• Local News
    မိုးဆက်တိုက်ရွာသွန်းရင် မြို့နယ်အချို့မှာ ငါးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်
Aye Myat Mon
[Unicode Version]

မိုးဆက်တိုက်ရွာသွန်းရင်  မြို့နယ် အချို့မှာ ငါးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက နေသိရပါတယ်။

36511079_1974102265980394_2094970139433762816_n.jpg 

ဧရာဝတီမြစ်အနေနဲ့ လက်ရှိမှာ ရွှေကူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ဖို့ ၃ ပေ အလို၊ ချင်းတွင်းမြစ်မှာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ကို လာမယ့် ၃ ရက်ကနေ ငါးရက်အတွင်းရောက်ရှိနိုင်ကာ ငဝန်မြစ်အနေနဲ့ ငါးသိုင်းချောင်းနဲ့ သာပေါင်းတို့မှာ စိုးရိမ်ရေမှတ်ကို ၃ ပေ အလိုမှာ ရှိနေတယ်လို့ မိုးဇလ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ ဒီနောက်ပိုင်းမှာ မိုးက ဆက်လိုက်နေသေးတယ်။ ရွှေကူမှာဆိုရင်နောက် သုံးလေးရက်လောက်နေရင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့အနေအထားရှိတယ်။ ကသာဆိုရင်လည်း ငါးပေ ပတ်ဝန်းကျင်လောက်မှာရှိတယ်။ အဓိကကတော့ မိုးဆက်ကောင်းနေရင် စိုးရိမ်ရေမှတ်ကို လေးငါးရက်အတွင်း ရောက်နိုင်တယ်။” လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ်ကို ရောက်ရှိပြီဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ပြီး အချို့နေရာတွေမှာဆိုရင် စိုးရိမ်ရေမှတ်မရောက်သေးပေမယ့် အနီးအနားမြို့တွေရဲ့ ကျေးရွာတွေမှာ ရေစတင်ဝင်ရောက်နေတဲ့ အနေအထားရှိနေပြီလို့လည်းသိရပါတယ်။

မြစ်ကမ်းပါးအနီးနေထိုင်သူတွေအနေနဲ့ အလွယ်တကူရှောင်ရှားလို့ရနိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး ရေတွေဝင်ရောက်လာရင် ရေတွေကို တခြားတစ်နေရာကို လွှဲပြောင်းပေးနိုင်အောင်၊ နေထိုင်တဲ့မြို့မှာရှိတဲ့ တာတမံတွေမှာ ရေဘေးကာကွယ်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ မိုးဇလ က သတိပေးထားပါတယ်။

ဇူလိုင်နှင့် သြဂုတ်သည် ဒုတိ ယရေကြီးကာလဖြစ်ပြီး ဇူလိုင်လလယ်ကစတင်ကာ မြန်မာနိုင်ငံဒေသ အများစု ပုံမှန်ထက် မိုးကောင်းလာ နိုင်တာကြောင့် ရေကြီးနစ်မြုပ်မှု ကြိုတင်သတိပြုဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

[Zawgyi Version]

မုိးဆက္တုိက္ရြာသြန္းရင္  ၿမိဳ႕နယ္ အခ်ိဳ႕မွာ ငါးရက္အတြင္း စုိးရိမ္ေရမွတ္္ကုိ ေရာက္ရွိႏိုင္တယ္လို႔ မုိးေလ၀သႏွင့္ ဇလေဗဒညြန္ၾကားမႈ ဦးစီးဌာနက ေနသိရပါတယ္။

 

ဧရာ၀တီျမစ္အေနနဲ႕ လက္ရွိမွာ ေရႊကူၿမိဳ႕မွာ စုိးရိမ္ေရမွတ္ကုိ ေရာက္ဖုိ႔ ၃ ေပ အလုိ၊ ခ်င္းတြင္းျမစ္မွာ ဟုမၼလင္းၿမိဳ႕မွာ စိုးရိမ္ေရမွတ္ကုိ လာမယ့္ ၃ ရက္ကေန ငါးရက္အတြင္းေရာက္ရွိႏိုင္ကာ င၀န္ျမစ္အေနနဲ႔ ငါးသုိင္းေခ်ာင္းနဲ႔ သာေပါင္းတုိ႔မွာ စုိးရိမ္ေရမွတ္ကုိ ၃ ေပ အလုိမွာ ရွိေနတယ္လုိ႔ မုိးဇလ ဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မုိးဦးက ေျပာပါတယ္။

“ ဒီေနာက္ပုိင္းမွာ မုိးက ဆက္လိုက္ေနေသးတယ္။ ေရႊကူမွာဆုိရင္ေနာက္ သံုးေလးရက္ေလာက္ေနရင္ စိုးရိမ္ေရမွတ္ကုိ ေရာက္ႏုိင္တဲ့အေနအထားရွိတယ္။ ကသာဆုိရင္လည္း ငါးေပ ပတ္၀န္းက်င္ေလာက္မွာရွိတယ္။ အဓိကကေတာ့ မုိးဆက္ေကာင္းေနရင္ စုိးရိမ္ေရမွတ္ကုိ ေလးငါးရက္အတြင္း ေရာက္ႏို္င္တယ္။” လုိ႔ ဆုိပါတယ္။

စုိးရိမ္ေရမွတ္ကုိ ေရာက္ရွိၿပီဆုိရင္ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားႏုိင္ၿပီး အခ်ိဳ႕ေနရာေတြမွာဆုိရင္ စိုးရိမ္ေရမွတ္မေရာက္ေသးေပမယ့္ အနီးအနားၿမိဳ႕ေတြရဲ႕ ေက်းရြာေတြမွာ ေရစတင္၀င္ေရာက္ေနတဲ့ အေနအထားရွိေနၿပီလုိ႔လည္းသိရပါတယ္။

ျမစ္ကမ္းပါးအနီးေနထုိင္သူေတြအေနနဲ႔ အလြယ္တကူေရွာင္ရွားလုိ႔ရႏုိင္ေအာင္ ႀကိဳတင္ျပင္ဆင္ထားသင့္ၿပီး ေရေတြ၀င္ေရာက္လာရင္ ေရေတြကုိ တျခားတစ္ေနရာကို လႊဲေျပာင္းေပးႏုိင္ေအာင္၊ ေနထုိင္တဲ့ၿမိဳ႕မွာရွိတဲ့ တာတမံေတြမွာ ေရေဘးကာကြယ္မႈေတြ ေဆာင္ရြက္ထားသင့္တယ္လုိ႔ မုိးဇလ က သတိေပးထားပါတယ္။

ဇူလိုင္ႏွင့္ ၾသဂုတ္သည္ ဒုတိ ယေရႀကီးကာလျဖစ္ၿပီး ဇူလိုင္လလယ္ကစတင္ကာ ျမန္မာႏိုင္ငံေဒသ အမ်ားစု ပံုမွန္ထက္ မိုးေကာင္းလာ ႏိုင္တာေၾကာင့္ ေရႀကီးနစ္ျမဳပ္မႈ ႀကိဳတင္သတိျပဳဖို႔ မုိးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးထားပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs