• Local News
    ကမ္ဘာ့ဘဏ်ဒုတိယဥက္ကဌ မြန်မာနိုင်ငံကို လာရောက်မယ်
Aye Myat Mon
[Unicode Version]

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှိနဲ့ပစိဖိတ်ဒေသဒုတိယဥက္ကဌ ဗစ်တိုးရီးယားကွာကွာက ဇူလိုင်လ ၈ ရက်နေ့က နေ ၁၀ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

523.jpg 

ခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ ဖွံ့ဖြိုးရေးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပြင်  အခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘင်္ဏတို့အကြားပူုးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးသွားမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွင်းက ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတဖြစ်ရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ ပံ့ပိုးကူညီသွားဖို့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေမှာ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီသွားမှာဖြစ်ပြီးတော့ အဓိကရုဏ်းနယ်မြေတွေမှာ ပိုပြီးအာရုံစိုက်ကူညီသွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထောက်ပံ့ပေးဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံထောက်ပံ့ဖို့ ကတိပြုထားတာဖြစ်ပြီးတော့ ပညာရေး၊ ပြည်သူ့ကျန်းမာရေး ၊ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး စတဲ့နယ်ပယ်တွေမှာ အဓိက ထားပြီး ရင်းနှီးမြှုပ်နှံဖို့ အတွက်ဖြစ်တယ်ုလိ့ သိရပါတယ်။

[Zawgyi Version]


 






ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs