ကြည့်မြင်တိုင်မြို့မှာ ပျောက်ဆုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို လေးရက်ကြာပြီးအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
ဓါတ်ပုံ- Internet
ကြည့်မြင်တိုင်က အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ နှစ်ဦး ပျောက်ဆုံးနေတာဟာဆိုရင် ဇူလိုင်လ ၆ ရက်မှာ လေးရက်ကြာမြင့်နေပြီဖြစ်ပြီးတော့ မိသားစုဝင်တွေက အပူတပြင်းရှာဖွေနေကြတာလည်းဖြစ်ပါတယ်။
‘ ၂ ရက်နေ့ကတည်းကစာရေးပြီးထွက်သွားတာပဲ။ အလုပ်သွားလုပ်မယ်ဆိုတဲ့ပုံစံပေါ့။အဲ့လိုရေးပြီး တော့အဆက်အသွယ်လုံးဝမရတော့တာ။ ကြည့်မြင်တိုင်၊မှော်ဘီနဲ့ ပဲခူးမှာလည်း တိုင်ချက်ဖွင့်ထားပါတယ်။’ လို့ ပျောက်ဆုံးနေတဲ့ မမြသက်ကေခိုင်ရဲ့ အကိုဖြစ်သူက ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ်ကျောင်းသူနှစ်ဦးက မ မြသက်ကေခိုင်နဲ့ မြသော်သော်ဟန်ဖြစ်ပြီးအတန်းဖော်နှစ်ဦးဖြစ်ကြပါတယ်။
သူတို့နှစ်ယောက်က ကျူရှင်သွားမယ်ပြောပြီးပျောက်သွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့မှာ မမြသက်ကေခိုင်က အိမ်ကို ဖုန်းဆက်ခဲ့သလို ထောက်ကြန့်မှာလာခေါ်ဖို့ ဖုန်းဆက်ခဲ့တယ်လို့ဆိုပါတယ်။ မိဘတွေအနေနဲ့ လူမှုကွန်ယက်မှာ အပြင်းအထန်ရှာဖွေနေကြပြီးတော့ မြို့နယ် သုံးမြို့နယ်က ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့ရှိပါက ၀၉-၂၆၂၇၇၀၁၈၈ နဲ့ ၀၉-၇၉၄၂၃၂၃၂၃ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
ၾကည့္ျမင္တုိင္ၿမိဳ႕မွာ ေပ်ာက္ဆုံးေနတဲ့ အသက္ ၁၄ နွစ္အရြယ္ ေက်ာင္းသူနွစ္ဦးကုိ ေလးရက္ၾကာၿပီးအထိ ရွာမေတြ႔ေသးဘူးလို႔ သိရပါတယ္။
ဓါတ္ပုံ- Internet
ၾကည့္ျမင္တုိင္က အသက္ ၁၄ နွစ္အရြယ္ န၀မတန္းေက်ာင္းသူ နွစ္ဦး ေပ်ာက္ဆုံးေနတာဟာဆုိရင္ ဇူလုိင္လ ၆ ရက္မွာ ေလးရက္ၾကာျမင့္ေနၿပီျဖစ္ၿပီးေတာ့ မိသားစု၀င္ေတြက အပူတျပင္းရွာေဖြေနၾကတာလည္းျဖစ္ပါတယ္။
‘ ၂ ရက္ေန႔ကတည္းကစာေရးၿပီးထြက္သြားတာပဲ။ အလုပ္သြားလုပ္မယ္ဆုိတဲ့ပုံစံေပါ့။အဲ့လုိေရးၿပီး ေတာ့အဆက္အသြယ္လုံး၀မရေတာ့တာ။ ၾကည့္ျမင္တုိင္၊ေမွာ္ဘီနဲ႔ ပဲခူးမွာလည္း တုိင္ခ်က္ဖြင့္ထားပါတယ္။’ လို႔ ေပ်ာက္ဆုံးေနတဲ့ မျမသက္ေကခိုင္ရဲ႕ အကုိျဖစ္သူက ေျပာပါတယ္။
အသက္ ၁၄ နွစ္အရြယ္ေက်ာင္းသူနွစ္ဦးက မ ျမသက္ေကခုိင္နဲ႔ ျမေသာ္ေသာ္ဟန္ျဖစ္ၿပီးအတန္းေဖာ္နွစ္ဦးျဖစ္ၾကပါတယ္။
သူတုိ႔နွစ္ေယာက္က က်ဴရွင္သြားမယ္ေျပာၿပီးေပ်ာက္သြားတာျဖစ္တယ္လုိ႔ မိသားစု၀င္ေတြက ေျပာပါတယ္။
ဇူလုိင္လ ၃ ရက္ေန႔မွာ မျမသက္ေကခုိင္က အိမ္ကုိ ဖုန္းဆက္ခဲ့သလုိ ေထာက္ၾကန္႔မွာလာေခၚဖုိ႔ ဖုန္းဆက္ခဲ့တယ္လုိ႔ဆုိပါတယ္။ မိဘေတြအေနန႔ဲ လူမႈကြန္ယက္မွာ အျပင္းအထန္ရွာေဖြေနၾကၿပီးေတာ့ ၿမိဳ႕နယ္ သုံးၿမိဳ႕နယ္က ရဲစခန္းေတြမွာအမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။
ေပ်ာက္ဆုံးေနတဲ့ မိန္းကေလးနွစ္ေယာက္ကုိ ေတြ႔ရွိပါက ၀၉-၂၆၂၇၇၀၁၈၈ နဲ႔ ၀၉-၇၉၄၂၃၂၃၂၃ ကို ဆက္သြယ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.