေတြ အက်ိဳးတူပူးေပါင္း ေဆာင္ရြက္ၾကမွာပါ။ " လုိ႔ ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းအသင္းခ်ဳပ္ (UMFCCI) ဥကၠ႒ ဦးေဇာ္မင္း၀င္းကေျပာပါတယ္။

ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြနဲ႔ UMFCCI အသင္း၀င္ကုမၸဏီေတြကုိ စီးပြားေရးလုပ္ငန္းဆုိင္ရာ က်င့္၀တ္စည္းမ်ဥ္း (Code of Conduct) ကုိ ေရးဆြဲ လုိက္နာေစဖုိ႔၊ အဂတိလိုက္စားမႈဆုိင္ရာ အသိပညာေပးဖုိ႔နဲ႔ စြမ္းရည္ျမွင့္အစီအစဥ္ေတြ လုပ္ေဆာင္ဖုိ႔၊ လုပ္ငန္းကုမၸဏီ၊ ပုဂၢလိက အသင္းအဖြ႔ဲေတြအၾကား အဂတိလိုက္စားမႈဆန္႔က်င္ျခင္းဆုိင္ရာ သတင္းအခ်က္အလက္နဲ႔ အေလ့အက်င့္ေကာင္းေတြ ေ၀မွ်ရန္ ကြန္ရက္ေတြတည္ေဆာက္ဖုိ႔၊ United Nations Global Compact Network Myanmar နဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ငန္းေတြကို ပူးေပါင္းေဆာင္ရြက္မယ္လို႔ UMFCCI က ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ ဥကၠဌ ဦးေအာင္ၾကည္က” ကုန္သည္စက္မႈ အသင္းခ်ဳပ္ႀကီးက ကၽြန္ေတာ္တို႔ နဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ျခင္း ပူးတြဲေၾကညာခ်က္ကို ေစာစီးစြာ လက္မွတ္ေရးထိုး ထုတ္ျပန္ျခင္းဟာ ျမန္မာႏိုင္ငံရဲ႕ သမိုင္းေၾကာင္းမွာ ထူးျခားေလးနက္ ဂုဏ္သိကၡာရိွမွာ ျဖစ္ေၾကာင္း တင္ျပလိုပါတယ္" လို႔ ဆုိပါတယ္။

 အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္အေနနဲ႔ ကိုယ္က်င့္သိကၡာျမွင့္တင္ေရး၊ ပညာေပးေရးကို ဦးစားေပးလုပ္ေဆာင္ေနၿပီး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္၊ အဂတိ လိုက္စားမႈ ဆန္႔က်င္ေရး က်င့္၀တ္ေရးဆြဲေရး ၊ မျဖစ္ပြားေအာင္ တားဆီးကာကြယ္တဲ့ နည္းလမ္းေတြႏွင့္ အဂတိလိုက္စားမႈ ျဖစ္ႏိုင္ေျခကို ဆန္းစစ္တဲ့ လုပ္ငန္းေတြ ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs