• Local News
    ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် ထပ်တိုး
Mi Thawdar Aung
[Unicode Version]

ယခုပညာသင်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်ထပ်တိုးသင်ကြားမှာဖြစ်ပြီး တတ်ရောက်လိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအမှတ် ၄၂၀ ရှိရမှာဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစတင်ပြီး ရန်ကုန်တက္ကသိုလ်မှာငါးလုပ်ငန်းဆိုင်ရာသာသာရပ်အသစ် ထပ်တိုးသင်ကြားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

yu 2.jpg 

တတ်ရောက်လိုတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအမှတ် ၄၂၀ ရှိရမှာဖြစ်ပြီး ဇီဝဗေဒရမှတ် အနိမ့်ဆုံး ၂၅ မှတ်နဲ့ အင်္ဂလိပ်စာရမှတ် အနိမ်ဆုံး ၆၅ မှတ်ရရှိရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ ၄ နှစ်တတ်ရမှာဖြစ်ပြီး ချီးမြှင့်မယ့် ဘွဲ့အနေနဲ့ B.Sc (Fisheries and Aquaculture) ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာအနေနဲ့ ရေသတ္တဝါမွေးမြူရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲရေးဆိုင်ရာ သိပ္ပံပညာ၊ လက်တွေ့သင်ကြားမှုတွေပါဝင်တဲ့ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် (Fisheries and Aquaculture) ကို ရေးဆွဲထားတာဖြစ်ပါတယ်။

 

yu 1.jpg 

ခေတ်မှီဓာတ်ခွဲခန်း၊လက်တွေ့ငါးမွေးမြူရေးစခန်း၊ ရေနဲ့ အောက်ဆီဂျင်ဖလှယ်တဲ့ စနစ်နဲ့ မွေးမြူတဲ့ကန်စနစ်စတဲ့သင်ကြားရေးအထောက်အကူတွေအဖြစ် လက်တွေ့နဲ့ ဓာတ်ခွဲခန်းအတွေ့အကြုံတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

တတိယနှစ် ကျောင်းသားကျောင်းသူတွေအနေနဲ့ ငါး၊ပုဇွန် မွေးမြူရေးကန်တွေ၊ဓာတ်ခွဲခန်းတွေ၊ ငါးအစာစက်ရုံ၊ ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံ၊ ငါးအသားဖောက်စခန်းတွေမှာ အလုပ်သင်ကာလ (၁) လ ဝင်ရောက်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုနှစ်ကစတင်ပြီး  ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်ပေါင်း ၁၁ တို့ကို တိုက်ရိုက်လျှောက်ထားခွင့်ပြုထားပြီး သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဝင်ခွင့် (ရေးဖြေ၊နှုတ်ဖြေ) စနစ်ကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။

[Zawgyi Version]

ယခုပညာသင္ႏွစ္ကစၿပီး ရန္ကုန္တကၠသုိလ္မွာ ငါးလုပ္ငန္းဆုိင္ရာဘာသာရပ္ထပ္တုိးသင္ၾကားမွာျဖစ္ၿပီး တတ္ေရာက္လုိသူေတြအေနနဲ႔ တကၠသုိလ္၀င္တန္းအမွတ္ ၄၂၀ ရွိရမွာျဖစ္ပါတယ္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ကစတင္ၿပီး ရန္ကုန္တကၠသိုလ္မွာငါးလုပ္ငန္းဆုိင္ရာသာသာရပ္အသစ္ ထပ္တုိးသင္ၾကားေတာ့မွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

 

တတ္ေရာက္လိုတဲ့ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ တကၠသိုလ္၀င္တန္းအမွတ္ ၄၂၀ ရွိရမွာျဖစ္ၿပီး ဇီ၀ေဗဒရမွတ္ အနိမ့္ဆံုး ၂၅ မွတ္နဲ႔ အဂၤလိပ္စာရမွတ္ အနိမ္ဆံုး ၆၅ မွတ္ရရွိရမွာ ျဖစ္ပါတယ္။

သင္တန္းကာလ ၄ ႏွစ္တတ္ရမွာျဖစ္ၿပီး ခ်ီးျမွင့္မယ့္ ဘြဲ႕အေနနဲ႔ B.Sc (Fisheries and Aquaculture) ဘြဲ႕ရရွိမွာ ျဖစ္ပါတယ္။

ရန္ကုန္တကၠသုိလ္ သတၱေဗဒဌာအေနနဲ႔ ေရသတၱ၀ါေမြးျမဴေရးႏွင့္ ငါးလုပ္ငန္းစီမံခန္႔ခြဲေရးဆုိင္ရာ သိပံၸပညာ၊ လက္ေတြ႔သင္ၾကားမႈေတြပါ၀င္တဲ့ ငါးလုပ္ငန္းဆုိင္ရာ ဘာသာရပ္ (Fisheries and Aquaculture) ကုိ ေရးဆြဲထားတာျဖစ္ပါတယ္။

 

ေခတ္မွီဓာတ္ခြဲခန္း၊လက္ေတြ႕ငါးေမြးျမဴေရးစခန္း၊ ေရနဲ႔ ေအာက္ဆီဂ်င္ဖလွယ္တဲ့ စနစ္နဲ႔ ေမြးျမဴတဲ့ကန္စနစ္စတဲ့သင္ၾကားေရးအေထာက္အကူေတြအျဖစ္ လက္ေတြ႔နဲ႔ ဓာတ္ခြဲခန္းအေတြ႔အၾကံဳေတြကုိ သင္ၾကားေပးမွာျဖစ္တယ္လုိ႔ သိရပါတယ္။

တတိယႏွစ္ ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ ငါး၊ပုဇြန္ ေမြးျမဴေရးကန္ေတြ၊ဓာတ္ခြဲခန္းေတြ၊ ငါးအစာစက္ရုံ၊ ငါးတန္ဖုိးျမွင့္ထုတ္ကုန္စက္ရုံ၊ ငါးအသားေဖာက္စခန္းေတြမွာ အလုပ္သင္ကာလ (၁) လ ၀င္ေရာက္လုပ္ကုိင္ရမွာ ျဖစ္တယ္လုိ႔သိရပါတယ္။

ယခုႏွစ္ကစတင္ၿပီး  ရန္ကုန္တကၠသိုလ္အပါအ၀င္ တကၠသုိလ္ေပါင္း ၁၁ တုိ႔ကုိ တုိက္ရုိက္ေလွ်ာက္ထားခြင့္ျပဳထားၿပီး သက္ဆုိင္ရာတကၠသိုလ္ေတြမွာ ၀င္ခြင့္ (ေရးေျဖ၊ႏႈတ္ေျဖ) စနစ္ကုိ က်င့္သံုးသြားမွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs