• Local News
    နိုင်ငံတကာအဆင့်မီ မှတ်တိုင်တစ်ခု မြန်မာပလာဇာရှေ့မှာ ပထမဆုံးဖွင့်လှစ်
Aye Myat Mon
[Unicode Version]

ဘတ်စ်ကားရောက်ရှိချိန်ကို ဖော်ပြတဲ့ LED Screen တွေ၊ ဖုန်းနဲ့ ကွန်ပျူတာ အားသွင်းပေါက်တွေ ပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ရန်ကုန်မြို့ မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်အနီးမှာ ပထဆုံးဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

 

36611041_1975690182488269_1514752562056658944_n.jpg 

 အဆိုပါ ကားမှတ်တိုင်ကို FMIDecaux ကုမ္ပဏီကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တွေကို အဆင့်မြှင့်တင်တဲ့စီမံကိန်းကနေ ရန်ကုန်မြို့ရှိ အချက်အခြာကျတဲ့နေရာတွေမှာ ကားမှတ်တိုင် ၅၀၀ ကို ၃ နှစ်အတွင်း တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကားမှတ်တိုင်တွေမှာ ကြော်ငြာစာမျက်နှာ နှင့် ရန်ကုန်မြို့ သတင်းအချက်အလက်ပါတဲ့ ဆိုင်းဘုတ် ၊ အမှိုက်ပုံးများနှင့် သောက်ရေ၊ သုံးရေအတွက် ရေစင်တွေထားရှိမှာ ဖြစ်ပြီး မှတ်တိုင်သန့်ရှင်းရေးအတွက် ဝန်ထမ်း ၂ ဦး တာဝန်ချထားမယ်လို့ သိရပါတယ်။

 

36723843_1975690199154934_2378617931509530624_n.jpg 

ကားမှတ်တိုင်တစ်ခု အဆင့်မြှင်တင်ဖို့ အမေရိကန်ဒေါ်လာ ၂၆၀၀၀ (ငွေကျပ် သိန်း ၃၅၀) ကျော်ကုန်ကျပြီး စိန့်ဂွျှန်း၊YUFL၊ မာလာမှတ်တိုင်တွေမှာ တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

 ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၇ ဇန်နဝါရီ ၃ ရက်မှာ တင်ဒါခေါ်ယူပြီး ၂၀၁၈ ဇန်နဝါရီ ၂၀ ရက်မှာ FMIDecaux ကို လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

ဘတ္စ္ကားေရာက္ရွိခ်ိန္ကုိ ေဖာ္ျပတဲ့ LED Screen ေတြ၊ ဖုန္းနဲ႔ ကြန္ပ်ဴတာ အားသြင္းေပါက္ေတြ ပါ၀င္တဲ့ ႏုိင္ငံတကာအဆင့္မီ ဘတ္စ္ကားမွတ္တိုင္တစ္ခုကုိ ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာေရွ႕ လမ္းနီမွတ္တုိင္အနီးမွာ ပထဆံုးဖြင့္လွစ္လုိက္ၿပီျဖစ္ပါတယ္။

 

 အဆိုပါ ကားမွတ္တုိင္ကုိ FMIDecaux ကုမၸဏီကဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ ကားမွတ္တုိင္ေတြကုိ အဆင့္ျမွင့္တင္တဲ့စီမံကိန္းကေန ရန္ကုန္ၿမိဳ႕ရွိ အခ်က္အျခာက်တဲ့ေနရာေတြမွာ ကားမွတ္တုိင္ ၅၀၀ ကုိ ၃ ႏွစ္အတြင္း တည္ေဆာက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ကားမွတ္တုိင္ေတြမွာ ေၾကာ္ျငာစာမ်က္ႏွာ ႏွင့္ ရန္ကုန္ၿမိဳ႕ သတင္းအခ်က္အလက္ပါတဲ့ ဆုိင္းဘုတ္ ၊ အမိႈက္ပံုးမ်ားႏွင့္ ေသာက္ေရ၊ သံုးေရအတြက္ ေရစင္ေတြထားရွိမွာ ျဖစ္ၿပီး မွတ္တုိင္သန္႔ရွင္းေရးအတြက္ ၀န္ထမ္း ၂ ဦး တာ၀န္ခ်ထားမယ္လို႔ သိရပါတယ္။

 

ကားမွတ္တိုင္တစ္ခု အဆင့္ျမွင္တင္ဖုိ႔ အေမရိကန္ေဒၚလာ ၂၆၀၀၀ (ေငြက်ပ္ သိန္း ၃၅၀) ေက်ာ္ကုန္က်ၿပီး စိန္႔ဂႊ်န္း၊YUFL၊ မာလာမွတ္တိုင္ေတြမွာ တည္ေဆာက္ဖုိ႔ ျပင္ဆင္ေနၿပီလုိ႔ သိရပါတယ္။

 ရန္ကုန္ၿမိဳ႕ ဘတ္စ္ကားမွတ္တုိင္ ၅၀၀ အဆင့္ျမွင့္တင္ျခင္းစီမံကိန္းအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ၂၀၁၇ ဇန္နဝါရီ ၃ ရက္မွာ တင္ဒါေခၚယူၿပီး ၂၀၁၈ ဇန္နဝါရီ ၂၀ ရက္မွာ FMIDecaux ကုိ လုပ္ကိုင္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs